By MPA
COVID-19 တတိယလှိုင်းကြောင့် သေဆုံးသူ နေ့စဥ်မြင့်တက်လျက်ရှိရာမှ ဇူလိုင်လ ၁၃ ရက် ယ နေ့ည ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း သေ ဆုံးသူ ၁၀၉ ဦးဖြင့် စံချိန်တင် သေဆုံးခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။
ယင်းကဲ့သို့ သေဆုံးမှုများပြားနေသဖြင့် မြောက်ဥက္ကလာ ရေဝေးသုဿန်တွင် COVID-19 ရောဂါအပါအဝင် အကြောင်းအမျိုမျိုးကြောင့် သေဆုံး ခဲ့ရ၍ သဂြိုလ်ပေးရမည့်ရုပ်အလောင်း ၂၀၃ လောင်း ရှိခဲ့ပြီး ယနေ့မနက်ပိုင်းက စတင်၍ အလှည့်ကျ တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။
မြောက်ဥက္ကလာပ ရေဝေး၊ လှိုင်သာယာ ထိန်ပင်၊ ဒဂုံ ဆိပ်ကမ်းမြို့နယ် ကျည်စု သုဿန်တို့တွင် ယခင် COVID ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် COVID-19 ကြောင့် သေဆုံးရသည့် ရုပ်အ လောင်းများအား ကပ်ရောဂါ သတ်မှတ်ချက်များနှင့်အညီ မြေမြုပ်သဂြိုလ် ပေးခဲ့သော်လည်း ယခု တတိယလှိုင်းတွင် သာမာန် အတိုင်း မီးသဂြိုလ်စက်ဖြင့် သဂြိုလ်ပေးနေရကြောင်းသိရသည်။
သေဆုံးမှု မြင့်တက်နေသည့် COVID-19 တတိယလှိုင်းသည် COVIDလူနာများ လိုအပ်သည့် အော က်စီဂျင်မရရှိ၍ သေဆုံးမှုများနေခြင်း ဖြစ်ပြီး လိုအပ်သည့် အောက်စီဂျင်များရရှိနိုင်ရန် ပရဟိ တအသင်းအဖွဲ့များအနေဖြင့် မာရှယ်လောနောက် ပိုင်း မနက် ၄ နာရီမှစတင်၍ ရှာဖွေပေးနေရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၃ ရက် ယနေ့ထိ COV ID-19 အတည်ပြုလူနာ ၂၀၁၂၇၄ ဦး ကူးစက်ခံ ထားရပြီး ၁၄၉၇၆၇ ဦး ပြန်လည်ကောင်းမွန်ခဲ့ရာ ယနေ့သေဆုံးသူ အသစ် ၁၀၉ ဦး သေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်း ၄၀၃၆ ဦး ရှိပြီဖြစ် သည်။
#COVID19 #သေဆုံးမှုမြင့်တက် #MPA
စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ၁၄၇ ကြိမ်ထိရှိလာ
By MPA CJ 005 စစ်တပ်၏ အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ ၂၀၂၃ ခုနှစ် ဧပြီလအထိ ပြည်သူလူထု ၅ ဦးထက်မနည်း တပြိုင်တည်းသေဆုံးခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၁၄၇...