By Haythar / MPA
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါးမြှာကြီးကျေးရွာ သဖန်းသာစာသင်ကျောင်းကို သြဂုတ် ၂၇ ရက်တွင် စစ် ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးမှုအား PDF ၂၀ ကျော် သေဆုံး ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှားဖြန့်ဝေထားသည်။
Subscriber ၁၈၀,၀၀၀ ကျော်ရှိသည့် Kyaw Swar တယ်လီဂရမ်ချန်နယ်က Google Map အသုံးပြု၍ ငါန်းမြာကြီးရွာ မြေပုံကို Screenshot ရိုက်ထားသော ဓာတ်ပုံများဖြင့် “ငါန်းဇွန်မြိုနယ် ငါန်းမြာကျေးရွာ သဖန်းသာ စာသင်ကျောင်းတွင် သင်တန်းဖွင့်နေသော မြောင်မြိုနယ် အခြေစိုက် CDSOM မြောင် အဖွဲ အင်အား ၁၅၀ ခန့်အား ၂၀၂၄ သြ ၂၇ ၁၃ ၁၀ ချိန်ခန့်တွင် လေယာဥ် ဖြင့်တိုက်ခိုက်ခဲ့ရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့” ဟု (မူရင်းရေးသားချက်အတိုင်း) သြဂုတ် ၂၈ ရက်တွင် ရေးသားဖြန့်ဝေခဲ့ခြင်းဖြစ် သည်။
Kyaw Swar တယ်လီဂရမ်ချန်နယ်၏ ရေးသားဖြန့်ဝေမှုအား ဩဂုတ် ၂၈ရက် ည ၇နာရီအထိ ကြည့်ရှုသူ ၃၇၀၀၀ ကျော်၊ Like and react ပေးသူ ၇၀၀ ကျော်နှင့် မှတ်ချက်ပေးသူ ၁၆၀ ကျော်ရှိသည်။
သတင်းအမှားလင့်ခ်များ
Kyaw Swar – https://archive.ph/19P9x
Captain Ko Thet – https://archive.ph/yVym1
ပုလဲမြေ – https://archive.ph/1wCxJ
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော် ထုတ်နိုင်သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသည့် အထက်ပါအကြောင်းအရာ မှန် မမှန် သိရှိနိုင်ရန် Google တွင် “ငါန်းဇွန်မြို့” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ MPA, Myanmar Now, Mizzima သတင်းမီဒီယာများ က ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် ငါန်းမြှာကြီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်ရာ စာသင်ကျောင်းနှင့် ဘေးအိမ်ကို ထိမှန်ခဲ့သဖြင့် အသက် ၆၀ ကျော် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာရခဲ့ကြောင်း ရေးသားဖော်ကြထားကြသည်။
သတင်းမီဒီယာ လင်ခ့်များ
MPA – https://shorturl.at/Yx6Pk
Myanmar Now – https://shorturl.at/ZrVtT
Mizzima – https://shorturl.at/NCYgc
Kyaw Swar တယ်လီဂရမ်ချန်နယ်က ဖော်ပြထားသည့် Google Mapအသုံးပြု၍ ငါန်းဇွန်ကျေးရွာ မြေပုံ အား စစ်ဆေးရာ ငါန်းမြှာကြီးကျေးရွာ စာသင်ကျောင်းမြေပုံ မှန်ကန်ကြောင်းတွေ့ရသည်။
သုံးသပ်ချက်
ငါန်းဇွန်မြို့နယ် ငါန်းမြှာကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်မှုဖြစ်စဉ် မှန်ကန်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူသက်ကြီးရွယ်အိုနှစ်ဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းအချက်လက်များအား အဆင့်ဆင့်အတည်ပြုစိစစ်ရေးသားနေသည့် သတင်းမီဒီယာများတွင် ရေး သားထားသည်။
ထို့ကြောင့် ငါန်းမြှာကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် PDF ၂၀ ကျော် သေဆုံး၍ ၃၀ ကျော် ထိခိုက်ဒဏ်ရာရဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ဖြန့်ဝေထားသော အကြောင်း အရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
ဆိုရှယ်မီဒီယာများတွင် သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPAက အချက်အ လက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Signal ဖုန်းနံပါတ် +66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်သည်။