By Haythar /MPA
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ လားရှိုးထောင်ဖောက်၍ အကျဥ်းသားများကို အတင်းအဓမ္မ စစ်မှု ထမ်းခိုင်းဆိုသည့် သတင်းအမှားများ ဇူလိုင် ၃၀ရက် မနက်၉နာရီကျော်တွင် စစ်ကောင်စီတပ်တယ်လီဂရမ် ချန်နယ်များတွင် ပျံ့နှံ့နေသည်။
DGF21News အမည်ရှိ တယ်လီဂရန် ချန်နယ်က “လားရှိုးအကျဥ်းထောင်ဖောက်၍ အကျဥ်းသားများအား အတင်းအဓမ္မစစ်မှုထမ်းခိုင်း” ဆိုသည့် သတင်းအကြောင်းအရာကို လားရှိုးထောင်အတွင်းရိုက်ပြထားသည့် ရုပ်သံတစ်ခုနှင့်အတူ ဖြန့်ဝေထားခြင်းဖြစ်သည်။
သတင်းအမှားလင့်ခ် – https://archive.ph/f5QPb
DGF21News က ရေးတင်ထားသည့် သတင်းအကြောင်းရာကို တခြားတယ်လီဂရန်ချယ်နယ်များက ကူးယူဖော်ပြထားသဖြင့် ပျံ့နှံ့မှုနှုန်းများနေလျက်သည်။
Ye Ba Nyein – https://archive.ph/fCSt6
ရွှေနေကြာ – https://archive.ph/9WA5y
Thae Thae – https://archive.ph/Yi4Hc
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသည့် သတင်းအမှားကို Myanmar Fact-Checking Network၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ် နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း စိစစ်သက်သေပြချက်
ဆိုရှယ်မီဒီယာပေါ်ရှိ ရုပ်သံဖိုင်များအား အချက်အလက်စစ်ဆေးနိုင်သော InVID Video Verification အသုံးပြု၍ တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်ကို စစ်ဆေးခဲ့ရာ Keyframe များရရှိခဲ့သည်။
အဆိုပါ Keyframe များကို Google Reverse Image Search အသုံးပြု၍ ထပ်မံစစ်ဆေးကြည့်ရာ Shwe Phee Myay News Agency တွင် သတင်းမီဒီယာများတွင်ထည့်သွင်း အသုံးပြု ထားသည်ကို တွေ့ရသည်။
သတင်းအပြည့်အစုံလင့်ခ် – https://shorturl.at/8Ui1s
လားရှိုး အကျဥ်းထောင်အကြောင်းအရာနှင့်ပတ်သက်ပြီး Google တွင် “ လားရှိုးမြို့” ဆိုသည့် Keyword ဖြင့်ရှာဖွေကြည့်ရာ “ BBC ” “ RFA ” “ DVB ” “ MPA ” “ Shwe phee Myay” နှင့် မဲခေါင်သတင်းတို့တွင်ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။
BBC – https://shorturl.at/xaPQs
Myanmar Now – https://shorturl.at/DewzI
MPA – https://t.me/MPANews/21001
Mekong News – https://shorturl.at/Usl7J
သတင်းအချက်လက်များကို အဆင့်ဆင့်စိစစ်အတည်ပြုရေးသားနေကြသည့် သတင်းမီဒီယာများတွင် လားရှိုးအကျဥ်းထောင်မှလွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော်ကို လားရှိုးခရိုင်နှင့် တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း စောင့်ရှောက်ထားကြောင်း ရေးသားဖော်ပြထားကြသည်။
တယ်လီဂရန်ချန်နယ်များတွင်ပျံ့နှံ့နေသည့် “လားရှိုးအကျဥ်းထောင်ရှိ အကျဥ်းသားများအား အတင်း အဓမ္မစစ်မှုထမ်းခိုင်း” ဆိုသည့်သတင်းအကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်းသိနိုင်သည်။
သတင်းအတု၊ သတင်းအမှားများနှင့် ပတ်သက်၍ အချက်အလက်စစ်ဆေးမေးမြန်းလိုလျှင် MPA Fact Check Team ကို MPA ဖေ့ဘွတ်ခ် မက်ဆင်ဂျာမှတဆင့် ဝင်ရောက်ဆက်သွယ်မေးမြန်းရန် နိုင်ပါသည်။
MPA ဖေ့ဘွတ်ခ်လင့်ခ် – https://www.facebook.com/mmpressphoto