By Wadi / MPA
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နှင့် မိုးကုတ်မြို့များရှိ ဒေသခံများထံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ဆက်ကြေးကောက်ခံနေပြီဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန် နယ် များတွင် ၂၀၂၄ခုနှစ် ဇူလိုင် ၂၆ရက်ညပိုင်းမှ စတင်ကာ ပျံ့နှံ့သည်။
“ဖောင်းကားစားဖိုးကဲ(တကက)” ဆိုသည့် တယ်လီဂရမ်ချန်နယ်က “စဉ့်ကူးမြို့+ မိုးကုတ်မြို့တို့ကို အလုံးစုံ ရရှိသွားသော ပီဒက်များမှ ဒေသခံများထံတွင် ဆက်ကြေးကောက်ခံစာများ ကပ်နေပြီဟု ဒေသခံ များမှ ညီးတွား၊ ကုန်စုံဆိုင်တဆိုင် တလ သုံးသိန်း၊ ကွမ်းယာဆိုင် တလ တသိန်းခွဲ၊ ဆီဆိုင် တလ ၁၅ သိန်း၊ ဖုန်းဆိုင် တလ ၆သိန်း ဟု ရေးသား၊ လစဉ်ကြေးပေးသွင်းရန် ရဝတရုံးများကို လစဉ်လာပေးရမည်ဟု အမိန့်စာအဖြစ် ထုတ်ပြန်” ( မူရင်းအတိုင်း) ဆိုပြီး ဈေးဆိုင်တစ်ဆိုင်တွင် PDF တပ်ဖွဲ့ဝင်များနှင့် ပြည်သူ များ စကားပြောနေသော ဓာတ်ပုံနှင့်တကွ ဇူလိုင် ၂၆၊ ည ၇ နာရီ ၄၀ မိနစ်တွင် ရေးသားဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သတင်းအမှားကို ဝင်ရောက်ကြည့်ရှုသူ ၇၀၀၀ကျော် ရှိပြီး Reaction ပြုလုပ်သူ ၁၉ ဦး၊ မှတ်ချက်ရေးသားသူ ၄ ဦး အထိ ရှိခဲ့သည်။
သတင်းအမှားလင့်ခ် – https://archive.ph/lTqiP
အဆိုပါသတင်းအမှားကို တခြားတယ်လီဂရမ်ချန်နယ်များက ပြန်လည်မျှဝေခဲ့ကြသဖြင့် ပျံ့နှံ့မှု များပြား လျက်ရှိသည်။
သတင်းအမှားတင်ထားသောလင့်ခ်များ>>>
DGF21News – https://archive.ph/s1jb0
Thar Sitt ( Psy) – https://archive.ph/ax73S
အောင်စစ်သည် – https://archive.ph/HbmtJ
ဝါစိမ်းနီ – https://archive.ph/L5WsQ
ပျံ့နှံ့နေသော သတင်းအမှားအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ် ဖော် ထုတ် နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search အသုံးပြု၍ အချက်အလက် မှန် မမှန် စစ်ဆေးကြည့်ရာ MPA, DVB နှင့် People’s Spring တို့တွင် သတင်းရေးထား သည်ကို တွေ့ရပါသည်။
သတင်းမီဒီယာများတွင် လက်ရှိစစ်ရေးအခြေအနေများအရ စစ်ကောင်စီက အရပ်သားများကို ပစ်မှတ် ထား၍ လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုများ ပိုမိုတိုး၍ ပြုလုပ်လာနိုင်သောကြောင့် ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက် ခုနှစ်ချက်ကို လိုက်နာရန် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မ တော် (MDY-PDF) က ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်တိုက်တွန်းလိုက်ကြောင်း ဖော်ပြထားသည်။
ဒါ့အပြင် လမ်းညွှန်ချက်များကို ပြည်သူများ နားလည်သဘောပေါက်စေရန် PDF အဖွဲ့ဝင်များက ရှင်းလင်း ပညာပေးမှုများ လုပ်ဆောင်နေကြောင်း၊ ပြည်သူများအနေဖြင့် လမ်းညွှန်ချက်များကို အတတ်နိုင် ဆုံး လိုက် နာကျင့်သုံးကြပါရန် MDY-PDFက မေတ္တာရပ်ခံ တိုက်တွန်းထားကြောင်း ရေးသားထားသည်။
MDY-PDF အဖွဲ့ က လေကြောင်းကာကွယ်ရေးအချက်များကို ပြည်သူများအား ရှင်းလင်းပြောကြား နေသည့် ဓာတ်ပုံများထဲက ဓာတ်ပုံတစ်ပုံကို ယူသုံးထားခြင်းဖြစ်သည်။
သတင်းအပြည့်အစုံကို ဖတ်ရန် >>>
https://shorturl.at/PLvzv
https://shorturl.at/jVl7o
https://shorturl.at/oZpIE
သုံးသပ်ချက်
သတင်းအချက်အလက်များကို အဆင့်ဆင့်အတည်ပြုရေးသေားနေသော သတင်းမီဒီယာများတွင် လေကြောင်းကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို ပြည်သူများနားလည်ပြီး လိုက်နာကျင့်သုံးရန် MDY-PDF များက အသိပညာပေးမှုများလုပ်ဆောင်ခဲ့သည်ဆိုပြီး တညီတညွတ်တည်းရေးသားထားသောကြောင့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာမှာ သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
လေကြောင်းအန္တရာယ်ကာကွယ်ရေး လမ်းညွှန်ချက်များကို အသိပညာပေးနေသည့် PDF တပ်ဖွဲ့ဝင်များကို ဆက်ကြေးကောက်နေသည်ဟု စွပ်စွဲရေးသားထားသောကြောင့် အခြေအနေအခင်းအကျင်းအမှား (False Context) သတင်းအမှား အမျိုးအစားဖြစ်သည်။
သတင်းတုသတင်းအမှားများနှင့် ပတ်သက်ပြီး အချက်အလက်စစ်ဆေးမေးမြန်းလိုလျှင် Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်သော MPA Fact Check Teamကို MPA ဖေ့ဘွတ်ခ် မက်ဆင်ဂျာမှ တဆင့်ဝင်ရောက်ဆက်သွယ်မေးမြန်း ရန် အကြံပြုဖို့ ဖိတ်ခေါ်အပ်ပါသည်။
MPA ဖေ့ဘွတ်ခ်လင့်ခ် – https://www.facebook.com/mmpressphoto

