အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တသောင်းကျော် Covid – 19 ရောဂါပိုး ကူးစက်ခံနေရကြောင်း နေပြည်တော်ရှိ ရဲတပ်ဖွဲ့ အဆင့်မြင့် အရာရှိတဦးက အတည်ပြုသည်။
၎င်းကိန်းဂဏန်းတွင် မိသားစုဝင်များ မပါဝင်သေးကြောင်း၊ မိသားစုများကို ကုသပေးမှု့ စာရင်းဇယားများ အတိအကျ မသိရသေးကြောင်း ၄င်းက ပြောသည်။
“ စာရင်းအနေနဲ့တော့ ရဲချုပ်ရုံးကို သတင်းပို့ရတာ ရှိပါတယ်။ အများစုက ရဲစခန်း၊ ရဲတပ်ရင်းအလိုက်ပေါ့။ မိသားစုဝင်တွေကတော့ ပို့တာရှိသလို မပို့တာလည်း ရှိတယ် ကြားတယ်။ တချို့တွေက အပြင်မှာ ကိုယ့်အိမ်ကိုယ် နေကြတာရှိတာကိုး” ဟု ဆိုသည်။
ကိုဗစ်ရောဂါသည် မြို့ကြီးများတွင်သာမက ကျေးလက်များအထိပါ ပျံ့နှံ့ ကူးစက်နေပြီး သေဆုံးသူဦးရေ နေ့စဉ်မြင့်တက်နေသည်။
စစ်ကောင်စီ၏ ကျန်းမာရေးဌာန ထုတ်ပြန်ချက်များနှင့် မြေပြင်သေဆုံးသူ စာရင်းများ ကွဲလွဲနေကြောင်း ပရဟိတအဖွဲ့များက ဝေဖန်ထားကြသည်။
သို့သော် စစ်ကောင်စီသည်မှ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ကိုဗစ်ကူးစက်မှုမြင့်တက်နေမှုကို အများပြည်သူများအား သတင်းမထုတ်ပြန်ပဲ ထိန်ချန်နေသည်။