• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Subscribe (Ks 1,500/Week)
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
23 Mar 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

31 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ပြည်သူတွေရဲ့ အောက်ဆီဂျင်တိုက်ပွဲ

MPA by MPA
Jul 17, 2021
in Covid-19
0
0
Share on FacebookShare on Twitter

By Emerald / MPA
 သဲကြိုးတွေဖြူလျော်ပြီး ဦးထိပ်တွေ တွန့်လိပ်နေသည့် ဖိနပ်ကိုစီးကာ လျှာထိုးဦးထုပ်ဆောင်းထားသည့် အောက်မှ ဆံပင်ဖြူဖြူ တွေထိုးထိုးထောင်ထောင်ထွက်နေသော အသက် ၆၀ကျော်ခန့်  ရှိရင်းစွဲအသက်ထက်များစွာ ရင့်ရော်နေဟန် ပေါက်သည့် အမျိုးသားတစ်ဦးက အောက်စီဂျင်အိုးတွေ စီတန်းထားသည့်နား မလှုပ်မယှက်ရပ်ကာ နံပါတ်စဉ်အလိုက် ရေရွတ်ခေါ်ယူနေသည့် စက်ရုံတာဝန်ရှိသူကို  မျှော်လင့်ချက်အပြည့်ဖြင့် မမှိတ်မသုန် စိုက်ကြည့်နေသည်။  
 “ အိုး ၂၀ သွင်းမယ် “  “ ၂၆၅ ရပြီ ၂၆၅ လာပါ ။ ရှိလား ။ ”  ခပ်ကျယ်ကျယ် အော်သံနှင့်အတူ စက်ရုံ တံခါးဟလာပြီး ဟိုတစ်စု ဒီတစ်စုထိုင်နေကြသည့်  လူအချို့ ၏ မျက်လုံးများ စက်ရုံတံခါးစီသို့ စုပြုံရောက်လာသည်။ မိမိအလှည့် ရောက်ပြီလားဟု မျှော်တလင့်လင့်နှင့် လှုပ်လှုပ်ရွရွဖြစ်ကုန်သည်။ နံပါတ်စဉ် ၄၀၀ကျော်များကမူ ငိုင်တွေနေဆဲပင် ။

