သင်္ကြန်ဟုဆိုလိုက်လျှင် မြန်မာတို့၏ ရင်ထဲ ပျော်ရွှင်ခြင်းနှင့် လွပ်လပ်ခြင်းသည် စိမ့်နေသော အတာ ရေနှင့်အတူ ဖြန်းခနဲရောက်ရှိလာမြဲဖြစ်သည်။
သင်္ကြန်မရောက်မီကတည်းက သင်္ကြန်ကို ကြိုတင်ရင်ခုန်ကြ။ မတ်လအလယ်သို့ ရောက်ရှိလျှင်ပင် သင်္ကြန် ကြိုတင်ခံစားမှုအဖြစ် ဆရာမြို့မငြိမ်း၏သင်္ကြန်သီချင်းသံများက တောက်လောင်နေသော နွေ အပူတွင် ဝဲလွင့်လာကာ သင်္ကြန်ရောက်တော့မည်ဆိုသည့်အသိဖြင့် စိတ်တို့သည် အလိုလိုလန်းခဲ့ကြသည်။
သမိုင်းကိုပြန်ပြောင်းလှန်လှောကြည့်လိုက်လျှင် မြန်မာတို့၏သင်္ကြန်သည်ရှေးသရောအခါ ပဒေသ ရာဇ်အဆက်ဆက်ကတည်းက ဖြစ်သည်။ ထိုသို့ရှည်ကြာလွန်းလှသည့် ကာလယ န္တယားက မြန်မာနှင့်သင်္ကြန် ကို ခွဲ၍မရအောင် ချည်နှောင် ခဲ့ပြီးသား၊မြန်မာတို့၏ သွေးသားထဲ စိမ့်ဝင်စီးဆင်းနေသော ယဉ်ကျေးမှု။ သင်္ကြန် ကို အ စဉ်အဆက် မျိုးဆက် အလီလီ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြကာ နှစ်စဉ် နှစ်ဟောင်းမှအညစ်အ ကြေးများ ကို သင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်လာခဲ့ကြသည်။
မြန်မာတွင် သင်္ကြန်စတင်သည့်အချိန်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် သင်္ကြန်မကျင်းပဖြစ်ခဲ့သည့် နှစ်တချို့ရှိနိုင်သော်လည်း ယခုလိုတစ် နှစ်ပြီးတစ်နှစ် ဆက်တိုက်ဆိုသလို သင်္ကြန်မကျင်းပခဲ့ခြင်းမျိုးတော့ ရှိ မည်မထင်ပေ။
၂၀၂၀ပြည့်နှစ်တွင် ကမ္ဘာနှင့်ချီ အသက်များပေးရန် တောင်းဆိုနေသော ကိုဗစ်ရောဂါဆိုးကြီးကြောင့် သင်္ကြန်ကို ခေါက်သိမ်းခဲ့ကြရသည်။ကိုယ့်မင်းကိုယ့်ချင်းအစိုးရလက်ထက် အစိုးရနှင့်ပြည်သူ ကြည်ဖြူစွာ ပျော်ရွှင်ရသည်ဆိုသော သင်္ကြန်ကို တိတ်တိတ်ဆိတ်ဆိတ်ကျော်လွှားခဲ့ကြသည်။
၂၀၂၁ခုနှစ်သင်္ကြန်ရောက်တော့ ကိုဗစ်ထက် ပိုကြောက်မက်ဖွယ် အာဏာသိမ်းစစ်ကောင်စီ။ကိုယ့် အ နာဂတ်ကိုယ် ယုံကြည်စွာရှေ့သို့ ချီနေပြီဖြစ်သော တိုင်းပြည်ကို ငရဲသို့ ဆွဲနှစ်နေသောကာလ။ပြည်သူတို့က စစ်ကောင်စီတပ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်သော ကျည် ပျိုမြစ်အရွယ် မြသွဲ့သွဲ့ခိုင် ဦးခေါင်းထဲ ဖောက် ဝင်သွားခဲ့သည်ကိုမမေ့။ယခုလိုကာလမျိုးတွင် ပျော်စရာသင်္ကြန်မရှိ၊တော်လှန်သင်္ကြန်သာရှိရမည်ဟု ကြွေး ကြော်ခဲ့ကြသည်။ပြည်သူတို့က သင်္ကြန်တွင် အိမ်ပြင်မထွက်၊လမ်းမပေါ် မတက်။ တော်လှန်လူငယ်များက အတာအိုးသပိတ်၊သွေးမတိတ်သပိတ်၊မုန့်လုံးရေပေါ်သပိတ်၊ဆုတောင်းသပိတ်၊ဝမ်းနည်းခြင်းသပိတ် စသဖြင့် သင်္ကြန်တစ်တွင်းလုံး နီစွေးခဲ့ကြသည်။
