• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
16 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

လားရှိုးကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီး ယူနန်တရုတ်နှင့် ကိုးကန့် ၄၀၀ခန့်ကို အရှင်ဖမ်းမိထား ဆိုသည့် သတင်းအမှား

MPA by MPA
Aug 8, 2024
in Fact Check
0
0
လားရှိုးကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီး ယူနန်တရုတ်နှင့် ကိုးကန့် ၄၀၀ခန့်ကို အရှင်ဖမ်းမိထား ဆိုသည့် သတင်းအမှား
Share on FacebookShare on Twitter

By Wadi / MPA

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကို စစ်တပ်က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ယူနန်တရုတ်နှင့် ကိုးကန့် ၄၀၀ ခန့်ကို အရှင်ဖမ်းမိထားဆိုသည့် သတင်းအမှားများ ဩဂုတ် ၆ ရက်တွင် စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။

“Snow Queen” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ ဩဂုတ် ၆ ရက်၊ မွန်းလွဲ ၁ နာရီ ၄၃ မိနစ်တွင် “လားရှိုးမြို့ အား တပ်မတော်မှ အလုံးစုံ ပြန်ထိမ်းချုပ်ထားနိုင်ခဲ့ပါပြီ။ ရန်သူ Dbကတော့ ရှင်းလို့ မပြီးသေးပါ။ ရန်သူ အရှင်ဖမ်းမိကတော့ ယူနန်တယုတ်နဲ့ ကိုးကန့်ကောင်တွေ ၄၀၀ ခန့် ဖမ်းမိထားပါတယ်။ လားရှိုးမြို့ထဲမှာ ရန်သူကင်းစင်ပါပြီ” (မူရင်းရေးသားချက်အတိုင်း) ဟု ဆိုကာ ရေးသားဖြန့်ဝေထားခြင်း ဖြစ်သည်။

အဆိုပါ အကြောင်းအရာကို ဩဂုတ် ၈ရက် ညနေ ၅နာရီအထိ ဝင်ရောက်ဖတ်ရှုသူ ၁၅၅၀၀ ကျော်ရှိပြီး Reaction ပေးသူ ၇၇၀ကျော်၊ မှတ်ချက်ရေးသားသူ ၅၀ကျော် ရှိနေသည်။

Snow Queen – https://archive.ph/0UxRK

အဆိုပါသတင်းအမှားကို “အဖိုးလေး” တယ်လီဂရမ်ချန်နယ်က ဆက်လက်ဖြန့်ဝေခဲ့သဖြင့် ပျံ့နှံ့မှုများပြား ခဲ့သည်။

အဖိုးလေး – https://archive.ph/sOnDl

“BO SAW (ဖထီးစော) နှင့် Ye’ Yint Htet ( #yyh )” တယ်လီဂရမ်ချန်နယ်များကလည်း ဩဂုတ် ၆ ရက် တွင် “၆ ရက်မနက် လာရှိုးမှ MNDAA အဖွဲ့ ဆုတ်ခွာစဉ် အရှင် ၄၀၀ ကျော် ဖမ်းဆီးရရှိထားပြီး ရန်သူများ သီပေါဘက်သို့ ချီတက်သွားပါပြီ” (မူရင်းရေးသားချက်အတိုင်း) ဟု ရေးသားဖြန့်ဝေထားသည်။

BO SAW ( ဖထီးစော ) – https://archive.ph/PKVSB
Ye’ Yint Htet ( #yyh ) – https://archive.ph/hB36Y

တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအမှားအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ အချက်အလက် မှန် မမှန် စစ်ဆေးရန် Google တွင် “လားရှိုးမြို့ အခြေအနေ” ဆိုသည့် Keyword ဖြင့် ရှာဖွေကြည့်ရာ People’s Spring ၊ RFA ၊ သျှမ်းသံတော်ဆင့် နှင့် Shwe Phee Myay News Agency တို့တွင် သတင်းရေးသား ဖော်ပြထားသည်။