Photo – MPA

 “မနက် ၄နာရီခွဲထဲက တန်းစီတာ၊ ဒါတောင် နံပါတ်က ၁၆၂ ၊ မြင်တဲ့အတိုင်းပဲ ၊ ခု၁၂ နာရီကျော်မှ ရတယ် ။ကျွန်တော်တော့ နေ့တိုင်း oxygen ပဲ အရှာထွက်နေရတာ ။နေရာတိုင်းလိုလို ခက်ခဲနေတယ် ၊ အားလုံးကအရေးပေါ်ဆိုတော့လည်းလေ “  အသက် ၄၅ နှစ်ခန့် အမျိုးသား တစ်ဦးက ချွေးတွေသီးနေသည့် မျက်နှာကို ပွတ်သပ်ရင်း နွမ်းလျစွာဆိုသည်။
 ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို  အသည်းအသန် တွန်းလှန်နေရသည့် အချိန်တွင် အာဏာသိမ်းမှုကိုပါ ကြုံတွေ့လိုက်ရသည့် မြန်မာနိုင်ငံသည် အခြေခံလူတန်းစားများအတွက်ကိုယ်ရောစိတ်ပါ ချုံးချုံးကျကုန်ရလောက်အောင် အခက်ခဲပေါင်းစွာ ရင်ဆိုင်လိုက်ကြရသည်။
အိမ်နီးချင်းနိုင်ငံများမှ စတင်လိုက်သည့် ကိုရိုနာဗိုင်းရပ်စ်ကို ခုခံကာကွယ်ရန် ကြိုတင်ပြင်ဆင်ချိန်ရခဲ့သည့် ကံကောင်းသည်ဟု ဆိုနိုင်သော မြန်မာနိုင်ငံသည် ပထမလှိုင်းနှင့် ဒုတိယလှိုင်းကို ကြံ့ကြံ့ခံကာ အဆင်ပြေအောင် ကျော်ဖြတ်နိုင်ခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ကြုံတွေ့ရသည့် တတိယလှိုင်းတွင်မူ ငရဲတမျှ ပူလောင်ပင်ပန်းနေကြရသည်။
 “အားလုံး ပိုက်ဆံကိုင်ပြီး မျက်ရည်ကျနေရတယ် ။ ဘယ်လောက်ပေးရရ ပေးပါမယ်ဆိုတာတောင် ပစ္စည်းက မရဘူးလေ။ စောင့်နေရင်း ပြန်လာခဲ့တော့ ဆုံးသွားပြီ ဆိုတာမျိုးတွေ ကြားရတာ မရေနိုင်ဘူး။” “မျက်ရည်နဲ့မျက်ခွက်တွေချည်းပဲ” ဟု  အသက် ၅၀နှစ်အရွယ် အမျိုးသားတစ်ဦးက ပလက်ဖောင်းတွင်ခုထိုင်ထားသည့်ဖိနပ်ကို နေရိပ်ရာဘက်သို့ ရွှေ့ထိုင်ရင်းက ဆိုသည်။
 ယခုအခါ Covid 19 ကူးစက်ခံထားရသူပြည်သူအများစုသည် အောက်ဆီဂျင် ပြတ်လပ်ခြင်းဒဏ်ကိုဆိုးဝါးစွာရင်ဆိုင်နေရပြီး အောက်ဆီဂျင်အိုးများ၏  ဈေးနှုန်းမှာ ယခင် ၁၅ လီတာဗူးတဗူးကို ၅သောင်း ၆ သောင်းခန့်ရှိရာမှ ယခု ၅သိန်း ၆သိန်းမှ ၇သိန်းခန့်ထိ ရောင်းချနေသည်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ထိုဈေးနှုန်းနှင့်ပင် လိုသလောက် ဝယ်ယူနိုင်ရန် ခက်ခဲရှားပါးနေခဲ့သည်။ နေ့စဉ်စားဝတ်နေရေးအတွက် မနည်းရုန်းကန်လှုပ်ရှားနေရသည့် အခြေခံလူတန်းစားများအတွက် ထိုသို့ဝယ်ယူနိုင်ရန်မှာ အိပ်မက်ပင် မမက်နိုင်သည့်အခြေအနေမျိုး ဖြစ်နေသည်။
 “ လေမရှူရလို့ သေကြရမယ် ဆိုတော့လည်း သေလိုက်ကြရတာပေါ့ ။ ပြည်သူတွေမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ တော်တော်ကြီးကို ဒုက္ခရောက်နေရတယ် “ ဟု ဒေါသသံတစ်ဝက် နာကျင်မှုတစ်ဝက်ဖြင့် ပြောလိုက်သည့် အသက် ၅၅ နှစ်အရွယ် ဦးအောင်မင်း (အမည်လွှဲ)သည် ၂နာရီအခန့်အကြာလာရောက်ရသည့် မြို့နယ်မှလာကာ သူငယ်ချင်းကို လာရောက်ကူညီ အဖော်ပြုပေးသူဖြစ်သည်။
“သူငယ်ချင်းဆိုတာ ကူညီရမှာ ပေါ့ဗျာ” ဟုဆိုကာ ရင်ဘတ်တစ်လျှောက် ရွှဲနစ်နေသည့် ချွေးများကိုသုတ်ရင်းဆိုသည်။
 “ ကျေးဇူးပြုပြီးတော့ ဒီနေရာကိုတော့ မဖော်ပြလိုက်ပါနဲ့နော် ။ ပြည်သူတွေ ဒုက္ခတအားရောက်နေတာကိုတော့ မီဒီယာမှာ ဖော်ပြပေးပါရှင်။ ဒါပေမဲ့ ဒီနေရာ (အောက်ဆီဂျင် ပေးဝေနေသည့်စက်ရုံ)ကိုတော့ မဖော်ပြလိုက်ပါနဲ့ရှင်။ ကျွန်မတို့မှာ ဒီနေရာလေးပဲ အားကိုးနေရတာပါ ။ ကူညီပါရှင် ။ အသက်တွေပါ အစ်မရယ်နော် ” ဟု စိုးရိမ်နေသည့် မျက်ဝန်းများနှင့် ပြောဆိုလာသူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးသည် အောက်ဆီဂျင် အရေးပေါ် လိုအပ်နေသူ မိခင်အတွက် လာရောက်ဝယ်ယူရန် စောင့်ဆိုင်းနေသူ တစ်ဦးဖြစ်သည်။
 ‘ပြည်သူမှာ ပြည်သူပဲ ရှိတယ် ‘ ဟုဆိုကာ ရန်ကုန်မြို့တွင်း ရှိ အောက်ဆီဂျင်ရရှိနိုင်သည့်နေရာများကို ပြည်သူများအချင်းချင်း ကူညီဖေးမနိုင်ရန် လူမှုကွန်ရက်တွင် အပြန်အလှန်မျှဝေကြမှုများရှိပြီးနောက် လာရောက်တန်းစီ စောင့်ဆိုင်းသူများနှင့် စုဝေးနေကြသည့် အောက်ဆီဂျင်စက်ရုံတစ်ခုကို စစ်ကောင်စီဘက်မှ လာရောက်ကန့်သတ်ကာ သေနတ်ပစ်ဖောက်တားဆီးမှုများပြုလုပ်ခဲ့သည်ဆိုသည့်သတင်းအပြီး ပြည်သူများက အောက်ဆီဂျင် မရတော့မည်ကို ထိတ်လန့်စိုးရိမ်ကာ မီဒီယာတွင် ဖော်ပြမည်ကို အထူးပင်ကြောက်ရွံ့နေကြသည်။

