By MPA
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အဓိက တရားခံ ဦးကြည်လင်းဘက်မှ တရားခံ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တ ရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက် CO VID-19 ကူးစက်ခံနေရကြောင်း ရှေ့နေ အသိုင်းအဝိုင်းမှ သတင်းရရှိသည်။
၎င်းရှေ့နေသည် COVID-19 ရောဂါပိုး ကူးစက်ခံ ထားရသဖြင့် အင်းစိန်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ကျန်းမာရေး အခြေအနေကောင်း မွန်သည်ဟု သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ဥပဒေ အကြံပေးတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တက္ကစီသမား ကိုနေဝင်းတို့အား ဦးကြည်လင်းက မဂ်လာဒုံ လေဆိပ်တွင် သေနတ်နှင့် ပစ်သတ်ခဲ့သဖြင့် စွပ်စွဲ ပစ်တင်ခံရ၍ တရားရုံးစစ်ဆေးနေချိန်တွင် ဦးကြည်လင်းဘက်မှ တရား ခံရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့ပြီး ရန်ကုန် တိုင်း မြောက်ပိုင်းခရိုင်တရားရုံးက သေဒဏ် အ ထိ ပစ်ဒဏ်ချမှတ်နိုင်သည့် လူသတ်မှုပုဒ်မ ၃၀၂ (ဂ) တပ်ခဲ့မှုအပေါ် မျှတမှုမရှိဟု သုံးသပ်ပြောဆိုခဲ့သူ ဖြစ်သည်။
ဦးကြည်လင်းအား မြောက်ပိုင်းခရိုင် တရားရုံးက အပြီးသတ်စစ်ဆေးပြီးချိန်တွင် ပြစ်မှုထင်ရှားသဖြင့် ယင်းပုဒ်မ၏ အမြင့်ဆုံးပစ်ဒဏ် သေဒဏ် ချ မှတ်စီရင်ခဲ့ကြောင်း သိရသည်။
#ကျော်ကျော်ထိုက် #တရားလွှတ်တော်ရှေ့နေ #COVID-19 #ကူးစက်ခံရ #MPA
[ English Below ]
U Kyaw Kyaw Htike, Attorney of Kyi Lin who was Sentenced to Death, Contracts COVID-19
By MPA
Attorney general U Kyaw Kyaw Htike, who works as the lawyer of Kyi Lin who was sentenced to death for assassinating U Ko Ni, has contracted COVID-19, according to those close to him.
After the infection, the lawyer is taking medication in Insein Hospital and he is in good condition.
He has worked as the defendant attorney in court sessions for Kyi Lin who murdered U Ko Ni, a legal advisor to the National League for Democracy (NLD) and a taxi driver Ko Ne Win at Mingaladon airport.
He also criticized the death sentence of Kyi LIn on Murder Section 302 (c) by the Northern Yangon District Court as unfair.
After the final inspection of the case and solid evidence, Kyi Lin was given the highest penalty of the Section – sentence to death.
#KyawKyawHtike #AttorneyGeneral #COVID-19 #Infection #MPA