By MPA
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိ အခြေ စိုက် အမှတ်(၁၈)ရဲတပ်ရင်းမှ ဒုရဲအုပ်အဆင့်ရှိသူ တစ်ဦး COVID-19ရောဂါပိုးဖြင့် ဇူလိုင်လ ၇ ရက် မနေ့နေ့လည်ပိုင်းက သေဆုံးသွားကြောင်း သ တင်းရရှိသည်။
၄င်း ဒုရဲအုပ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖျားနေနေသဖြင့် စစ်ဆေးခဲ့ရာ COVID-19 ရော ဂါပိုးတွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ကွာရန်တင်းစင်တာ သာဝတ္ထိမြို့ ရဲတပ်ရင်း (၁၇)သို့ ပို့ဆောင်ကုသပေးနေရာမှ မနေ့နေ့လည်ပိုင်းက သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့အသိုင်း အ ဝိုင်းမိသားစုနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
၄င်း ရဲအရာရှိသည် ကျောက်ကပ်မကောင်းသည့် ရောဂါအခံရှိပြီး ကူးစက်ခံရပြီး ရက်ပိုင်းအတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးနှင့် ကလေး ၁ ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။
နေပြည်တော် ရဲတပ်ဖွဲ့ဝင်များအကြား COVID -19 ရောဂါပိုးကူးစက်မှုမြင့်မားနေပြီး ရဲဌာနချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနရုံးများထိပါ ကူးစက်ခံထားရကြောင်း သိရသည်။
နေပြည်တော်တွင် COVID-19 ရောဂါပိုး ကူးစက် မှု မြင့်တက်နေသဖြင့် ဇမ္ဗူသီရိမြို့နယ်နှင့် ပျဥ်းမနားမြို့နယ်တို့အား Stay Home ကြေငြာထားပြီး ဇူလိုင်လ ၇ ရက် မနေ့ကထိ အတည်ပြုလူနာ ၂၅၀၀ ကျော်ကူးစက်ခံထားရပြီး သေဆုံးသူ ၂၀ ဦးခန့်ရှိပြီ ဖြစ်သည်။
#COVID_19 #ဒုရဲအုပ် #သေဆုံး #MPA