 အောက်ဆီဂျင် ပေးဝေရာနေရာများသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စုံများမှ လာရောက်ကြသည်သာမက ရန်ကုန်ပြင်ပမှပင် လာရောက်ကြသည်များလည်းရှိသည်။
 “ ပြောရရင် စိတ်မကောင်းစရာဗျာ။ ပဲခူးကအထိတောင် လာကြတယ်။ ရန်ကုန်ကတော့အစုံပဲပေါ့။ အခု ဘာဖြစ်လဲဆိုတော့ ပြည်သူတွေက အောက်ဆီဂျင် ဘယ်နားပေးလဲ ဘယ်နားရလဲဆိုပြီး အသံကြားတဲ့နောက် အကုန်လိုက်ကြရတာ”
 ဘာသာပေါင်းစုံမှ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ ၊ ငွေကြေးတတ်နိုင်သူ စေတနာရှင်များနှင့်  ကုသိုလ်ဖြစ် လှူဒါန်းပေးနေသူပရဟိတအသင်းအဖွဲ့များစွာတို့ကလည်း ကြိုးစားအားထုတ်၍ အချိန်မီလိုသလောက်ကူညီနိုင်ရန် ကြိုးစားကြသော်လည်း လိုအပ်ချက်နှင့် မမျှတနိုင်သည့် အခြေအနေကိုကြုံတွေ့နေရသည်။ ပရဟိတ အသင်းအဖွဲ့များစွာ၏ ဖုန်းနံပါတ်များနှင့် အောက်ဆီဂျင် ရနိုင်မည့် စက်ရုံများ ၊ ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၏ ဖုန်းနံပါတ်များကို လူမှုကွန်ရက်တွင် မျှဝေထားခြင်းကြောင့် ဖုန်းကောပေါင်း ထောင်နှင့်ချီ၍ အဆက်မပြတ် ဖုန်းခေါ်ဆိုမှုများ ရှိခဲ့ပြီး ကူညီရန်လည်း မတတ်နိုင်တော့သည့် ပရဟိတ အသင်းအဖွဲ့များသည် လက်လျှော့ပြီး ဖုန်းပိတ်ထားလိုက်ရသည့် အဖြစ်အပျက်များနှင့်လည်းရင်ဆိုင်နေရသည်။
 “ညဘက်တွေလည်း ကျွန်တော်တို့အဖွဲ့သားတွေ မအိပ်ရဘူး၊ ဖုန်းတွေက တောက်လျှောက်လာတာ ၊ ကျွန်မတို့အမေ အောက်ဆီဂျင် ၄၀ပဲ- ၃၀ပဲ ရှိတော့တယ်..ကျွန်တော်တို့မှာလည်း ပေးစရာမရှိတော့ဘူး …သူတို့မှာလည်း သေရေးရှင်ရေးနဲ့။ စိတ်မကောင်းတော်တော် ဖြစ်ရပါတယ်ဗျာ” ဟု အောက်ဆီဂျင် ပေးဝေလှူဒါန်းနေသည့် နေရာများထဲမှ တစ်ခုဖြစ်သည့် ဒေါပုံနွယ်အေးဗလီမှအစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ တာဝန်ခံကိုဇော်မင်းလတ်က သူ၏အတွေ့အကြုံကို ပြောပြခဲ့သည်။
 မိခင်ဖြစ်သူအတွက် အောက်ဆီဂျင်အိုးလာယူရင်း အများအတွက်ပါ ကုသိုလ်ဖြစ်သယ်ဆောင်ပေးနေသည့် လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကလည်း
“ ကျွန်တော်က ကျွန်တော့်အမေအတွက် အသည်းအသန် လုပ်ပေး ရှာပေးနေချိန် သူများတွေက မျှော်လင့်ချက်နဲ့   အိုးရလား လာမေးကြတယ်။ နောက် တစ်နာရီ လောက်ကြာတော့ ဆုံးသွားတယ်။ အဲ့ဒါကိုလေ ကျွန်တော်တကယ်မခံစားနိုင်ဘူး။ “  ဟု မျက်ရည်အဝိုင်းသား၊ အသံဆို့နင့်စွာနှင့် ဆိုသည်။

