By Haythar / MPA
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်၊ မောင်တောမြို့ရှိ မွတ်ဆလင်လူမျိုးများကို အာရက္ခတပ်တော် (AA) မောင်းထုတ်ခဲ့သည်ဟု စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သြဂုတ် ၈ရက်တွင် ရေးသားဖော် ပြထားကြသည်။
Subscriber ၃၀၀၀ ကျော်ရှိသည့် Khit Thit Myanmarအမည်ရှိ တယ်လီဂရမ်ချန်နယ်တွင် AA က မွတ်ဆလင် လူမျိုး များကို ကယ်ထုတ်နေသည့် ရုပ်ပုံများကိုအသုံးပြု၍ “ရပ်ကွက် ရွာတွေမှ မွတ်စလင် တွေကိုအတင်းအဓမ္မ မောင်းထုတ်နေတာကိုပုံလှလှလေးရိုက်ကူးပြီး ကယ်ထုတ်နေတာ တဲ့….. ခွေးမျိုးတွေ ဘယ်လောက်ပဲလုပ်လုပ် အမှန်တရားဆိုတာ ဖုံးကွယ်ထားလိုမရဘူး” (မူရင်းရေးသားချက်အတိုင်း) ဟု သြဂုတ် ၈ရက် မွန်းလွဲပိုင်းတွင် ရေးသားဖော်ပြထားသည်။
Khit Thit Myanmar၏ သတင်းအမှား ရေးထားသည့်လင့်ခ် – https://archive.ph/F77v4
Khit Thit Myanmar တယ်လီဂရမ်ချန်နယ်၏ ရေးသားဖော်ပြချက်ကို ” Western 24 News ” “ May Yu Htar Nay ” နှင့် “Min Chit Oo” ဆိုသည့် တယ်လီဂရမ်ချန်နယ် သုံးခုနှင့် တခြားချန်နယ်များက ကူးယူဖော်ပြထားကြ သဖြင့် ပျံ့နှံ့မှု များပြားလျက်ရှိသည်။
သတင်းအမှားလင့်ခ်များ
Western 24 News – https://archive.ph/XJWZu
May Yu Htar Nay – https://t.me/newsmayyu/13160
Min Chit Oo – https://archive.ph/wJs1Z
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်း အမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည့် ရုပ်ပုံများကို Google Reverse Image Search ကိုအသုံးပြု ၍ ရှာဖွေကြည့်ရာ Arakan Bay News -ABN သတင်းမီဒီယာက သတင်း ဖော်ပြထားသော ရုပ်ပုံများနှင့် ထပ်တူကျလျက်ရှိသည်။
Arakan Bay News – ABN – သတင်းအပြည့်စုံ လင့်ခ် – https://shorturl.at/2NWFR
“ Google” တွင် “ မောင်တောမြို့” ဆိုသည့် “ keyword ဖြင့်ရှာဖွေကြည့်ရာ AA က ထုတ်ပြန်ထားသည့်အပြင် ရခိုင်ပြည်နယ်သတင်းများကို ဖော်ပြနေသည့် “Development Media Group” “Narinjara” “Boder News Agency” နှင့် “People Spring” သတင်းမီဒီယာများတွင် ရေးသားဖော်ပြထားတာ တွေ့ရသည်။
Development Media Group တွင် ရခိုင်ပြည်၊ မောင်တောမြို့နှင့် မြို့အနီးရှိကျေးရွာများတွင် စစ်ကောင်စီနှင့် မွတ်ဆလင်လက်နက်ကိုင်များက လူသားဒိုင်းအဖြစ်ပိတ်လှောင်ထားသည့် ဒေသခံအားလုံးကို အာရက္ခတပ်တော် က ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
Development Media Group – https://shorturl.at/N4rL6
Narinjara သတင်းမီဒီယာတွင် ကယ်ထုတ်ခံလာရသည့် ဒေသခံမွတ်ဆလင်တစ်ဦးက “AA ဘက်က မြို့ထဲကို ဝင်လာနေကြပြီ။ တိုက်ပွဲဖြစ်လာရင် ကြားညှပ်သွားကြမယ်။ အဲ့ဒါကြောင့် မြို့က ထွက်ပြေးလာကြရတယ်။ AA ဘက်က ရဲဘော်တွေလည်း အကူအညီပေးကြပါတယ်။ လမ်းမလျှောက်နိုင်တဲ့လူအိုတွေ၊နေထိုင်မကောင်းသူတွေ ကို ဆိုင်ကယ်တွေနဲ့လိုက်ပို့ကြတယ်။ မသယ်ယူနိုင်တော့တဲ့ အိတ်တွေကို ကူညီပြီးသယ်ပေးကြပါတယ် ဟူ၍ ရေးသားဖော်ပြထားသည်။
Narinjara သတင်းအပြည့်အစုံ – https://shorturl.at/rkL6B
Boder News Agency သတင်းမီဒီယာတွင် “အဲဒီမောင်တောမြို့ လသာရွာသားအရပ်သား ပြည်သူမွတ်ဆလင် လူမျိုးလေးထောင်ကျော်ခန့်ကို သြဂုတ်လ၇ ရက်၊မနေ့က စတင်ကယ်ထုတ်ခဲ့ကြတာဖြစ်ပြီး သြဂုတ်လ ၈ ရက်၊ ဒီနေ့လည်း ဗိုလ်မှူးရွာမှ အရပ်ပြည်သူသုံးရာကျော်ကို ဆက်လက်ကယ်ထုတ်ခဲ့ကြပါတယ်။” ဟု ရေးသားဖော်ပြ ထားသည်။
Border News Agency သတင်းအပြည့်အစုံ – https://shorturl.at/jro1K
People Spring သတင်းမီဒီယာတွင် “မောင်တောမြို့ထဲမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်ရိုဟင်ဂျာတွေက ပိတ် ဆို့ ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုထားတဲ့ မူဆလင်ပြည်သူတွေကို အာရက္ခတပ်တော်က ကူညီပြီးကယ် ထုတ်လာတာဖြစ်ပါတယ်”ဟု ဖော်ပြထားသည်။
People Spring သတင်းအပြည့်အစုံ – https://shorturl.at/UcVVi
သုံးသပ်ချက်
စစ်တပ်၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းခံထားရသည့် မွတ်ဆလင်လူမျိုးများကို AA က ကယ်ထုတ်ပေးနေ ခြင်း ဖြစ်သည်ဟု သတင်းအချက်အလက်များကို အဆင့်ဆင့်စိစစ်အတည်ပြုရေး သားဖော်ပြနေသော သတင်း မီဒီယာများတွင် ရေးသားဖော်ပြထားကြသည်။
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော မောင်တောမြို့တွင် မွတ်ဆလင်လူမျိုးများကို AA အဖွဲ့က မောင်းထုတ်ဆိုသည့် အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
ဆိုရှယ်မီဒီယာများပေါ်တွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသည့် သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့ စစ်ဆေးသင့်သည်။
မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPA က အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto