By MPA
မြန်မာနိုင်ငံတွင် COVID-19 တတိယလှိုင်း ကူးစက်မှုနှင့် သေဆုံးမှုမြင့်တက်လျက်ရှိနေဆဲ ကာ လတွင် အစိုးရဆေးရုံငယ်အချို့၌ COVID-19 ဆက်စပ်ဆေးရုံသုံးပစ္စည်းများ ပြတ်လတ်မှု များ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး မဂ်လာဒုံမြို့နယ် ပုလဲမြို့သစ် ဆေး ရုံတွင် COVID-19 ကြောင့် သေဆုံးခဲ့သူအား သွား ရောက်သယ်ယူချိန် တွင် Dead Body Bag ပင် မရှိကြောင်း သိရသည်။
” အစ်ကိုတို့သွားသယ်တာ Bodyထည့်ဖို့ အိတ်တောင်မရှိဘူး။ အလှူရှင်ပေါ်လာလို့ နောက် Bo dyတွေအတွက်ပါ အစ်ကိုတို့ပဲ ပြန်လှူပေးခဲ့တယ် ။ ဆေးရုံက တာဝန်ခံဆရာဝန်တွေကပဲ တောင်း ခံမှုမရှိတာလား။ အစိုးရက မပေးတာလား ဘယ်လိုလဲတော့ အစ်ကိုတို့ မသိဘူး။” ဟု မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် အရန်မီးသတ် တပ်ဖွဲ့ခေါင်းဆောင် ကိုထင်လင်းအောင်က MPAသို့ ပြောဆိုသည်။
လက်ရှိ စစ်ကောင်စီအနေဖြင့် အစိုးရဆေးရုံများ သို့ COVID-19 နှင့် ပတ်သက်၍ ဆေးရုံသုံး ဆက် စပ်ပစ္စည်းများအား တိုင်းနှင့်ပြည်နယ်အလိုက် ဖြန့်ခွဲထားရှိမှုများ ရှိသည်ဟု ဆိုသည်။
” ကျွန်မတို့ ဒီ Body Bag တွေတင်မကဘူး ။ အဓိ က က ကိုဗစ်လူနာတွေမှာသုံးတဲ့ ဆက်စပ် ပ စ္စည်းတွေပေါ့နော်၊ PPE တွေ ဒါမျိုးတွေကို တိုင်း နဲ့ပြည်နယ်တွေက တွက်ချက်ပြီး တောင်းခံလာတဲ့ အပေါ်မှာ ထုတ်ပေးထားတယ်။ ကျွန်မတို့ အရင်ကပြောခဲ့သလိုပဲ ဆရာဝန်တွေ ၆၀ ရာခိုင် နှုန်း လောက် ဆေးရုံတွေမှာ ပြန်ဝင်နေပြီဆိုတော့ အခက်အခဲနည်းနည်း ရှိတာက လွဲရင် ကျန်တာ အားလုံး အဆင်ပြေအောင် လုပ်ဆောင်ပေးနေပါ တယ် ” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး က ပြေကြားသည်။
ယင်းသို့ စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ဆေးရုံသုံးဆက်စပ်ပစ္စည်းများဖြန့်ခွဲပေးထား သည်ဟု ဆိုသော်လည်း အောက်ခြေဆေးရုံများ တွင် ယင်းပစ္စည်းများ ပြတ်လတ်မှုများ ဖြစ်ပေါ် နေသဖြင့် အခက်အခဲများ ဆိုးရွားစွာကြုံတွေ့နေရကြောင်း သိရသည်။
” မရှိဘူး ကျွန်တော်တို့ဆေးရုံမှာ လူလည်းမရှိဘူး။ ပစ္စည်းလည်းမရှိဘူး။ ရှိတဲ့ကုတင်တွေတောင် မြို့နယ်ဆေးရုံက လိုလို့ဆိုလို့ အကုန်ပို့ပေးလိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီကတော့ အရမ်းကြီးဆိုးရွားတဲ့အခြေနေမျိုးတော့ မဟုတ်သေးဘူး။ ဆေးရုံအတွက် လိုအပ်နေတာတွေက တော့ အများကြီးပေါ့။ တခြားအရမ်းဆိုးတဲ့နေရာတွေမှာဆိုရင် မလွယ်လောက်ဘူး ” ဟု မွန် ပြည်နယ်အတွင်းရှိ တိုက်နယ်ဆေးရုံအုပ်တစ်ဦးက MPAသို့ ပြောသည်။
လက်ရှိတွင် အစိုးရဆေးရုံများ၌ပင် အောက်စီဂျင် ပြတ်လတ်မှုများဖြစ်ပေါ်နေပြီး ပရဟိတ စေတနာ့ဝန်ထမ်း အသင်းအဖွဲ့များ အနေဖြင့် အောက်စီဂျင်လိုအပ်နေသည့်လူနာများအတွက် မနက် ၄ နာရီလောက်ကပင် လှည့်ပတ်ရှာဖွေပေးနေရကြောင်း သိရသည်။
ထို့ပြင် ကူးစက်ခံအတည်ပြုလူနာများ ပိုမိုများ ပြားလာသဖြင့် ဆေးရုံတင်ကုသ၍မရတော့ဘဲ မိမိနေအိမ်၌ Homeကွာရန်တင်းဖြင့်သာ ဆေးကု သနေရပြီး အရေးပေါ်အခြေနေ ဖြစ်ပေါ်မှသာ ဆေးရုံများမှ လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။
COVID-19 တတိယလှိုင်းသည် ပို၍ ပြင်းထန်လာနေပြီး လတ်တလောတွင် အဆိုးရွားဆုံးအခြေနေ သို့ရောက်ရှိနေကာ ဇူလိုင်လ ၁၂ ရက် မနေ့ည ထုတ်ပြန်ချက်အရ တစ်ရက်အတွင်း ကူးစက်လူ နာအသစ် ၅၀၀၀ ကျော်နှင့် သေဆုံးသူ ၁၀၀ နီး ပါးထိ ရှိနေကြောင်း သိရသည်။
#COVID_19 #တတိယလှိုင်း #ဆေးရုံသုံးပစ္စည်း #စစ်ကောင်စီ #လူမှုကူညီရေးအသင်း #MPA
ဘုရားသုံးဆူမြို့တွင် တရားမဝင်ရောက်ရှိနေသော တရုတ်များ အမြန်ဆုံး ထွက်ခွာရန် DKBA ထုတ်ပြန်၊ထိုင်းလျှပ်စစ်နှင့် လောင်စာဆီ အမြန်ဆုံးပြန်ရရန် ကြိုးပမ်းသွားမည်ဟုဆို
By Ko Paing/MPA ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဘုရားသုံးဆူမြို့တွင်းသို့ တရားမဝင် ဝင်ရောက်ကာ စား သောက်ကုန်၊ကာစီနိုနှင့်ဂိမ်းရုံများ လုပ်ကိုင်နေကြသော တရုတ်လူမျိုးများ အမြန်ဆုံးထွက်ခွာသွားကြ ရန် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က ယနေ့(ဖေဖေါ်ဝါရီကိုးရက်)သတင်းထုတ်ပြန် လိုက်သည်။ ယင်းတရုတ်လူမျိုးများအနေဖြင့် ဖေဖေါ်ဝါရီ၂၈ရက် မတိုင်မီ ဘုရားသုံးဆူမြို့မှ ထွက်ခွာပေးကြရန်နှင့်...