အောက်ဆီဂျင် အားကိုးတကြီးအကူညီတောင်းခံလာသည့် မိတ်ဆွေများနှင့် အောက်ဆီဂျင်အချိန်မီ မရ၍ ဆုံးပါးသွားရသည့် ဖြစ်စဉ်များအတွက် စိတ်ထိုက်နာကျင်ခဲ့ရသည့်သူမက သူမ၏မိခင်အတွက်သာမက သူမမြို့နယ်ရှိ လိုအပ်နေသူများကို ကူညီနိုင်ရန် စိတ်ကူးရရှိခဲ့သည်။ သူမ၏စိတ်ကူးကိုအကောင်အထည်ဖော်ကာ မနက် အောက်ဆီဂျင် ၁၀ အိုး နှင့် ညနေဘက် ၁၀အိုးကို တစ်ပါတည်း ကုသိုလ်ဖြစ် သယ်ဆောင်၍ လိုအပ်နေသူများကို မျှဝေပေးခဲ့သည်။
 “ မြို့နယ်တိုင်းဖြစ်ဖြစ် ဒါမှမဟုတ် ကျွန်တော်တို့လို မိသားစုအတွက် လုပ်ပေးနေရင်း ကူနိုင်တဲ့ဟာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်ကို ကူရင်လေ အောက်ဆီဂျင်အတွက် အသက်ဆုံးရှုံးရတာမျိုး မဖြစ်နိုင်တော့ဘူးပေါ့ “ ဟု သူမ ရှိုက်သံဖြင့် ဆိုနင့်ကြေကွဲစွာပြောရင်း အသံတိုးတိမ်သွားခဲ့သည်။
 မိသားစုဝင်များအားလုံးဖျားနာနေ၍ အပြင်မထွက်နိုင်သည့်အခြေအနေများကိုရင်ဆိုင်နေရသည့် ပြည်သူအချို့သည် အောက်ဆီဂျင်အိုးတန်းစီနိုင်ရန်အတွက် တနေ့လျှင် ငွေတစ်သောင်းခွဲခန့်ပေးကာ စောင့်ဆိုင်းပေးမည့်သူကို ငှားရမ်းနေကြရသည်။ ငွေကြေးတတ်နိုင်သူများအဖို့ ထိုပမာဏသည် မပြောပလောက်သော်လည်း စက်ရုံအလုပ်ရုံများ လည်ပတ်မှု ရပ်တန့်သွားခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်နေရသည့် အခြေခံ လူတန်းစားများနှင့် လုပ်ခလစာနည်းပါးလှသည့် သာမန် ဝန်ထမ်းပြည်သူများအဖို့ မိမိသားစုဝင်များ ဆုံးပါးသွားရခြင်းကို နာကျင်ကြေကွဲစွာ စောင့်ကြည့်နေရရုံမှတပါး အခြားမရှိတော့ချေ ။
အောက်ဆီဂျင် လာရောက်တန်းစီရာတွင် အမျိုးသားများသာမက  အမျိုးသမီးများ၊ ကလေးများ သံဃာတော်များပါမကျန် လာရောက်သယ်ဆောင်နေကြရပြီး အချို့မှာ ညအိပ် စောင့်ဆိုင်းပြီး သယ်ယူရသည့်အထိ ခက်ခဲပင်ပန်းလှသည်။ သစ်ပင်ရိပ်အောက်တွင် ထမင်းဖြူတစ်ထုတ်ကို သတင်းစာစက္ကူခင်း၍ တပွဲ ၃၀၀ ကျပ်တန် အသုပ်နှင့် လူနှစ်ယောက်စားကာ ညနေ နေစောင်းသည်အထိ  အောက်ဆီဂျင်ဘူးရယူရန် စောင့်ဆိုင်းနေရသည့် ပြည်သူများ ၊ မိမိမိသားစုဝင် အသက်ရှင်နိုင်ရေးအတွက် social distancing ကိုမမှုနိုင်တော့ဘဲ အလုအယက်တိုးဝှေ့ စောင့်ဆိုင်းနေကြရသည့် ပြည်သူများ၏ ဒုက္ခ၊ သောကနှင့် ပရိဒေဝများမှာ နူရာဝဲစွဲ လဲရာ သူခိုးထောင်းသလို တစ်ပူပေါ် နှစ်ပူဆင့်ရသည့် အခြေအနေမျိုးဖြစ်သည်။
 အဆမတန် မြင့်တက်လာသော ကုန်ဈေးနှုန်း၊ ထိန်းချုပ်နိုင်ခြင်းမရှိသော ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၏ဈေးကွက်၊ ဝိသမလောဘသားတို့၏ ကိုယ်ချင်းစာနာတရားကင်းမဲ့မှု ၊ အဆင်ခြင်မဲ့ အတ္တလောဘများနှင့် အာဏာရူးသွပ်သူများကြားမှ မြေစာပင်ပြည်သူများ၏ အနာဂတ်မှာ  ရွှေပြည်တော် မျှော်တိုင်းဝေးနေရသည့် အခြေအနေပင် ဖြစ်နေပါတော့သည်။
#အောက်ဆီဂျင် #ကိုဗစ် #မြင်ကွင်းဆောင်းပါး #MPA

