By Haythar / MPA
ရခိုင်ပြည်နယ် သံတွဲမြို့၊သံတွဲလေဆိပ်ကို အာရက္ခတပ်တော်(AA) သိမ်းထားကြောင်း သတင်းဌာနတွေက ဖော်ပြထားသော်လည်း အသိမ်းမခံရသေးဘူးဟူ၍ စစ်ကောင်စီလော်ဘီများ ဇွန် ၂၃ရက်နှင့် ၂၄ရက်တို့တွင် တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှား ဖြန့်ဝေနေကြသည်။
“Min Chit Oo” အမည်ရှိ တယ်လီဂရမ်ချန်နယ်တွင် ဇွန် ၂၃ရက် ညပိုင်းက “သံတွဲလေဆိပ်အနောက်ဘက် မီတာ ၄၀၀၀ ခန့် ဝေးတဲ့ ဂေါ့ရွာအနီး သံတွဲလေဆိပ်မြောက်ဘက် မီတာ ၁၅၀၀ ခန့် ဝေးတဲ့ တောင်တန်းအနီး
သံတွဲလေဆိပ်အရှေ့မြောက်ဘက် မီတာ ၁၅၀၀ ခန့် ဝေးတဲ့နေရာတွေမှာယနေ့ ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့ ခြင်းသာရှိကြောင်း၊ သံတွဲလေဆိပ်ကျသည်ဆိုသည့်သတင်းမှာ တစ်ဖက်မီဒီယာများနှင့် လော်ဘီများမှ သတင်းမှားများဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် သံတွဲလေဆိပ်၊ သံတွဲမြိုနှင့် ငပလီမြိုရန်သူ့လက်အောက်မကျရောက်စေရေးအတွက် အပြင်းအထန် လိုက်လံတိုက်ခိုက်ချေမှုန်း လျက်ရှိနေ ကြောင်း သိရှိရပါသည်” ဟူ၍ ရေးတင်ထားခြင်းဖြစ်သည်။
ဒီအကြောင်းအရာကို “တောင်ပေါ်သား(Channel)” “Ko Thet” “Myanmar Update News” “Kyaw Swar” “အောင်စစ်သည်” “ DGF21News” စသည့် တယ်လီဂရမ်ချန်နယ်တို့က ကူးယူဖော်ပြနေကြသဖြင့် ပျံ့နှံ့မှု များ နေသည်။
သတင်းအမှား link များ
https://archive.ph/OEx4Z
https://archive.ph/1b2PF
https://archive.ph/7EDvT
သတင်းအမှားဖြစ်ကြောင်း သက်သေပြ စိစစ်ချက်
သံတွဲလေဆိပ်ကို AAက သိမ်းပိုက်ထားတာ ဟုတ်/မဟုတ် သိရှိရန် Google တွင် Keywordဖြင့် “ သံတွဲလေဆိပ်” ဆိုသည့်စာသားအား ရှာဖွေကြည့်ရာ ရခိုင်ပြည်နယ်သတင်းများကိုတင်ဆက်နေသည့် နိရဥ္စရာသတင်းမီဒီယာ၊ ဧရာဝတီသတင်းမီဒီယာ၊ RFA သတင်းဌာန၊ Myanmar Now သတင်းဌာနတို့တွင် သတင်း ရေးသားဖော်ပြထားသည်။
နိရဥ္စရာသတင်းမီဒီယာတွင်” ရခိုင်ပြည် သံတွဲမြို့ ငပလီကမ်းခြေရှိ မဇင်လေဆိပ်ကို အာရက္ခတပ်တော် (AA) က ဇွန်လ ၂၃ရက် နံနက်ပိုင်းတွင် ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီးဖြစ်သည်” ဟုရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံလင့်ခ် >>> https://shorturl.at/8UbVR
ဧရာဝတီသတင်းမီဒီယာတွင် “ ကမ္ဘာကျော်ငပလီကမ်းခြေမြို့ရှိ သံတွဲလေဆိပ် (မဇင်လေဆိပ်) ကို အာရက္ခ တပ် တော် (AA) က ယမန်နေ့တွင် သိမ်း လိုက်နိုင်ပြီဖြစ်” ဟုဖော်ပြထားသည်။
သတင်းမီဒီယာ အပြည့်အစုံလင့်ခ် >>> https://shorturl.at/rklfJ
Myanmar Now သတင်းဌာနတွင် “စစ်ကောင်စီအတွက် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်လာသည့် သံတွဲလေဆိပ်ကျဆုံးမှု” ဟု ခေါင်းစဉ်ဖြင့် သတင်းရေးထားသည်။
သတင်းအပြည့်အစုံလင့်ခ်>>> https://shorturl.at/MSSeT
သတင်းအချက်လက်များကို အဆင့်ဆင့်အတည်ပြုရေးသားနေသည့် သတင်းဌာနများတွင် သံတွဲလေဆိပ်အနီးတိုက်ပွဲ ဖြစ်ပွားနေပြီး သံတွဲလေဆိပ်ကို AA အဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်ဟု ဖော်ပြထားကြသည်။
တယ်လီဂရမ်ချန်နယ်များတွင်ပျံ့နှံ့နေသည့် “ သံတွဲလေဆိပ် AA လက်အောက်သို့မကျရောက်သေးပဲ တပ်မတော်သားများမှလိုက်လံတိုက်ခိုက်နေသည်” ဆိုသည့်သတင်းအကြောင်းရာသည် သတင်းအမှားဖြစ် ကြောင်း စိစစ်တွေ့ရှိရသည်။
သံတွဲလေဆိပ်အနီးတွင်တိုက်ပွဲ ဖြစ်သည်မှာမှန်ကန်ပြီး သံတွဲလေဆိပ်မကျသေးဟုဆိုထားသောကြောင့် အထက်ပါသတင်းအကြောင်းအရာသည် False Context “ မှားယွင်းသောအကြောင်းအရာ” သတင်းအမှား အမျိုးအစား ဖြစ်သည်။
သတင်းအမှားများ ရေးသားဖြန့်ဝေနေသည့် တယ်လီဂရမ်ချန်နယ်များကိုလေ့လာကြည့်သည့်အခါ စစ်ကောင်စီတပ်လော်ဘီချန်နယ်များဖြစ်ကြောင်း တွေ့ရှိရသည်။