By Haythar / MPA
ရခိုင်ပြည်နယ် တောင်ကုတ်မြို့အနီးရှိ ဒေသအခေါ် မိုးတောင်တန်းအနီးသို့ စစ်ကောင်စီတပ်က လေကြောင်း က ဗုံးကျဲတိုက်ခိုက်ရာ အာရက္ခတပ်တော်(AA) က ဗျူဟာမှူးအပါအဝင် ၃၈ဦး သေဆုံးဆိုသည့်သတင်းအ မှား သြဂုတ် ၁၈ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
Subscriber ၁၃၀,၀၀၀ ကျော်ရှိသည့် Ko Thet တယ်လီဂရမ်ချန်နယ်က “AA ကိုမလိုလားတဲ့ တောင်ပိုင်း က ရခိုင်တွေက အကြမ်းဖက် AA အဖွဲ့ ခိုအောင်း အခြေပြုနေတဲ့နေရာအတိအကျကို သတင်းပေးလို့ သြ ဂုတ် ၁၆ ညသန်းခေါင်ကျော်မှာ တောင်ကုတ်မြို့မိုးတောင်ကို လေကြောင်းနဲ့တိုက်ခိုက်ရာ AA ဗျူဟာမှူး၊ ရင်းမှူးအဆင့်အပါဝင် ၃၈ ယောက်သေပြီး၇၂ယောက်ဒဏ်ရာရရှိသွားပါတယ်”ဟု (မူရင်းရေးသားချက်) သြဂုတ် ၁၈ရက် မွန်းလွဲပိုင်းတွင် ရေးသားဖော်ပြထားသည်။
Ko Thet ချန်နယ်၏ ဖော်ပြချက်ကို ဩဂုတ် ၁၉ရက် မွန်းလွဲ ၅နာရီအထိ ကြည့်ရှုသူ ၂၇၀၀၀ ကျော်၊ like and react ပေးသူ ၈၀၀ကျော်ရှိခဲ့ပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာက ပြန်လည်မျှဝေခဲ့ကြသည်။
သတင်းအမှား လင့်ခ်များ
Ko thet – https://archive.ph/LhSm6
ဝါစိမ်းနီ – https://archive.ph/jHHJZ
နောင်ရိုးဟစ်တိုင် – https://archive.ph/3TxiR
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအမှားအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
အဆိုပါအကြောင်းအရာကို အချက်အလက် မှန်/ မှန် သိရှိရန် Google တွင် “တောင်ကုတ်မြို့ မိုးတောင် တန်း” ဆိုသည့် စာသား keyword ဖြင့်ရှာဖွေကြည့်ရာ DVB,Narinjara, ဒွါရာဝတီ သတင်းမီဒီယာတို့တွင် သတင်းရေးသားဖော်ပြထားသည်။
Narinjara သတင်းမီဒီယာတွင် “တောင်ကုတ်မြို့ပေါ်ကလွဲရင် ကျန်တဲ့နေရာတွေတော်တော်များများက တပ်တော်က ထိန်းချုပ်ထားတယ်။ စစ်ကောင်စီကဗုံးကြဲတယ်ဆိုတာ အေအေတပ်ဖွဲ့ဝင်တွေ ရှိတယ်။ လှုပ်ရှားနေတယ်ဆိုပြီး မှန်းဆမိတဲ့နေရာတွေကို တိုက်ခိုက်တာဖြစ်နိုင်တယ်။ နှစ်ဘက် တိုက်ပွဲကတော့ အခုထိမဖြစ်သေးပါဘူး” ဟုရေးသားဖော်ပြထားသည်။
DVB သတင်းမီဒီယာတွင်” တောင်ကုတ်မြို့နယ် ရွှေကွမ်းစမ်းကျေးရွာအနီးရှိ မိုးပညာဒါနကျောင်းကို မနက် ပိုင်း ၃ နာရီကျော်မှာ ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းအတွင်းရှိ အသုံး အဆောင်ပစ္စည်းတွေ ပျက်စီးသွားခဲ့တယ်လို့ အခြေအနေကို သိရှိတဲ့ တောင်ကုတ်ဒေသခံတဦးက ပြောပါ တယ်” ဟု ရေးသားဖော်ပြထားသည်။
ဒွါရဝတီ သတင်းမီဒီယာတွင် “စစ်ကောင်စီလေယာဉ်များ မကြာခဏ ဖြတ်သန်းသည့် အရပ်တွင် ရှိနေသည့် အတွက် ကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို မကြာသေးခင်ရက်ပိုင်းကမှ နေရာရွှေ့ပြောင်း ထားခဲ့ခြင်းကြောင့် လူထိခိုက်မှုနည်းပါးခြင်းဖြစ်ကြောင်း သိရသည်” ဟု ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ်များ
Narinjara- https://shorturl.at/2ZpX6
DVB https://shorturl.at/p0FYE
ဒွါရဝတီ https://shorturl.at/61pfv
သုံးသပ်ချက်
ရခိုင်ပြည်နယ် ၊တောင်ကုတ်မြို့ကို စစ်ကောင်စီတပ်က သြဂုတ် ၁၆ ရက် မနက်အစောပိုင်းတွင်လေကြောင်း တိုက်ခိုက်မှု မှန်ကန်သော်လည်း ဗုံးချသည့်နေရာသည် မိုးပညာဒါန ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း နေရာဖြစ်သည်ဟု သတင်းမီဒီယာများ၏ ဖော်ပြမှုများအရ သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဆွမ်းစားကျောင်းဆောင်ရှိ ဘုန်းကြီးတစ်ပါးထိခိုက်ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရ ကြောင်းနှင့် အခြားပြည်သူများကြိုတင်တိမ်းရှောင်ထားသဖြင့် ထိခိုက်သူမရှိကြောင်း သတင်းမီဒီယာများ၏ ဖော်ပြမှုများအရ သိရသည်။
တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသည့် လေကြောင်းတိုက်ခိုက်မှုကြောင့် AA ဗျူဟာမှူးအပါအဝင် ၃၈ဦးသေဆုံးဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်းတွေ့ရသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
ထို့အပြင် ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေးရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။ MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုပါက MPA Signal + 66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။