Tags: Covid_19MPAMyanmarOxygen
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

သတင်း

ခင်ဦးတွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်

Mar 23, 2023
ခင်ဦးတွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်

ခင်ဦးမြို့နယ်၊ အင်းပတ်ဘူတာအနီး ကင်းပုန်းဝပ်ကာ ပြည်သူတို့၏ဖုန်းနှင့်ငွေ လုယက်ခဲ့သော စစ်ကောင်စီတပ်သည် ယနေ့နံနက်ပိုင်း၌ လမ်းသွားလမ်းလာများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် အင်းပတ်ဘူတာအနီး လမ်းသွားလမ်းလာနှင့် တောသွားပြည်သူများအား လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။...

Read more
by MPA
0 Comments
PDF

ရေစကြိုမြို့အထွက်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၃ ဦးသေ

Mar 23, 2023
ရေစကြိုမြို့အထွက်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၃ ဦးသေ

မကွေးတိုင်း၊ ရေစကြိုမြို့အထွက်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး စစ်သား ၃ ဦးသေဆုံးကြောင်း ရေစကြိုမြို့နယ်(ပကဖ)ထံက သိရသည်။ မတ်လ ၂၂ ရက် နံနက် ၇နာရီခွဲအချိန်တွင် ရေစကြိုမြို့အထွက် ပေကုန်းရေတံခါးအနီးတွင် အင်အား ၂၀ကျော်ရှိ စစ်ကောင်စီတပ်ကို ရေစကြို(ပကဖ)က...