၂၀၂၂ခုနှစ်သင်္ကြန်နားနီးတော့ စစ်ကောင်စီက မဏ္ဏပ်များတည်ကာ သင်္ကြန်ကို မြိုင်ဆိုင်ရန် အ ပြင်း အထန်အားထုတ်ခဲ့သည်။နေ့စဉ် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်နေခြင်းကြောင့် သွေးပင်လယ်ဝေ နေသမျှ သင်္ကြန်ရေဖြင့် ဆေးချလိုက်မည်ဆိုသော ရည်ရွယ်ချက်။
၂၀၂၂ခုနှစ်သင်္ကြန်သည် စစ်ကောင်စီနှင့်ပြည်သူတို့ကြား နိုင်ငံရေး တိုက်ပွဲဟု ဆိုလျှင် မမှား။သင်္ကြန် စတင်ပြီဆိုတော့ ရန်ကုန် လိုမန္တလေးလို မြို့ကြီးများတွင်ပင် စစ်ကောင်စီမဏ္ဏပ်ရှိရာ ကွက်ကွက်ကလေး၌သာ သူတို့ခေါ်ထားသော လူပါးပါးဖြင့် ပွဲပြီးခဲ့ကြ။ပြည်သူတို့က စစ်ကောင်စီသင်္ကြန်ကို ပြတ်ပြတ်သားသား ငြင်းပယ်ကာအလဲ ထိုးခဲ့သည်။
ယခု ၂၀၂၃ခုနှစ်သင်္ကြန်။စစ်ကောင်စီက မဏ္ဏပ်များဆောက်ရန်ညွှန်ကြား၊အဆင့်ဆင့်သော အာဏာ ရှင်များက သင်္ကြန်မဏ္ဏပ်ကို ခေါင်းစဉ်တပ်ပြီး သက်ဆိုင်ရာမလွန်ဆန်နိုင်သောလုပ်ငန်းရှင်များနှင့်မှောင်ခိုစီး ပွားရေးသမားများထံ ငွေညှစ်ကာ သင်္ကြန်မဏ္ဏပ် စည်ကားရေးအတွက် ကြံဆောင်။
တက်ကြွလှုပ်ရှားလူငယ်များကတော့ ‘စစ်တပ်စီးပွား တို့ငြင်းဆန်၊တော်လှန်သင်္ကြန် ပြည်သူ့အသံ’ဟု ကြွေးကြော်လိုက်သည်။တစ်တိုင်းပြည်လုံးအနှံ့ စစ်ကောင်စီက မီးရှို့ လူသတ် အကြမ်းဖက်ခံနေရသည့်အချိန် တွင် အပျော်မလွန်ကြရန် သတိပေးသည်။စစ်ကောင်စီမဏ္ဏပ်များနှင့်မပတ်သက်နှင့်။တော်လှန်ရေးကို နိုင်သ လောက် ထောက်ပံ့၊သင်္ကြန်ကာလတွင် တစ်နှစ်တာ စိတ်ဖိစီးမှုများကို ေလျှာ့ချနိုင်ရေး ခရီးထွက်ခြင်းသည် ပြဿ နာမဟုတ်။
သို့သော်၊ခရီးသွားလာရင်း ဘီယာ၊အရက်၊စီးကရက်၊စက်သုံးဆီဆိုင်၊ဟိုတယ် စသည်ဖြင့် စစ်ကောင်စီ နှင့်အပေါင်းအပါတို့၏ စီးပွားရေးနှင့်ထုတ်ကုန်အမှတ်တံဆိပ်များကို အတိအကျထုတ်ပြန်ကာ လုံးဝ ငြင်းဆန် မသုံးစွဲကြ ရန် တက်ကြွလှုပ်ရှားလူ ငယ်များက သတိပေးခဲ့သည်။
သင်္ကြန် ဆိုသည်မှာ ကူးပြောင်းခြင်းဟု အနက်အဓိပ္ပါယ်ရသည်။ထို့ကြောင့် မကူးပြောင်းနိုင်သေးသည့် ကာလအတွင်း ပျော်ရွှင်ခြင်းဆိုသည်ကို ဆက်လက်မေ့ ထားကာ တော်လှန်သင်္ကြန်အဖြစ် ယခုနှစ်တွင် လည်း ဆက်လက်ဆင်နွှဲကြရပါမည်။
တော်လှန်သင်္ကြန်အဖြစ် ပြည်သူတို့ ဆက်လက်တော်လှန်ကြဦးမည်ဟု MPA က အလေးအနက် ယုံကြည်ပါသည်။