By MPA
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်ကိုဗစ်အန္တရာယ်ကြားမှဖွင့်လှစ်ခဲ့သည့်စာသင်ကျောင်းများကို ဇူလိုင် ၉ ရက်မှစ၍ ပြန်ပိတ်မည်ဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ၈ရက်ညတွင် သတင်းထုတ်ပြန်လိုက်ပါသည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၁ မေလတတိယပတ်မှစ၍ မျိုးရိုးဗီဇပြောင်းလဲလာသော COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုရှိနေကြောင်း ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ သိရှိရသောကြောင့် အချိန်မီ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ေကြာင်းထုတ်ပြန်ချက်တွင်ေဖာ်ပြထားသည်။
နိုင်ငံတဝှမ်းမှ အစိုးရအခြေခံပညာကျောင်းများ ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ကို ဇူလိုင် ၉ ရက်မှ ဇူလိုင် ၂၃ ရက်နေ့ထိ ရက်သတ္တ ၂ ပတ်ခန့်ကြာ ယာယီပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်ကိုဗစ်တတိယလှိုင်းသည်မေလတတိယအပတ်မှစတင်ခဲ့သော်လည်း စာသင်ကျောင်းများမှာ ယခုအချိန်တွင်မှပိတ်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်က မြို့နယ်ပေါင်း ၄၅ မြို့နယ်ကို stay at homeသတ်မှတ်ထားပြီး ယနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြုလူနာ ၄၁၃၂ ဦး၊ သေဆုံးသူ ၅၁ ဦး ရှိကြောင်း သိရသည်။
Photo -MPA