Read more
by MPA
0 Comments
PDF

အမရပူ ခရိုင်တရားရုံးကို ဗုံးပစ်တိုက်ခိုက်၊ရဲ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရဟုဆို

Mar 23, 2023
အမရပူ ခရိုင်တရားရုံးကို ဗုံးပစ်တိုက်ခိုက်၊ရဲ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရဟုဆို

မန္တလေးတိုင်း၊‌ အမရပူရမြို့နယ် ခရိုင်တရားရုံးကို အောင်စည်တော် စစ်ဆင်ရေးအဖြစ် ဗုံးပစ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးယူနေသည့် ရဲတစ်ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မတ်လ ၂၂ ရက်၊မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပြည်သူများအား မတရားဖမ်းဆီးအမိန့်ချနေမှုများနှင့် စစ်‌ကောင်စီ၏ တရားရေးကို...

Read more
by MPA
0 Comments
PDF

နတ်တလင်းတွင် စခန်းဆောက်နေသည့် စစ်ကောင်စီတပ် အလစ်ငိုက်တိုက်ခိုက်ခံရပြီး ၁ ဦးသေ

Mar 23, 2023
နတ်တလင်းတွင် စခန်းဆောက်နေသည့် စစ်ကောင်စီတပ် အလစ်ငိုက်တိုက်ခိုက်ခံရပြီး ၁ ဦးသေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်း အထိုင်ချတပ်စွဲရန် စခန်းဆောက်နေသည့် စစ်ကောင်စီတပ်ကို PDF ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးကြောင်း Phoenix DF ကထုတ်ပြန်ထားသည်။ နတ်တလင်း အရှေ့ဘက် ကြက်မနက်ကျေးရွာတွင် အင်အား ၄၀ ခန့်ဖြင့် အထိုင်ချတပ်စွဲရန်...

Read more
by MPA
0 Comments
PDF

၄ ရက်တာ ထီးလင်းတိုက်ပွဲတွင် စစ်သား ၄၀ ကျော်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရ အပြစ်မဲ့ ပြည်သူ ၆ ဦး ကို စစ်ကောင်စီတပ် သတ်ဖြတ်

Mar 22, 2023
၄ ရက်တာ ထီးလင်းတိုက်ပွဲတွင် စစ်သား ၄၀ ကျော်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရ အပြစ်မဲ့ ပြည်သူ ၆ ဦး ကို စစ်ကောင်စီတပ် သတ်ဖြတ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်း-ဆေးမင်းတောလမ်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်တို့ ၄ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် အထိအခိုက်အကျအဆုံးရှိခဲ့သည်ဟု Yaw Revolution Army-ထီးလင်းက ထုတ်ပြန်သည်။ တပ်မ ၇၇နှင့် အခြားတပ်မများ ပူးပေါင်းထားသော ကား ၃၃ စီး...

Read more
by MPA
0 Comments
PDF

ရေစကြိုမြို့ပေါ် PDFစခန်း စီးနင်းခံရပြီး ကျပ်သိန်း ၂၀၀ ခန့် တန်ဖိုးရှိ လက်နက်များဆုံးရှုံး

Mar 22, 2023
ရေစကြိုမြို့ပေါ် PDFစခန်း စီးနင်းခံရပြီး ကျပ်သိန်း ၂၀၀ ခန့် တန်ဖိုးရှိ လက်နက်များဆုံးရှုံး

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်က Myingyan Black Tiger တပ်ဖွဲ့၏အမှတ်-၂ စခန်း စီးနင်းခံရပြီး ကျပ်သိန်း၂၀၀ခန့်တန်ဖိုးရှိ လက်နက်များဆုံးရှုံးခဲ့ကြောင်း သိရသည်။ မတ်လ ၂၁ ရက် မွန်းလွဲ ၂နာရီ ဝန်းကျင်တွင် ရေစကြိုမြို့၊အမှတ်-၁ ထင်းတန်းရပ်ကွက်ရှိ MBT...

