By MPA
အာဏာသိမ်းစစ်တပ်မှတပ်သားများ၊မိသားစုဝင်များနှင့်အရပ်သားအချို့နေထိုင်ရာကိုကိုကျွန်းတွင်ဇူလိုင်လ၈ရက်နေ့တွင်အတည်ပြုလူနာတစ်ဦးရှိကြောင်းစစ်တပ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။
“ပြည်မ က နေ တပ်လေယောဥ် နဲ့လာသူ စကစ တပ်ဖွဲ့ဝင်တဦးလို့ကြားပေမဲ့ လုံခြုံရေးတင်းကြပ်ထားသောကြောင့်မည်သူမည်ဝါမသိရသေးပါ။”ဟုအမည်မဖော်လိုသူသတင်းရင်းမြစ်တစ်ဦးကဆိုသည်။
ကိုကိုကျွန်းတွင်စစ်သားများနှင့်၎င်းတို့မိသားစုဝင်များသာမကအရပ်သားများလည်းနေထိုင်လျက်ရှိကာလူဦးရေ၁၅၀၀ခန့်ရှိသည်။
ယခုလူနာသည်ကိုကိုကျွန်းတွင်ကိုဗစ်စတင်ဖြစ်ပွားချိန်မှစ၍ပထမဆုံးတွေ့ရှိခဲ့သောကိုဗစ်အတည်ပြုလူနာဖြစ်သည်။လက်ရှိအချိန်တွင်မြန်မာနိုင်ငံတွင်ကိုဗစ်အတည်ပြုလူနာ၁၄၂၃၀၉ရှိပြီးသေဆုံးသူ၃၆၀၀ကျော်ရှိပြီဖြစ်သည်။
#ကိုးကိုးကျွန်း #Covid_19 #MPA