By MPA
ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေသည့်အချိန်တွင်အထွေထွေဆေးရုံကြီးတစ်ခုဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်၅၀အထက်ရှိသော လူနာများကို လက်မခံတော့ကြောင်းဆရာဝန်တစ်ဦးမှပြောကြားပြီးပြန်လွှတ်ခဲ့ကြောင်း သိရသည်။
“ကျမတို့အဖေနေမကောင်းဖြစ်တာ ၆ရက်လောက်ကြာတော့ဆေးရုံပြဖို့အတွက် ဆေးရုံကားခေါ်တော့ကိုဗစ်စစ်ပြီးမှလက်ခံမယ်ဆိုတော့ ကျမတို့ မြို့နယ်ဆေးရုံတစ်ခုမှာ စစ်ကြည့်တော့ Negativeထွက်တယ်။အဲ့တော့ဆေးရုံကားခေါ်ပြီး ဆေးရုံကြီးသွားကြတော့ တာဝန်ကျနေတဲ့ဆရာဝန်တစ်ဦးက ဒီမှာ အောက်ဆီဂျင်၅၀အထက်ဆိုရင်လက်မခံဘူးဆိုပြီးပြန်လှည့်ခိုင်းပြီး အခြားဆေးရုံမှာသွားပြဖို့ပြောခဲ့ပါတယ်။ကျမတို့ရှေ့က အောက်ဆီဂျင်၄၁လောက်ရှိတဲ့သူကိုလည်းပြန်လွှတ်ခဲ့တာတွေ့ရပါတယ်”ဟုဇူလိုင်လ၅ရက်နေ့တွင်ဆေးရုံသွားရောက်ပြသခဲ့သူတစ်ဦးကဆိုသည်။

MPAအနေဖြင့်စုံစမ်းမေးမြန်းမှုများအရဆေးရုံကြီးအပါအဝင်ကျန်ေဆးရုံများတွင် လက်ရှိအချိန်တွင် သာမန်ရောဂါများဖြစ်ပွား၍သွားရောက်ပြသပါက အပူချိန်တိုင်းခြင်းအောက်ဆီဂျင်တိုင်းခြင်းများပြုလုပ်နေပြီး အပူချိန်မြင့်မားခြင်းအောက်ဆီဂျင်လျော့နည်းခြင်းများရှိပါက လက်မခံကုသပေးခြင်းမရှိတော့ပဲပြန်လွှတ်ကြောင်းသိရသည်။
“အခုဆိုရင် ကူညီရေးအသင်းတော်များများက ကိုဗစ်လက္ခဏာရှိရင်မသယ်ချင်တော့ဘူး။ဘာလို့ဆိုရင် ပို့ပေးရမယ့်နေရာမှမရှိတာ ။ဆေးရုံကလက်ခံဖို့ကလည်းမသေချာဘူးလေ။ဆေးရုံမှာ ကိုဗစ်လက္ခဏာတွေ့တာနဲ့ပြန်လွှတ်နေတယ်။အဲ့တော့တချို့ကားလာအကူညီေတာင်းရင် အားနာနာ နဲ့ငြင်းနေရတယ်”ဟုရန်ကုန်အခြေစိုက်ပရဟိတသမားတစ်ဦးကဆိုသည်။
ပြည်သူများအနေဖြင့်စစ်တပ်၏ဝါဒဖြန့်မီဒီယာများတွင် ထုတ်လွှင့်သော သတင်းများအရ နောက်ဆုံးမတတ်နိုင်သောအခြေအနေများတွင် တပ်မတော်ဆေးရုံများသို့သွားရန်ပြောကြားမှုများရှိသော်လည်း အမှန်တကယ်တွင်တပ်မတော်ဆေးရုံအနေဖြင့်ပြင်ပလူနာများလက်ခံနေမှုမရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းတတိယလှိုင်းစတင်ပြီဟုဆိုနိုင်သည့်အခြေအနေတွင်ရှိနေပြီးစစ်တပ်လက်အောက်ခံကျန်းမာရေဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ ဇူလိုင်လ၅ရက်နေ့တစ်ရက်တည်းတွင်အတည်ပြုလူနာ၂၉၀၀ကျော်ရှိသည်။လက်ရှိအချိန်တွင် ကိုဗစ်တင်ဖြစ်ပွားချိန်မှ စ၍ဇူလိုင်၁၅ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၁၃၉၄၇၃ဦးရှိပြီးသေဆုံးသူ၃၄၆၁ဦးရှိပြီဖြစ်သည်။
#Covid_19 #ရန်ကုန်ဆေးရုံကြီး #လူနာ #MPA #Yangon