By MPA
ကူးစက်မြန် COVID-19 ဖြစ်ပွားမှု များပြားနေသည့် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ကိုဗစ်ရောဂါကာကွယ်ရေးအတွက် စခန်းမှူးက ယမန်နေ့မှစ၍ ဂျင်းပြုတ်ရည် တိုက်ကျွေးနေကြောင်း သိရသည်။
ဂျင်းပြုတ်ရည်တိုက်ရာတွင် မြို့မစခန်းရှိ ရဲတပ်ဖွဲ့ဝင်အားလုံးနှင့် မိသားစုဝင်များကို ခွက်တစ်ခုထဲဖြင့် တိုက်ကျွေးခဲ့သည့်အတွက် ကိုဗစ်ကူးစက်မှု ပိုမိုများပြားနိုင်ကြောင်း သာပေါင်းမြို့ခံများက ဝေဖန်ပြောဆိုကြသည်။
ဓာတ်ပုံ – CJ/MPA