By Haythar / MPA
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် တုံချိန်မြို့ကို စစ်ကောင်စီတပ်က ဇူလိုင်၂၃ရက် နံနက်စောပိုင်း တွင် လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ MNDAA တပ်ဖွဲ့ဝင်အများပြားသေဆုံးခဲ့သည် ဆိုသော သတင်း အမှားများ စစ်ကောင်စီတပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့နေသည်။
MNDAA အများအပြား ထိခိုက်သေဆုံးကြောင်းဒေသခံများက အတည်ပြုပြောကြားဟုဆိုသော သတင်းအမှား အကြောင်းအရာကို Snow Queen တယ်လီဂရမ်ချန်နယ်က အဆောက်အဦးများ ထိခိုက်ပျက်စီးနေသော ဓာတ်ပုံများနှင့်တကွ ဇူလိုင် ၂၃ရက် တွင် ရေးသားဖြန့်ဝေခဲ့သည်။
ယင်းအကြောင်းအရာကို “Ye Yint Htet(#yyh)” “Mawshan Myay Media” “Min Din” နှင့် “Kaung Myanmar” တယ်လီဂရန်ချန် နယ်များအပြင် အခြားတယ်လီဂရမ်ချန်နယ်များက ပြန်လည်ရေးသားဖော်ပြ ထားသဖြင့်ပျံ့နှံ့မှုနှုန်း များပြား နေသည်။
သတင်းအမှားတင်ထားသော လင့်ခ်များ >>>
https://archive.ph/wip/m7SOK
https://archive.ph/wip/YYPZy
https://archive.ph/wip/PRQuz
https://archive.ph/wip/dykGa
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာအား Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ် နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြ စိစစ်ချက်
သတင်းအမှားအကြောင်းအရာတွင် ပါဝင်သော ဓာတ်ပုံများအား Google Reverse Image Search ဖြင့် ရှာဖွေရာ သတင်းဌာနတချို့ရှိ သတင်းများတွင် ထည့်သွင်းအသုံးပြုထား သော ဓာတ်ပုံများနှင့် ကိုက်ညီမှုရှိ တာတွေ့ရသည်။
ဒါ့ပြင် Google တွင် “လောက်ကိုင်မြို့” ဆိုသည့် “ keyword ” ဖြင့်ရှာဖွေကြည့်ရာ Radio NUG ၊ Shan News နှင့် Shwe phee Myay news agency တို့တွင်ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။
ရွှေဖီမြေသတင်းမီဒီယာတွင် “ ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင် တုံချိန်မြို့မှာ စစ်ကောင်စီ တပ်က မနေ့ ဇူလိုင် ၂၂ ရက် ည ၁၂ နာရီဝန်းကျင်က လေယာဥ်နဲ့ ဗုံး ထပ်ကြဲခဲ့တာကြောင့် အရပ်သား ၂ ဦး သေ ဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နီးစပ်သူတစ်ဦးဆီက စုံစမ်းသိရှိရပါတယ်” ဟု ရေးသားဖော်ပြထားသည်။ ဒဏ်ရာရသူများထဲတွင် ကိုးကန့်စစ်သား အစောင့်တစ်ဦးသာ ပါဝင်ပြီး ကိုးကန့်စစ်သားများ နေထိုင်ခြင်းမရှိဘူးဟု သတင်းထဲတွင် ရေးထားသည်။
သတင်းအပြည့်စုံ လင့်ခ် >>> https://shorturl.at/mHyJA
Radio NUG တွင် “ ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့၊ တုံ့ချိန်မြို့နယ်၊ ရပ်ကွက် (၂) ကို စစ်ကောင်စီက ဇူလိုင် ၂၃ ရက် မနက် (အစောပိုင်း) ၁၂ နာရီ ၁၈ မိနစ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့် သတင်းအေဂျင်စီက ဖော်ပြပါတယ်” ဟု ရေးသားဖော်ပြထားသည်။
သတင်းကြည့်ရှုရန်လင့်ခ် >>> https://shorturl.at/aQiNS
Shan News မီဒီယာ၌ ဇူလိုင် ၂၃ ရက် နံနက် ၁ နာရီခွဲကျော်တွင် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်သို့ စစ် ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးရှိ ဟိုတယ်နှင့် ဆိုင်ခန်း အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း လောက်ကိုင်ဒေသခံများက ပြောသည်ဟူ၍ ရေးသားထားသည်။
သတင်းအပြည့် အစုံဖတ်ရှုရန်လင့်ခ် >>> https://shorturl.at/hZLXU
သတင်းအချက်လက်များကို အဆင့်ဆင့်စိစစ်အတည်ပြုရေးသားဖော်ပြနေသော သတင်းမီဒီယာများတွင် လောက်ကိုင်မြို့ကိုစစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အရပ် သားပြည်သူနှစ်ဦး ထိခိုက် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ကိုးကန့်စစ်သား အများအပြားသေဆုံးကြောင်း ဖော်ပြ ထားခြင်း မရှိပေ။
သတင်းအမှားတွင်ပါဝင်သော ဓာတ်ပုံများ မှန်ကန်သော်လည်း MNDAA တပ်ဖွဲ့ဝင်များ အများအပြား သေဆုံးဆိုသော အကြောင်းအရာသည် မှားယွင်းနေသည်။ ဒီသတင်းအမှားသည် “False Context” အခြေအနေအခင်း အကျင်းအမှား သတင်းအမှားအမျိုးအစားဖြစ်သည်။
သတင်းအမှားရေးတင်သော “Snow Queen” တယ်လီဂရန်ချန်နယ်အား လေ့လာကြည့်ရာ သတင်းအချက် လက်အမှားများကို မကြာခဏ ရေးတင်လေ့ရှိပြီး စစ်ကောင်စီတပ်လော်ဘီချန် နယ်ဖြစ်ကြောင်းတွေ့ရ သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော အကြောင်းအရာများ မှန်/မမှန် သိရှိရန်နှင့် အကြုံပြုရန် Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်သော MPA Fact Check Team ကို လာရောက်ဆက်သွယ်မေး မြန်းနိုင်ပါသည်။
MPA ဖေ့ဘွတ်ခ်လင့်ခ် >>> https://www.facebook.com/mmpressphoto

