By MPA
အာဏာသိမ်းစစ်ကောင်စီရုံးစိုက်ရာ နေပြည် တော်ကောင်စီနယ်မြေအတွင်း ဇူလိုင်လ ၁၅ ရက် မနေ့ကထိ COVID-19 အတည်ပြုလူနာ ၄၆၀၇ ဦးထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူ ၄၉ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
ယင်းအတည်ပြုလူနာ ၄၆၀၀ ကျော်တွင် ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၀၀ နီးပါးဖြင့် ကူးစက်မှုအများဆုံးဖြစ်နေပြီး အသွားအလာကန့်သတ် စောင့်ကြည့်နေသူ ၉၃၄ ဦးရှိကြောင်း နေပြည် တော်ကောင်စီရုံး၏ ထုတ်ပြန်ချက်စာရင်းဇယားများ အရ သိရသည်။
ဇမ္ဗူသီရိမြို့သည် အစိုးရဝန်ကြီးဌာနရုံးများနှင့် ဝန်ထမ်းလိုင်းခန်းများ တည်ရှိရာမြို့ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးရုံးနှင့် ရဲချုပ်ရုံးအပါအဝင် အစိုးရရုံးများအားလုံးနီးပါး COVID ရောဂါပိုး တွေ့ရှိထားကြောင်း သိရသည်။
ယင်းသို့ ကူးစက်မှုများပြားနေသဖြင့် ဝန်ကြီးဌာန ရုံးများအနေဖြင့် နှစ်ပတ်ဆင်း နှစ်ပတ်နား စနစ်ဖြင့် ရုံးတက်ကြရန်နှင့် အနည်းဆုံးအင်အားဖြင့် ရုံး တက်ရန် စစ်ကောင်စီက ညွှန်ကြားထားသည်။
စစ်ကောင်စီအနေဖြင့် ရောဂါပိုးကူးစက်မှု ထိန်း ချုပ်နိုင်ရန် အများပြည်သူရုံးပိတ်ရက် လေး ရက်အပါအဝင် ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့ထိ ကိုး ရက်ကြာ ရုံးပိတ်ရက်အဖြစ်ထားပြီးသတ်မှတ် မလိုအပ်ဘဲ အိမ်အပြင်မထွက်ရန် ညွှန်ကြား ထားသည်။
ထို့ပြင် စစ်တပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့သည် အတည်ပြုလူနာ ၈၁၁ ဦးဖြင့် ကူးစက်မှု ဒုတိယအများဆုံး ဖြစ်သော်လည်း လက်ရှိအချိန်ထိ Stay Home သတ်မှတ်ထားခြင်းမရှိကြောင်း သိရသည်။
ကူးစက်မှုများပြားနေသည့် ဇမ္ဗူသီရိမြို့နှင့် ပျဉ်းမနားမြို့အား Stay Home သတ်မှတ်ထားပြီး ယင်းမြို့များသို့ ဝင်ရောက်မည်ဆိုပါက အခြားမြို့နယ်များမှ ရပ်/ ကျေးထောက်ခံစာ ပါရှိမှ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ညွှန်ကြားထား သည်။
နေပြည်တော်အတွင်း ဈေးနှင့်ဆိုင်ခန်းများအား လုံး ရောင်းချခွင့်ပိတ်ပင်ထားပြီး ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်နှင့် အခြေခံစားသောက်ကုန် အရောင်းဆိုင်များအား အချိန်သတ်မှတ်၍ ရောင်းချခွင့်ပေးထားကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ ဇူ လိုင်လ ၁၄ရက်နေ့မှ စ၍ ခရီးသည်တင်ကားအပါအ ဝင် ကားများအားလုံး ဝင်ရောက်ခွင့် ပိတ်သိမ်း ထားကြောင်း သိရသည်။
#နေပြည်တော် #COVID_19 #ကူးစက်မှုမြင့်တက်
ပုလဲမြို့ပေါ်တွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံး၍ ၇ ဦးထိခိုက်ဒဏ်ရာရ
By MPA CJ008 စစ်ကိုင်းဒေသကြီး၊ ပုလဲမြို့ပေါ်တွင် ပတ်ကင်းထွက်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်အား မေလ၊ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း M7...