by Wadi/ MPA
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံးဒဏ်ကြောင့် PDF များ သေဆုံးဆိုသည့် သတင်းအမှား စက်တင်ဘာ ၁ ရက်၌ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန် နယ်များတွင် ပျံ့နှံ့ခဲ့သည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁ ရက် ၊ ည ၇ နာရီ ၄၂ မိနစ်တွင် “သပိတ်ကျင်းနယ်၊ ဇရပ်ကွင်းရွာ PDF ကို ညသန်းခေါင်ဗုံးကြဲတိုက်ခိုက်သေဆုံးကြဟု သိရ ၊ မန္တလေးတိုင်း၊ သပိတ်ကျင်း မြို့ နယ်၊ ဇရပ်ကွင်းရွာပေါ်ကို ဩဂုတ် ၃၀ ရက်နေ့ ည သန်းခေါင်ယံအချိန်မှာ ဇရပ်ကွင်းသစ်တောရုံးနားနဲ့ ဈေး ထိပ်ကုန်စုံဆိုင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ မန္တလေး-မိုကုတ်လမ်းပေါ်မှ ရွှေတောသုံးကုန်မာပစ္စည်းတွေ ရွေဆိုင်တွေ စားသောက်ဆိုင်တွေနဲ့ ပဒက်ကြိုဆိုကြတဲ့ရွာဖြစ်ပါတယ်”ဟု ( မူရင်းရေးသားချက်အတိုင်း) ဗုံး ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အဦးဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ဝေခဲ့ရာ စက်တင်ဘာ ၂ ရက်၊ ညနေ ၆ နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၂၅,၆၀၀ ကျော်၊ Reaction ပြုလုပ်သူ ၁၈၀ ကျော် နှင့် မှတ် ချက်ရေးသားသူ ၁၀ ဦး ရှိသည်။
မူရင်း သတင်းအမှားရေးတင်ထားသောလင့်ခ် >>> https://archive.ph/ODxd7
အဆိုပါသတင်းအမှားကို “Kyaw Swar, Ye’Ba Nyein, Snow Queen” တယ်လီဂရမ်ချန်နယ်များအပြင် အခြားတယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။ Kyaw Swar တယ်လီ ဂရမ်ချန်နယ်တွင် “ ပဒက်များအခြေပြုနေထိုင်သော ရွာဖြစ်ပါသည်။ နောက်ထပ်လည်း ပဒက်ရှိတဲ့နေရာ တွေ လာအုံးမည်” ဟု ဖြန့်ဝေရေးသားထားသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Kyaw Swar – https://archive.ph/AttWo
Ye’ Ba Nyein – https://archive.ph/csvdl
Snow Queen – https://archive.ph/wzNuS
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင်ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search အသုံးပြု၍ ရှာဖွေရာ Mandalay Free Press-MFP၌ ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီမှု ရှိနေသည်။
စက်တင်ဘာ ၁ ရက် Mandalay Free Press-MFP တွင် “ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က တော် လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ဇရပ်ကွင်းရွာကို ဩဂုတ်လ(၃၀)ရက် ညသန်းခေါင်မှာ စစ်အုပ်စုက အ ကြောင်းမဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူ သုံးဦး သေဆုံးကာ နေအိမ်နဲ့ ဈေးဆိုင်တချို့ ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်” ဟု ရေးသားထားပြီး ဗုံးဒဏ်ကြောင့် ပျက်စီးသွား သော ဇရပ်ကွင်းရွာရှိ အဆောက်အဦးဓာတ်ပုံများနှင့် ပူးတွဲဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/wigtT
Google တွင် “ဇရပ်ကွင်းရွာ ဗုံးကြဲတိုက်ခိုက်ခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “RFA” သတင်းမီ ဒီယာ၌ သတင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ၊ ဇရပ်ကွင်းရွာကို ဩဂုတ် ၃၁ ရက် နံနက် အစောပိုင်း၌ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဇရပ်ကွင်းရွာ သစ်တောရုံး အနီးသို့ ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၈၀ အရွယ် အဖိုးအိုတစ်ဦး၊ အသက် ၂၀ ကျော်အရွယ် အမျိုးသား နှစ်ဦး ဗုံးစထိမှန်ကာ သေဆုံးခဲ့ကြောင်း၊ အမျိုးသားတစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ နေအိမ်သုံးလုံးခန့် ပျက်စီးသွားကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် – https://shorturl.at/K9Una
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ဇရပ်ကွင်းရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ သုံးဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ဇရပ်ကွင်းတပ်စခန်းကို PDF များက တိုက်ခိုက်သိမ်း ပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်မှုများရှိကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သတင်းမီဒီယာများ၌ ရေးသားဖော်ပြထား သည်။
ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အချက် မှန်ကန်ပြီး ထိခိုက်သေဆုံးသူ အရပ်သား ပြည်သူများကို PDF များဟူ၍ ဖော်ပြထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “တောင်တန်းမြိုင်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ PDF များ သေ ဆုံး” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် ဩဂုတ် ၂ ရက်နေ့ ညနေ ၆ နာရီအထိ စစ်ဆေးတွေ့ ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်ပါသည်။
စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာ နေရာပေါ်သို့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရရှိသူများကို PDF များဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက အမည်တပ် ဖော်ပြလေ့ရှိသည်။ ယခင်က MPAတွင် သတင်းအချက်အလက်စစ်ဆေးထားသော သတင်းလင့်ခ် – https://shorturl.at/O8PLX
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှု့သင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။