By MPA
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ကူးစက်မှုအလွန်တိုးတက်လာနေချိန် အာဏာသိမ်း စစ်ကောင်စီမှ ပြည်သူအများ ပူးပေါင်းကြလှူဒါန်းကြရန် ဖိတ်ခေါ်သော်လည်း တပတ်အတွင်း ပြည်သူများ၏ လှူဒါန်းငွေ ကျပ် တသိန်းသာ ရရှိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ဇွန်လဆန်းပိုင်း၌ COVID-19 ရောဂါပိုး တတိယလှိုင်းစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ကူးစက်မှုနှင့် သေဆုံးမှုအများဆုံးနှင့် အဆိုးဆုံး အခြေအနေ ဖြစ်ပေါ်လျက်ရှိနေ သည်။
စစ်ကောင်စီအနေဖြင့်လက်ရှိဖြစ်ပေါ်နေသော COVID-19 တတိယလှိုင်း အား ထိန်းချုပ်နိုင်ရန်နှင့် ကာကွယ်ဆေးဝယ်ယူနိုင်ရန် ယခင် အရပ်သားအစိုးရလက်ထက်ကဲ့သို့ ပြည်သူလူထုထံ အလှူငွေကောက်ခံခဲ့သည်။
သို့သော် ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၆ရက်နေ့ထိ ကောက်ခံရရှိငွေ ၁ သိန်းကျပ်သာ ရရှိကြောင်း စစ်ကောင်စီ၏ ကိုဗစ် ၁၉ ကာ ကွယ်ဆေးဝယ်ယူရရှိ ရေး စီမံခန့်ခွဲမှုကော်မတီ၏ ကြေငြာချက်အရ သိရသည်။
ယခင် COVID ဒုတိယလှိုင်း အရပ်သားအစိုးရလက်ထက်တွင် ကိုဗစ် ကာကွယ်ဆေးများ ဝယ်ယူရရှိချိန်တွင် အလှူငွေများ စတင်ကောက်ခံခဲ့ပြီး ယင်း ကောက်ခံသည့်နေ့တွင်ပင် Denko ဆီဆိုင်၊ မြန်မာရှေ့ဆောင်ဘဏ်စသည့်လုပ်ငန်းများ ပိုင် ဆိုင်သော ဧဒင် ဦးချစ်ခိုင်မှ အမေရိကန် ဒေါ်လာ ၅ သန်း စတင်မတည်ခဲ့ပြီး ဧရာဝတီ ဦးဇော်ဇော် ၊ ကမ္ဘောဇ ဦးအောင်ကိုဝင်းတို့လည်း အသီးသီးလှူဒါန်းခဲ့ကြသည်။
လက်ရှိတွင် ကာကွယ်ဆေးဝယ်ယူရမည့် ကိစ္စရပ်များအပြင် ပြည်တွင်းတွင် အောက်စီဂျင်ထုတ် လုပ်မှုလုပ်ငန်းများ အခက်ကြုံနေပြီး အောက်စီဂျင်ပြတ်လပ်နေ၍ ပြည်ပမှ မှာယူနေရကြောင်း သိရသည်။
#COVID19 #စစ်ကောင်စီ #အလှူငွေကောက်ခံ #MPA
(English Below)
The SAC’s COVID-19 Fundraising Gets Only 100,000 Kyats in a Week
18 July 2021 By MPA
As COVID-19 infections are rocketing in Myanmar, the coup SAC has invited the people to cooperate but the SAC’s fundraising only got 100,000 Kyats in one week, according to their own report.
In Myanmar, COVID-19 third wave began in early June and currently, the infection rate and death rate have reached the worst condition.
In order to control COVID-19 third wave and buy vaccines for prevention, the SAC collected financial donations from the public the same way the previous civilian government did. However, it was reported by the SAC’s COVID-19 Vaccine Procurement Management Committee that they only received a total fund of 100,000 kyats between July 12 and 16.
During the second wave under the civilian government, funds were collected to buy vaccines and there was a start-up of $5 million US dollars on that same day from U Chit Khine, owner of Denko petrol and MAB bank; and AYA U Zaw Zaw and KBZ U Aung Ko Win also donated respectively.
At present, there is oxygen crisis in addition to difficulties in purchasing vaccines and oxygens are being ordered from abroad due to deficiency.
#COVID-19 #SAC #Fundraising #MPA
တောင်ပိုင်းစစ်ဒေသတွင် တစ်ပတ်အတွင်း စစ်သား၂၈ဦး သေဆုံးဟုဆို
By Ko Paing / MPA ဇန်နဝါရီ ဒုတိယ၁၀ရက်အတွင်း တောင်ပိုင်းစစ်ဒေသ တိုက်ပွဲများ၌ စစ်သား ၂၈ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ၁၁ရက်မှ ၁၇ရက်အတွင်း တောင်ပိုင်းစစ်ဒေသ၌ PDF ၊ KNLA ၊အခြားသော...