Read more
by MPA
0 Comments
PDF

ရွှေဘိုတွင် မိုင်းရှင်းထွက်လာသည့် စစ်သားနှင့်ပျူစောထီး မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

Mar 22, 2023
ရွှေဘိုတွင် မိုင်းရှင်းထွက်လာသည့် စစ်သားနှင့်ပျူစောထီး မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် မိုင်းရှင်းထွက်လာသော စစ်သားနှင့်ပျူစောထီးတို့ မိုင်းဆွဲတိုက်ခိုက်ခံရကာ ၃ ဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က ထုတ်ပြန်သည်။ မတ်လ ၂၁ ရက်၊ နံနက် ၈ နာရီခန့်တွင် ဂျိုးမြေဇင်း မင်းကောင်မြောင်းတံတားဖြူအနီး၌ ပဒေသာမိုင်း ၃ လုံးဖြင့်...

Read more
by MPA
0 Comments
PDF

ကမ္ဘာ့ကဗျာနေ့အခမ်းအနားတွင် ကျဆုံးကဗျာဆရာများအား တစ်မိနစ်ငြိမ်သက် အလေးပြုကြ

Mar 22, 2023
ကမ္ဘာ့ကဗျာနေ့အခမ်းအနားတွင် ကျဆုံးကဗျာဆရာများအား တစ်မိနစ်ငြိမ်သက် အလေးပြုကြ

မြိုင်မြို့နယ်အရှေ့ခြမ်းက တော်လှန်ရေးနယ်မြေတွင် ကျင်းပသည့် ကမ္ဘာ့ကဗျာနေ့အခမ်းအနား၌ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသည့် ကဗျာဆရာများအား တစ်မိနစ်ငြိမ်သက် အလေးပြုခဲ့ ကြသည်။ ယင်းအခမ်းအနားတွင် ၂၀၂၁ခုနှစ်မတ်လ၃ရက်နေ့က မုံရွာမြို့ပေါ်၌စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းကြောင့် ကျဆုံးခဲ့သည့် ကဗျာဆရာ ကေဇဝင်း၊ ကဗျာ ဆရာမ ကြည်လင်အေးနှင့်...

Read more
by MPA
0 Comments
BCM

ခရိုင်မှူးက ပါးစပ်ထဲကို လိင်အင်္ဂါတုနဲ့ ထိုးထည့်တယ်

Mar 21, 2023
ခရိုင်မှူးက ပါးစပ်ထဲကို လိင်အင်္ဂါတုနဲ့ ထိုးထည့်တယ်

ကျနော်က ရဲအုပ် xxx ပါ ။ xxxမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးကနေ ၄ရက် ၃လ ၂၀၂၁ မှာ ကျနော် CDM လုပ်ခဲ့တာပါ။ ရဲတပ်ဖွဲ့ထဲ မရောက်ခင် ၁၀တန်းကျောင်းသားဘဝအထိ ကျနော် ရည်ရွယ်ခဲ့တာက အင်ဂျင်နီယာလိုင်းပါ။...

Read more
by MPA
0 Comments
နိုင်ငံရေး

ကမ္ဘာကြီးက သူတို့ကို မေ့သွားပြီဟု မြန်မာပြည်သူများစွာ ယုံကြည်လာကြောင်း ကုလအထူးကိုယ်စား လှယ်ဆို

Mar 21, 2023
ကမ္ဘာကြီးက သူတို့ကို မေ့သွားပြီဟု မြန်မာပြည်သူများစွာ ယုံကြည်လာကြောင်း ကုလအထူးကိုယ်စား လှယ်ဆို

အခြားသောအရေးကိစ္စများဖြင့် ဗျာများနေသောကမ္ဘာကြီးသည် သူတို့ကို မေ့သွားပြီဟု မြန်မာပြည်သူ များစွာက ယုံကြည်လာကြကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က မတ်လ၂၀ ရက်နေ့၊...

Read more
by MPA
0 Comments
Load More
Please login to join discussion

ရွေးချယ်ရန် Topics

MPA (2640) Myanmar (2375) News (1895) military (289) Politics (274) PDF (262) Yangon (225) SAC (200) SagaingRegion (155) RakhineState (122) militarycoup (118) Covid_19 (103) Battle (85) Pressphoto (84) Mandalay (81)

Monthly Archive

မတ် လ၊ 2023 ခုနှစ်
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In