By Wadi / MPA
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကဇင်းပင်ကျေးရွာအတွင်းသို့ KNU/PDF အဖွဲ့က drop ဗုံးဖြုတ်ချ ခဲ့သဖြင့် ဒေသခံပြည်သူ တစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိသည့်ဆိုသော သတင်းအမှားများ တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
“နောင်ရိုးဟစ်တိုင်” ၊ “Ko Thet” နှင့်“Ye’ Ba Nyein” အမည်ရှိ တယ်လီဂရမ်ချန်နယ်များက ဇွန် ၁၄ ရက် ညနေပိုင်းတွင် လူထိခိုက်ဒဏ်ရာရရှိထားသော ဓာတ်ပုံများနှင့်အတူ သတင်းအမှားအကြောင်းအရာကို ရေး တင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်းအမှားကို ဇွန် ၁၄ ရက်တွင် “အောင်စစ်သည်” ၊ “DGF21 News” ၊ “Snow Queen” ၊ “ Ye Yint Htet ( #yyh ) အမည်ရှိ တယ်လီဂရမ်ချန်နယ်များနှင့် တခြားချန်နယ်များက ကူးယူရေးတင်ခဲ့သဖြင့် ပျံ့နှံ့မှုများပြားလျက်ရှိသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသည့် သတင်းအမှားပို့စ်လင့်ခ်များ >>>
https://archive.ph/F5BZ3
https://archive.ph/HpeB0
https://archive.ph/PAhqP
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည့် လူထိခိုက်ဒဏ်ရာရရှိထားသော ဓာတ်ပုံများကို Google Reverse Image Search အသုံးပြု၍လည်ကောင်း၊ Google တွင် “ကဇင်းပင်ကျေးရွာ လက်နက်ကြီးကျ” ဆိုသည့် Keyword ဖြင့်လည်းကောင်း ရှာဖွေကြည့်ရာ မြေလတ်အသံမီဒီယာ Facebook နှင့် Website တွင် သတင်းရေးထားသည်။
မြေလတ်အသံမီဒီယာတွင် “ စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ ဒေသခံ ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရ” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြထားသည်။
ဇွန်လ ၁၄ ရက်၊ မနက် ၁၁ နာရီတွင် ရွှေကျင်ဗျူဟာနှင့် ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့ရာ ရွှေကျင်မြို့နယ်၊ ကဇင်းပင်ကျေးရွာထဲကို ကျရောက်ပေါက်ကွဲပြီး ဒေသခံ တစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းဖော်ပြထားသည်။
သတင်းအပြည့်အစုံ >>>
https://archive.ph/t5PA9
https://archive.ph/KhFX4
မြေလတ်အသံမီဒီယာက သတင်းဖော်ပြထားတာကြောင့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
သတင်းအမှားများကို ရေးသားဖြန့်ဝေနေသော ချန်နယ်များကို လေ့လာကြည့်သည့်အခါ စစ်ကောင်စီ လော်ဘီချန်နယ်များဖြစ်ကြောင်း တွေ့ရပြီး နားလည်မှုလွဲမှားစေမည့် သတင်းအတု၊ သတင်းအမှားများ ဖန်တီးရေးသားလေ့ရှိကြောင်း တွေ့ရသည်။
ဖော်ပြပါအတိုင်း အချက်အလက် မှန်၊ မမှန် ကို စစ်ဆေးကြည့်လိုက်သည့်အခါ KNU/PDF အဖွဲ့က ကျေးရွာအတွင်း drop ဗုံးချ ဆိုသော အကြောင်းအရာသည် သတင်းအမှန်ကို ပုံဖျက်လုပ်ကြံထားသော သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။



