By MPA
ရန်ကုန်တွင် ကိုဗစ်ယခုကဲ့သို့နေ့စဥ်တွေ့ရှိနေခြင်းမှာ စစ်ဆေးတွေ့ရှိသမျှသာဖြစ်ပြီး လက်တွေ့တွင် ယခုစာရင်းများထကိပိုမိုများပြားနိုင်ကြောင်းရန်ကုန်ရှိ အမည်မဖော်လိုသူပရဟိတသမားတစ်ဦးကဆိုသည်။
“အရင်ကဆို လက္ခဏာဖြစ်တယ်ဆိုရင် ချက်ချင်းသွားစစ်လိုက်ရုံပဲ။ဘာမှ ပူစရာမလိုဘူး။အခုက အရင်နဲ့လုံးဝမတူတော့အတွက် အကြောင်းကြားတာမျိုးမရှိပဲ ကိုဗစ်ဖြစ်နေတဲ့သူတွေအများအပြားရှိတယ်။ကျနော်တို့ဆီကို အန့့ပျောက်ရင်ဘယ်လိုနေရမလဲ ဘယ်လိုစားရမလဲဆိုပြီး လာလာမေးကြတာမနဲဘူး”၎င်းကဆိုသည်။
ရန်ကုန်ရှိ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးကိစ္စများအတွက် ဒေါက်တာခင်ခင်ကြီး ကိုMPAအနေဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်းပြန်လည်ဖြေကြားခဲ့ခြင်းမရှိချေ။
ယခင်က ရန်ကုန်တွင်ကိုဗစ်စင်တာအမြောက်အမြားဖြင့် ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက်ဆောင်ရွက်မှုများရှိခဲ့သော်လည်း စစ်တပ်မှအာဏာသိမ်းမှုကျူးလွန်ပြီးနောက်ပိုင်းတွင် အချို့စင်တာများပိတ်သွားခဲ့ပြီး ကျန်ရှိသည့်ကိုဗစ်စင်တာများတွင် အလုပ်ဖြစ်ရုံသာ လည်ပတ်နေကြောင်းသိရသည်။
“အခုဖွင့်နေတာက ဖောင်ကြီးရှိတယ်။အောင်မြင့်အမိုရ်ရိုးမရိပ်သာအဲ့လိုမျိုးတွေရယ် မြို့နယ်အလိုက်ဖွင့်တဲ့စင်တာမျိုးတွေပဲရှိတော့တယ်။ အရင်နဲ့ကွာတာတော့အများကြီးပေါ့။အဓိကက လူငယ်တွေအများစုမရှိသလောက်ဖြစ်သွားတာ။ တချို့ပဲကျန်ခဲ့တော့တယ်။ အဲ့တော့လူအင်အားအရရော ထောက်ပံ့မှုတွေအရရော အများကြီးပြောင်းလဲမှုရှိတယ်။”ဟုဆိုသည်။
ယခင်ကဲ့သို့ ကိုဗစ်အတည်ပြုလူနာတွေ့ရှိပါက ဆက်စပ်လူများကို ကြည့်ရှုစောင့်ရှောက်ခြင်းမရှိတော့ပဲ တစ်စုံတစ်ယောက်ဖြစ်ပွားပါက အိမ်ကို LOCK DOWNချခြင်းမျိုးသာရှိတော့သည်။ လူထုအနေဖြင့် ကိုဗစ်စင်တာများကိုစစ်တပ်မှ ပြင်ဆင်ထားသည့်အပေါ်တွင် မယုံကြည်မှုများရှိနေပြီး ဆေးရုံသို့သွားရန်စိန်ခေါ်မှုများရှိနေသည်။
လက်ရှိအချိန်တွင် မြန်နိုင်ငံတွင်ကိုဗစ်အတည်ပြုလူနာ ၁၃၈၀၂၆ဦးအနက် သေဆုံးသူ၃၃၈၄ဦးရှိကာတတိယလှိုင်းစတင်ချိန်မှစ၍ယနေ့အချိန်ထိ Stay Home ကြေညာထားသည့်မြို့နယ်၂၆မြို့နယ်ရှိပြီဖြစ်သည်။