By Wadi / MPA
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ကျော်မိုး သည် ၂၀၁၇ ခုနှစ်က ဓာတ်ပုံအဟောင်းကို ဖြတ်တောက်ပြုပြင်၍ ဩဂုတ် ၂၀ရက်တွင် ဖြန့်ဝေထားသည်။
ဖေ့ဘွတ်ခ်တွင် Blue Mark ရရှိထားသော ဦးအောင်ကျော်မိုးသည် ၄◌င်း၏ ဖေ့ဘွတ်ခ်အကောင့်တွင် ဩဂုတ် ၂၀ရက် နံနက် ၈နာရီ ၄၉မိနစ်၌ “……. မောင်တောမြို့ခံတွေနဲ့ နာမကျန်းတဲ့လူမမာတွေ မိသားစုဝင် စီးနင်းလိုက်ပါလာတဲ့ စက်လှေ နတ်မြစ်ထဲ တိမ်းမှောက်ပြီး လူ(၃၀)ကျော် သေဆုံးရတယ်လို့ ကြားသိရတဲ့ အပေါ် ဝမ်းနည်းပူပန်မှုတွေ ဖြစ်ရတယ်……” ဟူ၍ ရေးသားဖော်ပြထားသည်။
အဆိုပါ အကြောင်းအရာကို ဩဂုတ် ၂၀ရက် ည ၈နာရီအထိ Like and react ပြုလုပ်သူ ၅၃၀ကျော်၊ မှတ်ချက်ရေးသားသူ ၃၆၀ကျော်နှင့် ပြန်လည်မျှဝေသူ ၈၀ကျော်ရှိသည်။
ဓာတ်ပုံအဟောင်းကို ဖြတ်တောက်ပြုပြင်ထားသောလင့်ခ် – https://archive.ph/7UAKO
ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး ဖေ့ဘွတ်ခ်တွင် တင်ထားသော ဓာတ်ပုံ၊ သတင်းအကြောင်းအရာနှင့် ပတ် သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA ကသတင်းအချက်အလက် စစ် ဆေးခဲ့ရာ ဓာတ်ပုံအဟောင်းကို အသုံးပြု၍ ဖြတ်တောက်ပြုပြင်ထားခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ် နိုင်ခဲ့သည်။
သက်သေပြစိစစ်ချက်
Google တွင် “နတ်မြစ် စက်လှေမှောက်မှု” ဆိုသည့် စာသား Keyword ဖြင့် ရှာဖွေရာ “VOA/ Narinjara (နရဉ္စရာ)/RFA/ BBC” စသည့် သတင်းမီဒီယာများတွင် သတင်းရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာများတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကြားရှိ နတ်မြစ်အတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို တင်ဆောင်ထားသော စက်လှေနှစ်စီး တိမ်းမှောက်ခဲ့သဖြင့် ရိုဟင်ဂျာ ၃၀ကျော်သေ ဆုံးခဲ့ကြောင်း ဖော်ပြထားကြသည်။
VOA – https://shorturl.at/bWRvu
Narinjara (နရဉ္စရာ) – https://shorturl.at/SREvL
RFA – https://shorturl.at/menU2
BBC – https://shorturl.at/vB0oR
သတင်းမီဒီယာများတွင် ဖော်ပြထားသော ဓာတ်ပုံများသည် ဦးအောင်ကျော်မိုး ဖေ့ဘွတ်ခ်၌ တင်ထားသော ဓာတ်ပုံနှင့် တူညီမှုမရှိပေ။
MPA ၏ သတင်းအချက်အလက်စစ်ဆေးသူများက အဆိုပါ ဓာတ်ပုံနှင့် ပတ်သက်၍ ဆက်လက်ရှာဖွေရာ Arakan Bay News-ABN သတင်းမီဒီယာက ဒုတိယဝန်ကြီးဦးအောင်ကျော်မိုး ဓာတ်ပုံအတု ဖြန့်ဝေထား ကြောင်း ရေးသားထားသော သတင်းကို တွေ့ရှိခဲ့သည်။
Arakan Bay News – ABN တွင် ဒုဝန်ကြီး ဦးအောင်ကျော်မိုးဖေ့ဘွတ်ခ်တွင် သုံးထားသော ဓာတ်ပုံသည် ဇွန် ၂၈ ရက်၊ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပါဒလိတ်ဆိပ်ကမ်းမှ ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ဇီးကိုင်းကျေးရွာဘက်သို့ သွားသော ခရီးသည်တင်စက်လှေတစ်စင်း တိမ်းမှောက်သောသတင်း အား The Myawady Daily က တင်ထားသည့် ဓာတ်ပုံအား Crop ဖြတ်တောက်ထားခြင်းဖြစ်ကြောင်း ရေး သားဖော်ပြထားသည်။
ထို့အပြင် ဓာတ်ပုံအတုဖြင့် သတင်းတင်ထားခြင်းဖြစ်ကြောင်း လူအများက ထောက်ပြမှု ရှိနေသော်လည်း သတင်း၊ ဓာတ်ပုံအား ဖြုတ်ချခြင်း၊ ပြုပြင်ခြင်း မရှိကြောင်း Arakan Bay News-ABN က ရေးသား ထား သည်။
ABN တွင် သတင်းရေးထားသောလင့်ခ် – https://archive.ph/OreUC
ဒုတိယဝန်ကြီးဦးအောင်ကျော်မိုး ဖေ့ဘွတ်ခ်အကောင်တွင် တင်ထားသော ဓာတ်ပုံသည် ၂၀၁၇ခုနှစ် ဇွန် ၂၈ ရက်က ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်မှုဖြစ်စဉ်က ဓာတ်ပုံအဟောင်းအား ဖြတ်တောက် (Crop)၍ ပြုပြင်ထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
မူရင်းဓာတ်ပုံအား ကြည့်ရှု့ရန် လင့်ခ် – https://archive.ph/GqJqJ
ထို့ကြောင့် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး ဖေ့ဘွတ်ခ်အကောင့်တွင် ဩဂုတ် ၂၀ရက် နံနက်ပိုင်းက ရေးတင်ထားသော နတ်မြစ်အတွင်း စက်လှေ တိမ်းမှောက်မှုဖြစ်စဉ်အကြောင်းအရာသည် မှန်ကန် သော်လည်း ဓာတ်ပုံအဟောင်းကို ဖြတ်တောက်ပြုပြင်ထားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိနိုင်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။