By Haythar/MPA
ရခိုင်ပြည်နယ် သံတွဲမြို့နယ် နှင့် ဂွမြို့နယ်အကြား ကားလမ်းပေါ်ရှိ ချင်းတွင်းတံတားကို AA (အာရက္ခတပ် တော်) က မိုင်းခွဲဖျက်ဆီးလိုက်သည်ဆိုသည့်သတင်းအမှားများ ဇူလိုင် ၂၈ရက် မနက်ပိုင်းမှစတင်ကာ တယ်လီဂရန်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
Myanmar National Post အမည်ရှိ တယ်လီဂရန်ချယ်နယ်က “ AA အကြမ်းဖက်အဖွဲ့က သံတွဲ – ဂွ ကား လမ်းပေါ်မှ ချင်းကွင်းတံတားအား မိုင်းခွဲဖျက်ဆီး” ဟူ၍ ခေါင်းစဉ်တပ်၍ ဇူလိုင် ၂၈ရက် နံနက်ပိုင်းတွင် သတင်းအမှား ရေးတင်ထားခြင်းဖြစ်သည်။
“AA အကြမ်းဖက်အဖွဲက သံတွဲ-ဂွ ကားလမ်းမပေါ်မှ ချင်းကွင်း တံတားအား မိုင်းခွဲဖျက်ဆီးသွား သောကြောင့် ဒေသခံများ သွားရေးလာရေးခက်ခဲနေကြောင်း သိရှိရသည်။ ဒေသခံပြည်သူများအနေဖြင့် သံတွဲ၊ ဂွမြိုနယ်အ တွင်း AA အကြမ်းဖက်အဖွဲက ဒေသခံပြည်သူများ အတိဒုက္ခရောက် အောင်ဆောင်နေမှုများအပေါ် သည်းမခံနိုင်ကြတော့ဘဲ တပ်မတော်အနေဖြင့် ပြတ်သားစွာ ရှင်းလင်းဆော င်ရွက်စေလိုသည် ။ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဘေးအန္တရာယ်များ ရှိနေသကဲ့သို အချို့သောမြိုနယ်များတွင် ရေဘေးဒုက္ခ ကြုံတွေ့နေရသည်” (မူရင်းရေးသားချက်) ဟူ၍ ရေးသားဖော်ပြထားသည်။
သတင်းအမှားလင့်ခ် – https://archive.ph/fAqBh
အဆိုပါ သတင်းအမှားကို တခြားတယ်လီဂရန်ချန်နယ်များက မျှဝေခဲ့ကြသဖြင့် ပျံ့နှံ့မှုနှုန်းများပြားနေသည်။
သတင်းအမှားတင်ထားသော လင့်ခ်အချို့
MMC News – https://archive.ph/MC6p1
Naung Taw Lay – https://archive.ph/6MaaE
Snow Queen – https://archive.ph/KbXPo
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအမှားကို Myanmar Fact-Checking Network၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ် နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းစိစစ်သက်သေပြချက်
တယ်လီဂရန်ချန်နယ်များတွင် ချင်းကွင်းတံတားနှင့်ပတ်သက်၍ ဖော်ပြထားသည့် ဓာတ်ပုံများကို “Google Reverse Image Search” ဖြင့် ရှာဖွေကြည့်ရာ ရခိုင်ပြည်နယ် ဒေသတွင်း မီဒီယာ “Narinjara” ” Dwayaward Community Base News Agency တို့တွင် စစ်ကောင်စီ၏ မိုင်းခွဲဖျက်ဆီးခံထားရသည့် ချင်းကွင်းတံတားဟု ဖော်ပြထားကြသည်။
ချင်းတွင်းတံားတား ပျက်ဆီးနေသော ဓာတ်ပုံပါဝင်သော သတင်းအပြည့်အစုံလင့်ခ် – https://archive.ph/QkL7I
Google တွင် “ ချင်းကွင်းတံတား “ ဆိုသည့် keyword ဖြင့် ထပ်မံရှာဖွေကြည့်ရာ ” Narinjara ” “ Development Media Group ” နှင့် “ Dwayaward Community Base News Agency သတင်းဌာနများတွင် ရေးသားဖော်ပြထားကြသည်။
Narinjara- https://archive.ph/tFbtI
Development Media Group – htt ps://shorturl.at/huufI
Dwayaward Community Base News Agency – https://shorturl.at/3PuiC
သတင်းအချက်လက်များကို စိစစ်အတည်ပြုရေးသားနေသည့်သတင်းမီဒီယာများတွင် ချင်းကွင်းတံတားကို ဇူလိုင် ၂၄ရက်ညနေပိုင်းတွင် စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟုရေးသားဖော်ပြထားကြ သည်။
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ ချင်းကွင်းတံတား” ကို AAအဖွဲ့က မိုင်းခွဲဖျက်ဆီးဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
သတင်းအတု၊ သတင်းအမှားများနှင့် ပတ်သက်၍ အချက်အလက်စစ်ဆေးမေးမြန်းလိုလျှင် MPA Fact Check Team ကို MPA ဖေ့ဘွတ်ခ် မက်ဆင်ဂျာမှတဆင့် ဝင်ရောက်ဆက်သွယ်မေးမြန်းရန် နိုင်ပါသည်။ MPA ဖေ့ဘွတ်ခ်လင့်ခ် https://www.facebook.com/mmpressphoto