==========================================================
သိပ်မကြာသေးသော အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်က မြို့ပြရောကျေးလက်ပါ ထိန် ထိန် သာခဲ့သော လျှပ်စစ်မီးမှာ ယခုအခါ နှစ်ပေါင်း၄၀ခန့်ကြာ မဆလခေတ်သို့ နောက်ပြန်ဆုတ်သွား သည့်ပမာ အမှောင်ကျလျက်ရှိ သည်။
ရန်ကုန်လို၊မန္တလေးလို မြို့ပြများတွင်ပင် အလှည့်ကျစနစ်ဖြင့်လျှပ်စစ်မီးပေးနေသည်ဟု ဆိုသော် လည်း မီးလာရမည့်အချိန်၌ ထမင်းအိုးတစ်လုံးကျက်ရုံကြာချိန်တောင်မလာဘဲ မီးပြတ်မည့်အချိန်ရောက် လျှင် တစ်စက္ကန့်မလွဲသည်မှာ ပြီးခဲ့သည့်စစ်အစိုးရလက်ထက်ကို ကျော်လွန်ကာ မဆလခေတ်အထိ အလျင်စလို သမိုင်းဘီး နောက် ပြန်ဆုတ်ခြင်းပင်ဖြစ်သည်။
မဆလခေတ် ရန်ကုန်မြို့သည် လူအထပ်ထပ်စီထားသော ကန်ထရိုက်တိုက်ခန်းပင်မလိုအပ်သေး သည့် လူဦးရေ ပါးပါးသာရှိသေးသလို ထိုအချိန်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကလည်း များများစားစားမရှိသေး သောကြောင့် အိုဇုန်းလွှာပေါက်ပြဲမှုနှင့် အပူသည်းခြင်းပြဿနာမှာ မြန်မာနိုင်ငံသားများ ကြားပင်မကြားဖူး သေး ပေ။
ယခုအခါမှာတော့ မြေပေါ်တွင် မဆံ့တော့သဖြင့် လေပေါ်အထပ်မြှင့် တက်နေရသည့် လူဦးရေသိပ် သည်းဆများစွာနှင့် ကြောက်မက်ဖွယ်အပူသည်းခြင်းက ဆိုးရွားလွန်းလေတော့ အမှောင်ကမ္ဘာတွင်ချွေးဒီးဒီး ကျနေခြင်းမှာ မြို့ပြ၏ ပစ္စက္ခနေထိုင်မှုဘဝဖြစ်လာသည်။
မီးမလာသဖြင့် ရေမလာ။ရေမရသဖြင့် တစ်နေ့လျှင် တစ်ကြိမ် ရေချိုးခွင့်ရရန်ပင် ခက်လှ။တစ်နေကုန် ပူထားသမျှ အပူများနှင့် တိုက်ခန်းများထဲ မီးမလာ လေမရ အပူကြီးမှုက ညစဉ်ဆက် တိုက် ငရဲထဲအရှင်လတ် လတ်ရောက်သွားသလို ခံစားနေကြရသည်။
မြို့ပြလူမှုဘဝများမှာ ထိုသို့ အပူကြီးခြင်းနှင့်တစ်ပူပေါ် နှစ်ပူဆင့်စေသော လျှပ်စစ်မီးပြတ်တောက် ခြင်းဒဏ်ကြား လိမ့်နေအောင်ခံစားနေရသလို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း အသက်ကိုရန်ရှာနေသော စစ်ဘီလူးတို့နှင့်ဝေးရာ တိမ်းရှောင်ပြေးနေရသည့်စစ်ဘေးရှောင်များထဲ ချွေး ထွက်လွန်ပြီး မူးမေ့လဲကျသူ များ လာရ။ ခင်ဦးမြို့နယ်အတွင်းရှိ အသက်၈၀ကျော်အရွယ် အ ဘွားအိုတစ်ဦး စစ်ကြောင်းရှောင် ပြေးရင်း ချွေး ထွက် လွန် ရေဓာတ်ပြတ်ကာ အမောက်ဖောက်တိမ်းပါးခဲ့ရသည်။
