By MPA
ရန်ကုန်မြို့ ပြည်လမ်း ၈မိုင်အနီးရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သား ၅၀ ဦး ခန့် COVID-19 ရောဂါပိုး ကူးစက်ခံထားရပြီး ၂ ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
ယင်း တိုင်းစစ်ဌာနချုပ်အတွင်း ဇူလိုင်လ ၁၄ ရက်မှစ၍ lockdown ချထားပြီး အဝင်အထွက် ပိတ်ဆို့ထားကြောင်း သိရသည်။
“ ကူးတာကတော့ ရန်ကုန်မှာက သိတဲ့အတိုင်းဘဲ။ COVID positive စဖြစ်လို့ အကုန်စစ်ကြတော့ ၅၀ နီးပါး တွေ့တယ်။ ဒီရက်ထဲဘဲ ၂ ယောက် သေသွားတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ထဲက အဝင်အထွက်လုံးဝ ပိတ်ပစ်လိုက်ပြီ” ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက MPA သို့ပြောသည်။
ရန်ကုန်မြို့အတွင်း COVID-19 ရောဂါပိုးသည် မြို့ အနှံ့နီးပါး ဆိုးရွားစွာ ကူးစက်ပျံ့နှံ့လျက်ရှိရာ လူ သေဆုံးမှုများလည်း မြင့်တက်နေပြီး သုဿန်အသီးသီးတွင် စုစုပေါင်း လူ ၈၀၀ ခန့် နေ့စဉ်သဂြိုလ်ပေးနေရကြောင်း သိရသည်။
ယခု လဆန်းပိုင်းကလည်း ရန်ကုန်မြို့ အင်းစိန် CID မှုခင်းရဲတပ်ဖွဲ့ သင်တန်းကျောင်း အပတ်စဉ် ၁၈၉ မှသင်တန်းနည်းပြများနှင့် သင်တန်းသား ရဲအရာ ရှိ ၁၀၀ကျော် အစုလိုက်ကူးစက်ခံထားရကြောင်း သိရသည်။
#ရန်ကုန်တိုင်း #တိုင်းစစ်ဌာနချုပ် #COVID_19 #ကူးစက်ခံရ #MPA
(English Below)
50 Military Soldiers In Yangon Region Military Headquarters Contract COVID-19 and 2 Die
18 July 2021 By MPA
About fifty SAC military soldiers from Yangon Region Military headquarters near the 8th mile, on Pyay road have been infected by COVID-19 and two have died.
The headquarters has been locked down since July 14 and the in and out movements are blocked.
“As infections rocketed in Yangon, as you know, they ran a test and found out that almost 50 tested positive. Two just died a few days ago. In and out of the building is now completely closed,” a person close to the headquarters told MPA.
As the virus is badly spreading thoroughly across Yangon city, death tolls are also rocketing and about 800 corpses are being buried each day at cemeteries. Earlier this month, over 100 including coaches and police trainees from the 189 batch of Yangon Insein CID Forensic Force Training were infected in a mass infection.
Image – Awarding the winning team of Yangon Regional Commander-in-Chief Shield Football Tournament on July 5
#YangonRegion #RegionalMilitaryHeadquarters #COVID-19 #Infected #MPA
တောင်ပိုင်းစစ်ဒေသတွင် တစ်ပတ်အတွင်း စစ်သား၂၈ဦး သေဆုံးဟုဆို
By Ko Paing / MPA ဇန်နဝါရီ ဒုတိယ၁၀ရက်အတွင်း တောင်ပိုင်းစစ်ဒေသ တိုက်ပွဲများ၌ စစ်သား ၂၈ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ၁၁ရက်မှ ၁၇ရက်အတွင်း တောင်ပိုင်းစစ်ဒေသ၌ PDF ၊ KNLA ၊အခြားသော...