သတင်းမီဒီယာများတွင် “MNDAA ဦးဆောင်သော ပူးပေါင်းတပ်များသည် လားရှိုးမြို့ရှိ အရှေ့မြောက် တိုင်း စစ်ဌာနချုပ်အပါအဝင် စစ်စခန်းများကို ဩဂုတ် ၃ ရက်ကတည်းက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ ကြောင်း၊ လက်ရှိတွင် တိုက်ပွဲများငြိမ်သက်နေပြီး ရပ်ကွက် ( ၃ ) ၊ ရက်ကွက် ( ၄ ) နှင့် ရပ်ကွက် ( ၅ ) အ တွင်း လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း၊ ဩဂုတ် ၇ ရကက စတင်၍ မည်သည့်မှတ်ပုံတင်ကိုင်ထား သူမဆို လားရှိုးမြို့သို့ ဝင်ထွက်လာနိုင်ပြီဖြစ်ကြောင်း၊ မြို့တွင်းရှိ အလောင်းများကို ကိုးကန့်အဖွဲ့က ဦး ဆောင်၍ ကျန်ရှိနေသောပြည်သူအချိုနှင့် သန့်ရှင်းရေးများလုပ်ဆောင်ပေးနေကြောင်း၊ မြို့တွင်း ဖောက် ထွင်းသူများကိုလည်း MNDAA က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်တွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းတပ်မိသားစုဝင်များကို ဩဂုတ် ၆ ရက်ကစပြီး MNDAA အဖွဲ့ က ပြန်လွှတ်ပေးနေကြောင်း” ရေးသားထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>

People’s Spring – https://shorturl.at/DI7WB
RFA – https://shorturl.at/bpr9m , https://shorturl.at/avnEs
သျှမ်းသံတော်ဆင့် – https://shorturl.at/T7JEs
Shwe Phee Myay News Agency – https://shorturl.at/pyC7u

သုံးသပ်ချက်

သတင်းအချက်အလက်များကို အဆင့်ဆင့် စိစစ်အတည်ပြုရေးသားနေသော သတင်းမီဒီယာများတွင် လားရှိုးမြို့ကို MNDAA က ထိန်းချုပ်ထား၍ မြို့တွင်းအဝင်အထွက်ကို ပြန်လည်ခွင့်ပြုပေးနေပြီး စစ်သုံ့ပန်း မိသားစုဝင်များကိုလည်း ပြန်လွှတ်ပေးနေကြောင်း ရေးသားဖော်ပြထားကြသည်။

“စစ်တပ်က လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီး ယူနန်တရုတ်နှင့် ကိုးကန့် ၄၀၀ ခန့် ဖမ်းမိထား” ဟူ၍ တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေနေသော အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။

အဆိုပါ သတင်းအမှားအကြောင်းအရာသည် လှည့်ဖြားမှားယွင်းသော တင်ဆက်ချက် (Misleading Content) သတင်းအမှားအမျိုးအစားဖြစ်သည်။

လက်ရှိ အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေခြင်းများအလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။

MPA က အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto

Tags: militaryMPAMyanmarNewsSAC
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

စီးပွားရေး

ဝက်ထီးကန်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေ

May 15, 2025
ဝက်ထီးကန်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေ

By Nway / MPA ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေကြောင်း သိရသည်။ ယခုနှစ် နွေစပါးပေါ်ချိန်တွင် ဝက်ထီးကန်တိုက်နယ်၊ ပျဥ်းမအိုင်ရွာ နေ အသက် ၃၀...

Read more
by MPA
0 Comments
သတင်း

ကျောက်တော်မြို့ကို စစ်ကောင်စီထပ်မံ ဗုံးကြဲ ပြည်သူခုနှစ်ဦးသေဆုံး၊ ရခိုင်တွင် သုံးရက်ဆက် ဗုံးကြဲခံရမှုကြောင့် သေဆုံး သူ ၂၀ ကျော်ရှိလာ

May 15, 2025
ကျောက်တော်မြို့ကို စစ်ကောင်စီထပ်မံ ဗုံးကြဲ ပြည်သူခုနှစ်ဦးသေဆုံး၊ ရခိုင်တွင် သုံးရက်ဆက် ဗုံးကြဲခံရမှုကြောင့် သေဆုံး သူ ၂၀ ကျော်ရှိလာ

By Hlaing / MPA ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူခုနှစ်ဦးသေဆုံးခဲ့ရပြီး ရခိုင်ပြည်နယ်တွင် သုံးရက်ဆက်တိုက် ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၂၀ကျော်ထိရှိလာကြောင်း သိရသည်။ ယနေ့(မေ ၁၅ရက်)၊ မွန်းလွဲ နှစ်နာရီခန့်က စစ်ကောင်စီသည်...

