Photo – MPA
Photo – MPA
Photo – MPA
Photo – MPA
Covid-19 ကပ်ရောဂါ ခံစားနေရသူများအား ကိုယ်ခံအားကောင်းစေရန် နှင့် ကျန်းမာရေးပြန်လည်ကောင်းမွန်စေရန် ရည်ရွယ်၍ မန္တလေးမြို့ လူငယ်ရှေ့နေများပရဟိတ အဖွဲ့မှ စုပေါင်းကာ ကြက်ပြုတ်ရည်နှင့် ကြက်သားဆန်ပြုတ်များ ကို အိမ်တိုင်ရာရောက် ပို့ပေးခဲ့သည်။
” ကပ်ရောဂါ မှ ကင်းဝေစေပြီး ၊ ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေရန် နှင့် ကိုယ်ခံအား ကောင်းမွန်ဖို့အတွက် ရည်ရွယ်ပြီး စုပေါင်းလှူဒါန်း တာပါ ၊ စိတ်ဓာတ်မကျဖို့နဲ့ အားတင်းထားဖို့ အားပေးစကားများလည်းပြောခဲ့တယ် ၊ အမြန်ဆုံးကျန်းမာပြီး မိသားစုနှင့်အတူတကွပျော်ရွှင်စွာ
ပြန်လည်နေထိုင်နိုင်ပါစေ ၊ လုပ်ငန်းဆောင်တာများလည်းကောင်းမွန်ပါစေ လို့လည်းဆုတောင်းပေးခဲ့တယ် ၊ ဒုတိယအကြိမ်မြောက်လှူဒါန်းတာပါဟု” Volunteer အဖြစ်လုပ်ကိုင်ဆောင်ရွက်ပေးခဲ့သည့် လူငယ်တစ်ဦး မှ MPA သို့ပြောကြားခဲ့သည်။