မြန်မာပြည်သူတို့အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံမှ မည်သို့သောအရာကို မျှော်လင့်နိုင် မည်နည်းဟု မေလ၃ရက်နေ့၊ကုလအစည်းအဝေးတစ်ရပ်တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်လိုက်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏မေလ၃ရက်နေ့စာရင်းအရ စစ် ကောင်စီ၏သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသောပြည်သူ ၃၄၅၉ဦး။မြန်မာပြည်သူတို့၏အသက်မှာ လူ့အသက် များ မဟုတ်သည့်ပမာ၊ တန်ဖိုးမဖြတ်နိုင်သော လူ့အသက်သည် ဈေးအပေါဆုံးဖြစ်ရသည်။
ဧပြီ၁၁ရက်နေ့၊နံနက်၇နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ်၊ပဇီကြီးရွာပေါ်သို့ ရောက်ရှိလာသောသေမင်း တမန်တိုက်လေယာဉ်နှင့်ရဟတ်ယာဉ်တို့မှာ အသက်၆လမှသည် ၇၆နှစ်အရွယ်ထိ လူ ၂၀၀ နီးပါး ၏အသက် ကို ခဏတာအတွင်း ဇွတ်အတင်း ဆွဲနှုတ်ပစ်ခဲ့သည်။
၂၀၂၁ခုနှစ်၊ဒီဇင်ဘာ၂၁ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ထွက်ပေါ်လာခဲ့ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်ရန် မာမာထန်ထန် တောင်းဆိုခဲ့သော်လည်း စစ် ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများဖြင့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အပေါ် အာခံခဲ့ သည်။
ပဇီကြီးရွာလူသတ်ပွဲတွင် လုံခြုံရေးကောင်စီ မည်သို့တုံ့ပြန်ခဲ့သနည်း။သံတမန်ဝေါဟာရတွင် ပျော့ ပျောင်းလွန်းလှသော သေဆုံးခဲ့ရရှာသူများအတွက် ဝမ်းနည်းရပါကြောင်း ကြေညာချက်ပင် မထုတ်ပြန် နိုင်။
မည်သို့ပင်ဖြစ်စေ၊တောင်းဆိုရန်တာဝန်ရှိသော သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာပြည်သူတို့ ၏အသက် ထပ်မဆုံးရှုံးစေရေးအတွက် လုံခြုံရေးကောင်စီအနေနှင့် ပြတ် ပြတ်သားသားကာကွယ်ပေး သင့် ကြောင်းနှင့် စစ်ကောင်စီတပ်၏ အရပ်သားပြည်သူများအပေါ် လူမဆန်သည့် သတ်ဖြတ်မှုများကို လုံခြုံရေး ကောင်စီအနေနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်းမေလ၃ရက်တွင် ပြောကြားခဲ့သည်။
သို့သော်၊ကုလလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် နိုင်ငံကြီးအချို့၏ စစ်ကောင်စီသက်ဆိုးရှည်ရေး ကျားကန်ပေးနေမှုအရ မြန်မာ့အရေး လုံခြုံရေးကောင်စီ၏နောက်ထပ်ခြေတစ်လှမ်းကို အိပ်မက်မက်ရန်ပင် ခက်လှသည်။