Read more
by MPA
0 Comments
နိုင်ငံရေး

စစ်ကောင်စီအပေါ် တရုတ်ထောက်ခံနေမှု လွဲမှားသည့် လောင်းကြေးထပ်မှုဟုကုလအကြံပေးဟောင်းများဆို

May 15, 2025
စစ်ကောင်စီအပေါ် တရုတ်ထောက်ခံနေမှု လွဲမှားသည့် လောင်းကြေးထပ်မှုဟုကုလအကြံပေးဟောင်းများဆို

By Mg Dagon / MPA တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးပေါ် မျက်နှာပြောင်တိုက် ဝင်ရောက်စွက်ဖက်နေခြင်းနှင့် စစ်ကောင်စီအပေါ် စစ်ရေးအထောက်အပံ့ပေးနေခြင်းတို့သည် လွဲမှားသည့်လောင်းကြေးထပ်မှုတစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က ပြောဆိုလိုက်သည်။ လက်ရှိတရုတ်၏ လုပ်ရပ်များသည် စစ်ကောင်စီကို မကယ်နိုင်သည့်အပြင်...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှု သတင်းပေးကြောင့်ဟုဆို အဆိုပါစခန်းကို လေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာ

May 15, 2025
ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှု သတင်းပေးကြောင့်ဟုဆို အဆိုပါစခန်းကို လေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာ

By Bala / MPA ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် နယ်စပ်ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ယင်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( မေ ၁၄ရက်)၊ ည ရှစ်နာရီ...

Read more
by MPA
0 Comments
ပညာရေး

ဂန့်ဂေါမြို့အနီးရှိ စာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြန်

May 15, 2025
ဂန့်ဂေါမြို့အနီးရှိ စာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြန်

By Hsu Yee/MPA မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်တွင် ညအချိန်၌ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ ကြောင်း သိရသည်။ မေလ ၁၄ ရက်၊ည ၁၁ နာရီကျော်တွင်ဂန့်ဂေါမြို့အနီးရှိ လာပို့ရွာ ‌စာသင်ကျောင်းကို လေကြောင်း...

Read more
by MPA
0 Comments
စစ်ရေး

ခင်မွန်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်၊လူငယ်၂၀အား ဖမ်းဆီးသွား

May 15, 2025
ခင်မွန်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်၊လူငယ်၂၀အား ဖမ်းဆီးသွား

By Nway / MPA စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စစ်ကောင်စီတပ်က ရွာသားတစ်ယောက်ကို ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်ကာ လူငယ်၂၀ အား ဖမ်းဆီးသွားကြောင်း သိရသည်။ မေလ ၁၃ရက်၊ ည ၈နာရီ...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်များ ဗုံးခိုကျင်းမတူးပါက ဒဏ်ငွေငါးသိန်းဆောင်ရမည်ဟု IEC ဆို

May 7, 2025
ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်များ ဗုံးခိုကျင်းမတူးပါက ဒဏ်ငွေငါးသိန်းဆောင်ရမည်ဟု IEC ဆို

By Bala / MPA ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ဗုံးခိုကျင်းမတူးသည့်နေအိမ်များကို ဒဏ်ကြေးအဖြစ် ကျပ်ငါးသိန်းကောက်ခံမည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ၊ဒုတိယအပတ်ကစတင်ပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ပြည်သူများအား သက်ဆိုင်ရာ ရွာအလိုက် လူထုတွေ့ဆုံပညာပေးခြင်းများပြုလုပ်ခဲ့ပြီးနောက် မတ်လ...

Read more
by MPA
0 Comments
နိုင်ငံရေး

ရုရှားက မြန်မာ့လွတ်လပ်ရေးတွင် ပါဝင်ကူညီခဲ့ဟု ရုရှားသံအမတ် ဝါဒအမှားဖြန့်

May 7, 2025
ရုရှားက မြန်မာ့လွတ်လပ်ရေးတွင် ပါဝင်ကူညီခဲ့ဟု ရုရှားသံအမတ် ဝါဒအမှားဖြန့်

By Mg Dagon / MPA ရုရှားနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ရရှိခဲ့သော မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွင်း ပါဝင်ကူညီပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ် Iskander Azizov က ပြောကြားလိုက်သည်။...

Read more
by MPA
0 Comments
စစ်ရေး

ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချ

May 7, 2025
ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချ

By Bala / MPA ကရင်နီပြည်နယ်၊ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( မေ ခြောက်ရက်) ၊ ည ၁၀နာရီ ၅၀မိနစ်တွင် စစ်ကောင်စီက...

Read more
by MPA
0 Comments
စစ်ရေး

ပုလောမြို့ပေါ်တွင် ဆိုင်ထိုင်အရက်သောက်နေသော ပျူသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

May 7, 2025
ပုလောမြို့ပေါ်တွင် ဆိုင်ထိုင်အရက်သောက်နေသော ပျူသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

By Ra Wai / MPA တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်တွင် ဆိုင်ထိုင် အရက်သောက်နေသော ပျူစောထီးသုံးဦးကို PDF တို့ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်းသိရသည်။ ‌မေလ ခြောက်ရက်၊ ညနေ ငါးနာရီခွဲခန့်တွင် ပုလောမြို့၊ အမှတ်နှစ်ရပ်ကွက်ရှိ...

Read more
by MPA
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In