By MPA
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင်လ ၇ ရက်နေ့ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်းစစ်ဆေးချက်အရ COVID-19 အတည်ပြုလူနာ ၃၉၄၇ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ထပ်မံသေဆုံးသူ ၅၇ ဦး ရှိကာ ကူးစက်မှုနှင့် သေဆုံးမှုမြင့်တက်နေသည့်မြို့ ၁၃ မြို့ Stay Home အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုးမြှင့်သတ်မှတ်ခဲ့သည့် မြို့များမှာ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်၊ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့ပါဝင်ပြီး ဇူလိုင်လ ၈ ရက် ယနေ့ မနက် နံနက် ၄ နာရီမှစ၍ Stay at Home အဖြစ်သတ်မှတ်လိုက်ကြောင်း သိရသည်။
ယခင် Stay at Home အဖြစ် သတ်မှတ်ထားသည့်မြို့ ၃၁ မြို့နယ်ရှိခဲ့ပြီး ယနေ့ထုတ်ပြန်ကြေငြာချက်အရ ၁၃ မြို့ထပ်မံသတ်မှတ်ခဲ့၍ Stay Ho me မြို့ စုစုပေါင်း ၄၄ မြို့နယ်ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ဇူလိုင်လ ၈ ရက် ယနေ့ထိ CO VID-19 အတည်ပြုလူနာ ၁၇၅၉၂၃ ဦး ကူးစက်ခံထားရပြီး ၁၄၁၂၅၅ ဦး ပြန်လည်ကောင်းမွန် ခဲ့ပြီး သေဆုံးသူစုစုပေါင်း ၃၅၇၀ ဦး ရှိပြီဖြစ် သည်။
#COVID_19 #StayatHome #စစ်ကောင်စီ #MPA