ပြည်သူမပေးသော အာဏာကို အရူးအမူးလိုချင်နေသော စစ်ကောင်စီအတွက် လျှပ်စစ်မီးပြတ် တောက်ခြင်းပြဿနာအပေါ်အာဏာရှင်တို့၏ ထုံးစံအတိုင်း မိမိတို့ကြောင့်မဟုတ်ဟု ဆိုကာ အခြားသူ များအား လက်ညှိုးထိုး အပြစ်ပုံချပစ်လိုက်သည်။
ပထမထိုးလိုက်သည့် လက်ညှိုးမှာ နွေရာသီတွင် ရေအားလျှပ်စစ်စက်ရုံများ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့ကျခြင်း။ နောက်လက်ညှိုးတစ်ချောင်းမှာ PDFများက မဟာဓာတ် အားလိုင်း များကို ဖောက်ခွဲခဲ့ခြင်းကြောင့်ဟုဆိုပြီး ရန်ကုန်မြို့တွင် လျှပ်စစ်သုံးစွဲမှုတိုးလာသည်ဟုလည်း ထပ်လက်ညှိုးထိုးခဲ့ သည်။
နွေတွင်ရေအားလျှပ်စစ်ထုတ်လုပ်မှုလျော့ကျခြင်းမှာ ယခုမှမဟုတ်။တစ်နိုင်ငံလုံးမီးပြတ်တောက်သည် အထိ PDFများ မတိုက်ခိုက်နိုင်ခြင်းမှာလူတိုင်းအသိ။ဝမ်းရေးနက်နေသောရန်ကုန်မြို့တွင် ပိတ်သိမ်းသည့်စက် ရုံ ကများများနှင့် လူအင်အားလည်း ချက်ချင်း လက်ငင်းတိုးလာစရာ အကြောင်းမရှိ။
ယနေ့လျှပ်စစ်မီးပြဿနာ၏အခရာထဲတွင်ပါဝင်သော သာကေတနှင့်သီလဝါက LNGသဘာဝဓာတ် ငွေ့ရည် သုံး လျှပ်စစ်ထုတ်လုပ်မှုစီမံကိန်း၂ရပ် ရပ်ဆိုင်းသွားကြောင်း မီဒီယာများကဖော်ပြကြပြီး ဒေါ်လာငွေ မသုံးနိုင် တော့ခြင်းကြောင့် ရပ်ဆိုင်းသွားသည်ကို စစ်ကောင်စီက ရှင်းပြရန်အတိတ်မေ့လျက်ရှိသည်။
အဘယ့်ကြောင့် ဒေါ်လာငွေမသုံးနိုင်ရသနည်း။လက်ရှိဘတ်ဂျက်နှစ်အတွက် ကာကွယ်ရေးအသုံး စရိတ် ကို ကျပ်ဘီလီယံ၅၆၀၀ကျော်အထိ သုံးစွဲခွင့်ပြုခဲ့ပြီး ယင်းပမာဏသည် ယမန်နှစ်ကာကွယ်ရေးအသုံး စရိတ် ထက်ကျပ်ဘီလီယံ၂၀၀၀နီးပါးတိုးမြှင့်ချပေးလိုက်ခြင်းဖြစ်သလို ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အမြင့်ဆုံး စံ ချိန်တင်လိုက်သော အသုံးစရိတ်လည်းဖြစ်သည်။
ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်လိုက်ခြင်းမှာ စစ်လက်နက်ပစ္စည်းဝယ်ယူရန်အတွက်ဖြစ်ပြီး တစ် နည်းဆိုရသော် ပြည်သူကိုသတ်ဖြတ်ရန် ကုန်ကျစရိတ်ကို တိုးမြှင့်လိုက်ခြင်းပင်ဖြစ်သည်။ထို့ကြောင့် ပြည်သူ တို့လိုအပ်နေသာ လျှပ်စစ်မီးအတွက် ဒေါ်လာအကုန်မခံနိုင်တော့ပေ။
စစ်ကောင်စီသည် ပြည်သူကိုသတ်ဖြတ်ရန်သာတာဝန်ရှိပြီး ပြည်သူတို့အတွက်လိုအပ်နေသော လျှပ်စစ်မီးရရှိရန် တာဝန်မရှိဟု ခံယူထားပုံလည်းရသည်။လာမည့်နှစ်များတွင် လျှပ်စစ်မီးပြဿနာမှာ ပိုမိုဆိုး ရွားလာနိုင်ဖွယ်ရှိပြီး နွေဦးတော်လှန်ရေးအောင်မြေနင်းနိုင်မှသာလျှင် ထိန်ထိန်သာနေသောညများကို ပြည်သူတို့ပြန်လည်ခံစားရမည်မှာသေချာသည်။