ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ အဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် ပရဟိတအဖွဲ့ အယောင်ဆောင်ကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။
“ ညက လေးယောက် ပါသွားတယ်။ ကိုသစ္စာ၊ ကိုနိုင်ဝင်းနဲ့ နောက်ထက် လူငယ် နှစ် ဦးပါ။ သူတို့က သတင်းယူဖို့အတွက် ပရဟိတအဖွဲ့ဝင်တွေလို လုပ်ကိုင်ပေးပြီး ဘယ်သူက ဘာလုပ်နေလဲကို စုံစမ်းတယ်။ ပြီးမှ လိုက်ဖမ်းတယ်” ဟု မအူပင်မြို့ခံ တစ်ဦးက ပြောသည်။
အဆိုပါအကြမ်းဖက်စစ်တပ်မှ (စရဖ) စစ်ဖက်ဆိုင်ရာလုံခြုံရေး ၊ (စအက)စစ်ဖက်ဆိုင်ရာအကူတပ်မှ တပ်ဖွဲ့ဝင်များပါဝင်ကြောင်းသိရသည်။
၎င်းတို့သည် ပြည်သူများအတွက် ကိုဗစ်တတိယ လှိုင်းတွင် လိုအပ်နေသော ပရဟိတ သမားများ နေရာတွင် အစားထိုးကာ ပြည်သူ့အကျိုး လုပ်ဆောင်ပေးသယောင်ဖြင့် အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်နေသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူနှင့် လူငယ်များကို ဖမ်းဆီးနိုင်ရန် စီစဥ်ထားကြောင်း သိရသည်။
ဓာတ်ပုံ – စရဖ များက PPE ဝတ်စုံ ဝတ်ပြီး မအူပင်မြို့ရှိ နေအိမ်များကို ဆေးလိုက်ဖြန်းပေးနေစဉ်
#စစ်ကောင်စီ #အသွင်ယူ #စရဖ #စအက #MPA