မဘသ အမျိုးသားဆရာတော်ဦးဝီရသူ COVID- 19 ရောဂါပိုး ကူးစက်ခံထားရသဖြင့် မင်းဓမ္မ MCC ကိုဗစ်စင်တာသို့ ပို့ဆောင်ကုသပေးနေရ ကြောင်း သိရသည်။
သြဂုတ်လ ၂ရက်နေ့က ကိုဗစ်ကူးစက်ခံရ၍ မင်းဓမ္မလမ်းပေါ်ရှိ ကိုဗစ်စင်တာတွင် ကုသမှုခံယူပြီးနောက် ယခင်နေရာသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
” ဆရာတော် ပြီးခဲ့တဲ့ ၂ ရက်နေ့ကကိုဗစ် ထိပါတယ်။မင်းဓမ္မ ကိုဗစ်စင်တာမှာသမားတော်ကြီးများကအနီးကပ်အထူးဂရုစိုက်ကုသပေးကြပါတယ်” ‘ဟု မဘသဆရာတော်တပါးမှ ၄င်း ဖေ့ဘွတ်လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဦးဝီရသူသည် ပြီးခဲ့သည့် မေလမှစတင်၍ အင်းစိန်ထောင်တွင်း၌မရှိတော့ဘဲ မဂ်လာဒုံစစ်ဆေးရုံတွင် လက်မောင်း အကြောကပ်ရောဂါဖြင့် ဆေး ကုသမှုခံယူနေကြောင်း သိရပြီး ယခုကဲ့သို့ ကိုဗစ် ထပ်မံကူးစက်ခံရကြောင်း သိရသည်။
ဦးဝီရသူသည် ယခင် အရပ်သားအစိုးရလက် ထပ်က အမျိုးသားရေးဟောပြောပွဲတခု၏ ဟောပြောချက်များကြောင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ-၁၂၄(က)ဖြင့် အမှုဖွင့်ထားရပြီး တိမ်းရှောင် ထွက်ပြေးနေရာမှ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမတိုင်မှ နိုဝင်ဘာလဆန်းပိုင်းတွင် ပြန်လည်အဖမ်း ခံခဲ့ကြောင်း သိရသည်။
၄င်းကဲ့သို့ပင် ပုဒ်မ-၁၂၄(က)ဖြင့် ဖမ်းဆီးခံထားရ သော ဦးလှဆွေ(ဘူးလက်)၊ ငါးမင်းဆွေ၊ ဦးဌေး အောင်(Orchid)တို့အား စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့ပြီး ဆရာတော် ဦးဝီရသူအနေဖြင့် လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရဆဲဖြစ်သည်။