ယင်းသို့သောအခြေအနေတွင် မြန်မာပြည်သူတို့အနေဖြင့် အာဆီယံထံမှ မည်သို့သောအရာကို မျှော် လင့်နိုင်မည်နည်း။၂၀၂၂ခုနှစ်၊နိုဝင်ဘာ၁၁ရက်နေ့၊အာဆီယံထိပ်သီးအစည်းအဝေးက ထုတ်ပြန်ခဲ့သော အာဆီ ယံမူ၅ရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့်ဆုံးဖြတ် ချက်၁၅ချက်မှာ ယခုနှစ်မှစ၍ ပျောက်ဆုံးနေပေသည်။ဆုံးဖြတ်ချက်၁၅ချက်၏အဓိကအချက်မှာ အာဆီယံမူ ၅ရပ်ကို အချိန်အကန့်အသတ်ဖြင့် ဖော်ဆောင်ရေးဖြစ်ပြီး မူ၅ရပ်ကို လုံးဝဖော်ဆောင်ခြင်းမရှိသော စစ်ကောင် စီအား ဖိအားပေး ဖော်ဆောင်စေလိုခြင်းဖြစ်သည်။
သို့သော်၊ယနေ့ထိတိုင် အချိန်ကန့်သတ်ခြင်းအစီအစဉ်ကိုလက်တွေ့ဖော်ဆောင်ရန် ဆွေးနွေးခြင်း အဆင့်ပင် မရောက်ရှိသေးသည့်အတွက် ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်သည်ပင် ရေစုန်မျောမည့်ကိန်း ဆိုက်နေပေသည်။
အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြီးခဲ့သည့် ၄လတာအတွင်း မြန်မာ့အရေး နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊တိုင်းရင်းသား လက်နက်ကိုင်၊ မြန်မာ့အိမ်နီးချင်း အိန္ဒိယ၊ထိုင်းတရုတ်နိုင်ငံတို့အပြင်နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ထိ တွေ့ဆက်ဆံမှု အ ကြိမ်၆၀ထက်မနည်း ပြုလုပ်ခဲ့သည်ဟုဆိုသည်။သို့သော်၊ယနေ့ထိတိုင် ရလဒ်မရှိ။အာဆီ ယံမူ၅ရပ်မှာ ယနေ့ထိ တိုင် သုညဘဝမှ ရှေ့ဆက်မတက်နိုင်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ မြန်မာ့အရေး ရပ်ခံပေးနေမှုကို ကြည့်ပါကလည်း အားရကျေနပ် ဖွယ် ကောင်းလှသော် လည်း နွေဦးတော်လှန်ရေးအတွက် လက်ခုပ်သံများသာ ကြားနေရပြီး ထိရောက်သည့်ပံ့ပိုးမှု မရှိပေ။ယင်းသို့ အရပ်ရပ်သောအခြေအနေတွင် တရုတ်အစိုးရက စစ်ကောင်စီနှင့် လက်ဆွဲနှုတ်ဆက်လိုက်ခြင်း မှာ မြန်မာပြည် သူများအတွက် မေးခွန်းထုတ်စရာပင်။
ပြောရလျှင် နွေဦးတော်လှန်ရေးဆိုသည်မှာ ကိုယ့်အားကိုယ်ကိုး၊လက်ထိုးလှော်ခတ်ရင်း ကိုယ့်ဘာသာ တက်ဆင်၊ကိုယ့်ဘာသာရွက်ဆင်ကာ ခရီးတစ်ခုသို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး နွေဦးတော်လှန်ရေး၏ရှေ့ခရီးမှာ လည်း ပြည်သူတို့၏ရုန်းကန်ခွန်အားဖြင့်သာ မုန်တိုင်းထန်နေသောပင်လယ်ပြင်ကို ဆက်လက်ဖြတ်ကျော်ကြရ မည်ဖြစ်သည်။
ကျွန်ုပ်တို့ စိတ်ကူးမယဉ်ကြရန်လိုသည်။နိုင်ငံတကာအပေါ် မျှော်လင့်ချက်မကြီးကြရန်လိုသည်။နွေဦး တော်လှန်ရေးသည် ကျောက်သားရင်ပြင်ထက်မှ ရအောင်အမြစ်တွယ်ကာ ရှင်သန်ခဲ့သော သစ်ပင် သို့မဟုတ် ကျွန်ုပ်တို့ပြည်သူတို့၏ အသက်သွေးချွေးဖြစ်သည်။ကျွန်ုပ်တို့ပြည်သူတို့၏ မလျှော့သောစိတ်ဓာတ်နှင့်တိုက်ပွဲ ခေါ်သံသည် သာ ကျွန်ုပ်တို့လိုချင်နေသော အောင်မြေဆီသို့ ပို့ဆောင်နိုင်မည် ဖြစ်ကြောင်း MPA က ယုံကြည် ပါ သည်။