By MPA
ပဲခူးတိုင်း အင်းတကော်မြို့အခြေစိုက် အမှတ်(၁) ခဲယမ်းမီးကျောက်တပ်တွင် ၄င်းတပ်ရင်းရှိ အရာ ရှိ၊စစ်သည်၊မိသားစုဝင်များတပ်ရင်းတစ်ရင်းလုံး နီးပါး COVID-19 ကူးစက်ခံရကြောင်း သတင်းရရှိသည်။
အဆိုပါတပ်ရင်း၏ လူပျိုစစ်သည် အိပ်ဆောင်တွင် ဇူလိုင်လ ၄ ရက်နေ့က စစ်သားတစ်ဦးသေ ဆုံးနေ၍ စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် တပ်ရင်းတစ်ခုလုံးအား ဆက်လက် စစ်ဆေးရာ တပ်ရင်းတစ်ခုလုံးနီးပါး ၉၀ ရာခိုင် နှုန်းထိ တွေ့ရှိကြောင်း သိရသည်။
” ပြီးခဲ့တဲ့တစ်ပတ်လောက်က စစ်သားတယောက် သေလို့ဆေးရုံပို့တော့ COVID လို့ အကြောင်းပြန်ပြီးတော့ ဒီတပ်ထဲရှိတဲ့လူပေါ့နော် အရာရှိကြီးကစ မိသားစုတွေရောအကုန်စစ်တာ။ အကုန်လုံးနီး ပါးဘဲ ကူးကုန်တယ်လို့သိရတယ်။” ဟု အင်းတကော်တပ်နှင့်နီးစပ်သူ ဒေသခံတစ်ဦးက MPA သို့ပြောသည်။
ယင်းသို့ကူးစက်ခံရသူများအား တပ်တွင်း၌ပင် Homeကွာရန်တင်းထား၍ ကုသပေးနေရပြီး ဝေဒနါ ပြင်းထန်မှသာ ဆေးရုံသို့ပို့ပေးနေရကြောင်း သိရသည်။ ” ခုက သူတို့ အိမ်တွေမှာဘဲ ကုပေးနေတာ။ တချို့လည်း ပြန်ပြီး သက်သာသလို ၊ အဖျားကြီး လာတာမျိုးဖြစ်လို့ ဆေးရုံပို့ရတဲ့ သူတွေလည်း ရှိတယ်။” ဟု ၄င်းက ပြောသည်။
၄င်းတပ်ရင်းအား အဝင်အထွက်ပိတ်ဆို့၍ Lock down ချထားဆဲဖြစ်ပြီး ထပ်မံသေဆုံးသူမရှိ ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါတတိယလှိုင်း ဇွန်လဆန်းပိုင်းမှစတင်၍ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီ လက်အောက်ရှိ တပ်ရင်း/တပ်ဖွဲ့များ၊ ရဲစခန်းများ၊ ရဲတပ်ရင်းများကူးစက် ပျံ့နှံ့ နေပြီး နေပြည်တော်ရှိ စစ်ဌာနချုပ်ရုံး၊ ရဲဌာနချုပ်များပါ ကူးစက်မှု မြင့်တက်လျက်ရှိသည်။
#အင်းတကော် #တပ်တွင်းကူးစက် #COVID-19 #MPA
စွန်ရဲအင်းကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၇ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့
မြန်မာတစ်နိုင်ငံလုံးနီးပါး ငလျင်လှုပ်ခတ် စစ်ကိုင်းတံတားဟောင်းနှင့် မန္တလေးမြို့ရှိ တိုက်များ ပြိုလဲမှုဖြစ်ပေါ် မြန်မာတစ်နိုင်ငံလုံးနီးပါး ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတံတားဟောင်းပြိုကျခဲ့သည့်အပြင် မန္တလေးမြို့ရှိ တိုက်အချို့ပါ ပြိုကျခဲ့ကြောင်း သိရသည်။ ယနေ့(မတ် ၂၈ရက်) မွန်းလွဲ တစ်နာရီခန့်က မန္တလေးတိုင်း စဉ့်ကူးမြို့နှင့် ကျောက်ဆည်မြို့ကြားရှိ...