By MPA
မေလတတိယအပတ်မှစတင်ပြီးမြန်မာနိုင်ငံအတွင်းကိုဗစ်၁၉ကူးစက်ခံရသူအများအပြားရှိလာပသည့်အတွက် အောက်ဆီဂျင်လိုအပ်မှုများရှိကာပြည်သူအများအပြားအသက်သေဆုံးသည်အထိ ဒုက္ခရောက်နေသော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဇူလိုင်လ၁၂ရက်မြဝတီသတင်းမှပြောကြားသည်။
အောက်ဆီဂျင်အလုံလောက်ရှိကြောင်း၊ ဝယ်ယူစုဆောင်းသူများကြောင့် မလုံလောက်မှုများဖြစ်နေရခြင်းဖြစ်ကြောင်း ၊ စစ်တပ်အနေဖြင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေခြင်းရှိကြောင်း စစ်တပ်ပိုင် ဝါဒဖြန့်မီဒီယာ မြဝတီတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ရန်ကုန်မန္တလေးအပါအဝင်မြန်မာနိုင်ငံနေရာအနှံ့တွင် ကိုဗစ်ကူစက်မှုမြင့်တက်လျက်ရှိနေပြီး အောက်ဆီဂျင်လိုအပ်ချက်ေကြာင့် သေဆုံးမှုအများအပြားရှိလာခဲ့ခြင်းဖြသည်။
စစ်တပ်အနေဖြင့်အာဏာသိမ်းမှုကျူးလွန်ပြီးနောက်ပိုင်းတွင် ဆရာဝန်များကို ဖမ်းဆီးထောင်ချခြင်း၊ လူငယ်များကိုဖမ်းဆီးထောင်ချများပြုလုပ်နေသည့်အတွက် ကိုဗစ်စင်တာများတွင်ဆရာဝန်အင်အားလုပ်အားပေးလူငယ်အင်အားများလျော့နည်းလာခြင်းဖြစ်သည်။
စစ်တပ်တာဝန်ရှိသူအများစုက အောက်ဆီဂျင်ပြတ်လပ်ခြင်း နှာခေါင်းစည်းများဈေးတက်ခြင်းကိစ္စကို ကုန်သည်များနှင့်ဝယ်ယူစုဆောင်းသူများထံသို့သာ အပြစ်ပုံချလျက်ရှိနေသည်ကိုတွေ့ရသည်။
စစ်တပ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာန၏တာဝန်ရှိသူဒေါက်တာခင်ခင်ကြီးကလည်းအောက်ဆီဂျင်ပြဿနာနှင့်ပက်သက်ပြီး”အောက်ဆီဂျင်ပြတ်တယ်လို့ခြုံပြီးတော့ပြောလို့မရပါဘူး။လိုအပ်ချက်ရှိတဲ့နေရာတွေမှာလိုအပ်နိုင်ပါတယ်။အောက်ဆီဂျင်မလိုပဲနဲ့လိုရမယ်ရအောက်ဆီဂျင် ဝယ်စုထားမယ်ဒီလိုလူတွေအတ္တသမားတွေရှိနေရင်လည်းအောက်ဆီဂျင်လိုအပ်ချက်ကတော့ရှိနိုင်ပါတယ်။” ဟု MPAကိုပြောဆိုထားသည်။
လက်ရှိအချိန်တွင်မြန်မာနိုင်ငံတွင်ကိုဗစ်အတည်ပြုလူနာ၁၉၀၀၀၀ကျော်ရှိလာပြီးသေဆုံးသူ၃၈၀၀ကျော်ရှိလာပြီဖြစ်သည်။ယခုလတ်တလောတွင်သေဆုံးခဲ့သူများမှာဆေးကုသမှုကောင်းစွာမရရှိခြင်း၊အောက်ဆီဂျင်ပြတ်လပ်ခြင်းစသည်တို့ကြောင့်သေဆုံးခဲ့ရခြင်းဖြစ်သည်။
Photo_ MPA