By Haythar /MPA
TNLA တပ်သည် ဟိုင်ဂင်အပစ်ရပ်စည်းကမ်း ချိုးဖောက်ခဲ့သည်ဟု ဇွန် ၂၅ရက် မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ် တယ်လီဂရမ်ချန်နယ်အချို့တွင် သတင်းအမှားများ ဖြန့်ဝေနေသည်။
Subscriber ၁၂,၀၀၀ကျော်ရှိသည့် Ko Thet တယ်လီဂရမ်ချန်နယ်က ဇွန်၂၅ရက် မနက်ပိုင်းတွင် “ TNLA က အပစ်ရပ်စည်းကမ်းကို ချိုးဖောက်တယ်။ နယ်မြေကျော်လာတယ်။ စတင်ပစ်ခတ်တယ်။ ဒါမျိုးကို ငြိမ်ခံနေစရာ အကြောင်းမရှိဘူး။ ပြင်းပြင်းထန်ထန် လက်တုံပြန်ရမယ်။ အခုလည်း တပ်ဘက်က ဆော်နေပြီ အကြီးရော အသေးရော” ဟု ရေးသားထားပြီး အဆိုပါသတင်းကို Like & React လုပ်သူ 900 ကျော်ရှိသည်။
သတင်းအမှား link များ >>>
https://archive.ph/ROEvS
https://archive.ph/wip/9dRFm
သတင်းအမှားဖြစ်ကြောင်း သက်သေပြ စိစစ်ချက်
အထက်ပါသတင်းအကြောင်းအရာနှင့်ပတ်သက်ပြီး Google တွင် Keyword “ စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲ” ဟုရှာဖွေရာ BBC,DVB နှင့် ရွှေဖီမြေသတင်းမီဒီယာများတွင်ဖော်ပြထားသည်ကို တွေ့ရသည်။
BBC သတင်းတွင် ” မိုးမိတ်မှာရှိတဲ့ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ဇွန်၉ရက်နေ့မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ရာရောက်တယ်လို့TNLA ဘက်ကပြောပါတယ်” ဟု ဖော်ပြထားသည်။
သတင်းအပြည့်စုံ link >>> https://archive.ph/wip/kG8MZ
DVB သတင်းတွင် “ဇွန်လဆန်းပိုင်းကတည်း စစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံး၊ ဒဏ်ရာရခဲ့တဲ့အပြင် ရဲဘော် ၃ ဦးကျပြီး ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ TNLA က ထုတ်ပြန်အပြီး ဇွန် ၂၅ ရက်မှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ပါတယ်” ဟု ဖော်ပြထားသည်။
သတင်းအပြည့်အစုံ link >>> https://archive.ph/H15Nz
ရွှေဖီမြေသတင်းမီဒီယာတွင်” ဟိုင်ဂင်သဘောတူညီချက်အရ အပစ်ရပ်ရမှာဖြစ်ပေမယ့် TNLA တည်ရှိရာနဲ့ ကျေးရွာတွေထဲ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ်လိုလို တိုက်ခိုက်နေလို့ လက်တုန့်ပြန်သွားမယ်လို့ TNLA ဘက်က ပြောဆိုထားပါတယ်”ဟု ရေးသားဖော်ပြထားသည်။
သတင်းအပြည့်စုံ link >>> https://archive.ph/wip/nNmlY
သတင်းအချက်လက်များအား အဆင့်ဆင့်စိစစ်အတည်ပြု ရေးသားနေသည့်သတင်းမီဒီယာများတွင် “ TNLA တပ်စခန်းရှိရာဒေသများဘက်သို့ စစ်ကောင်စီတပ်မှ စတင်ကာလက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကြောင့်အရပ်သားပြည်သူအပါဝင် TNLA တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသည်” ဟုဖော်ပြထားသည်။
စစ်ကောင်စီတပ်မှ ဟိုင်ဂင်သဘောတူညီချက်ကို စတင်ချိုးဖောက်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများ အရ သိရသည်။
ဒါကြောင့် စစ်ကောင်စီလော်ဘီများက ဟိုင်ဂင်သဘောတူညီချက်ကို TNLA ဘက်မှစတင်ချိုးဖောက်ကာ ၁၀၂၇ စစ်ဆင်ရေးကိုဖော်ဆောင်သည်ဟု သတင်းအမှားဖြန့်ဝေနေခြင်းသည် False context မှားယွင်းသောအကြောင်းရာ သတင်းအမှားအမျိုးအစား ဖြစ်သည်။