မြန်မာတစ်နိုင်ငံလုံး စစ်ကျွန်အဖြစ်သို့ ရာသက်ပန်သက်ဆင်းရေးမှာ စစ်ကောင်စီ တစ်စိုက်မတ်မတ် လျှောက်လှမ်းနေသော အမိုက်မဲဆုံး အမှောင်လမ်းဖြစ်သည်။
သိပ်မကြာသေးသော တစ်ချိန်က ဒုတိယအာဏာရှင်သန်းရွှေ အိပ်မက်မက်ခဲ့ သော စစ်တစ်ပိုင်းဒီမို ကရေစီ သည် ၅နှစ်သာခံသည်။စစ်တပ်နှင့် ပြည်ခိုင်ဖြိုးပါတီက ၂၅ရာခိုင်နှုန်း အသာစီးရယူခဲ့သည့်တိုင် ပြည် သူ က သူ့ အာဏာသူ နည်းမှန်လမ်းမှန် ရွေးကောက်ပွဲလမ်းမှနေ၍ အစိတ်အပိုင်းကြီးကြီးမားမား ရယူနိုင်ခဲ့ပြီ ဖြစ် ၍ ရှက် နေကြောက်နေလျှင် စစ်အုပ်စုတစ်ခုလုံး အဆုံးစွန် အာဏာငတ်တော့မည့်ကိန်း ။ထို့အပြင် ပင်စင် စားဘဝ ဖြင့် အရိုးထုတ်ရတော့မည့် မင်းအောင်လှိုင်၏ ပုဂ္ဂိုလ်ရေးအာသာရမ္မက်ကလည်း စစ်ဘီလူးအဖြစ် ဆက် လက်အသုံး တော်ခံရန် တွန်းပို့ခဲ့သည်။ ထို့ကြောင့် ၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီ၁ရက်တွင် အမှောင်လမ်းကို မျက်လုံး စုံမှိတ်ကာ စစ်ကောင်စီက ရွေးချယ်ခဲ့သည်။
ထိုလမ်းပေါ်တွင် ခြေလှမ်းတစ်ချက်မမှားဘဲ လျှောက်လှမ်းခဲ့သည်။ထိုလမ်းပေါ်တွင် စစ်ကောင်စီ သည် အကွေ့အဝိုက် အတိုးအဆုတ် ပရိယာယ်မာယာမရှိ၊ ထိုလမ်းပေါ် ကန့်လန့်ခံနေသည်ဟု ယူဆမှုမှန်သ မျှကို ခြွင်းချက်မရှိ ရှင်းပစ်လျက်။
အာဏာသိမ်းလိုက်သည်နှင့် အာဏာရပြီဟု ဉာဏ်ရည်တိမ်ခဲ့သော စစ်ဗိုလ်ချုပ်တို့ခမျာ အာဏာသိမ်း ကာလကြာလာသည်နှင့်အမျှ ၎င်းတို့လက်ထဲ ရှိနေသည်ဟု ထင်ယောင်မှားခဲ့သော အာဏာ တဖြည်းဖြည်းလုံး ပါးပါးလာကြောင်း သိရှိလာ၍ ပိုအမျက်ကြီးရသည်။အမျက်ကို ထိန်းသိမ်းနိုင်စွမ်းသော ဆင်ခြင်ဉာဏ်ကမရှိ။ တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေသော တော်လှန်ရေးအင်အားစုကြီးကိုလည်း ဖြိုခွင်းနိုင်စွမ်းမရှိလေတော့ ပြည်သူကို ပစ်မှားထားတိုက်ခိုက်ခြင်းလမ်းပေါ် မိုက်လုံးကြီးတော့သည်။
၂၀၂၁ခုနှစ်ဧပြီ၂၄ရက်နေ့တွင် အာဆီယံခေါင်းဆောင်များရှေ့၌ အာဆီယံမူ၅ရပ်ကို မင်းအောင်လှိုင် ကိုယ်တိုင် မျက်လွှာအောက်ချ အတည်ပြုခဲ့သည်။ဒေသတွင်းခေါင်းဆောင်များရှေ့တွင် သိုးမည်းတစ်ကောင်ပ မာ သိမ်ငယ်စွာ ငြိမ်ဝပ်ပိပြားခဲ့သမျှ နောက်တစ်ရက်မှစတင်ကာ အာဆီယံမူ၅ရပ်ကို ဆုတ်ဖြဲပစ်ခြင်းဖြင့် လက် စားပြန်ချေတော့သည်။
စစ်ကောင်စီက အကြမ်းဖက်မှုမျိုးစုံဖြင့် နေ့စဉ် အားသွန်ကာ တစ်တိုင်းပြည်လုံးအနှံ့ အကြောက်ကြီး စေအောင် ကြံဆောင်ခဲ့သည်။စစ်တပ်လာလျှင် ဖိန့်ဖိန့်တုန်ကြောက်ကိုကြောက်နေရမည်ဟု လူသတ်လက် နက်အစုံထုတ်သုံးကာ ကြွေးကြော်ခဲ့သည်။သို့သော်၊စစ်ကောင်စီ၏ အပြင်းထန်ဆုံးသတ်ဖြတ်ညှင်းပန်းမှုမျိုး စုံကြား တော်လှန်ရေးအင်အားစုများ ကြီးထွားလာသလို ပြည်သူများမှာလည်း စစ်ကောင်စီကို လက်မခံ ကြောင်း ရသလို ဆန့်ကျင်မြဲဆန့်ကျင်ပြခဲ့ကြသည်။
စစ်ကောင်စီက အစဉ်တစိုက်တောင်းဆိုခဲ့သည်မှာ အာဏာရှင်တို့၏စရိုက်လက္ခဏာအတိုင်း ‘ပေးတာယူ၊ကျွေးတာစား၊ခိုင်းတာလုပ်၊ပြန်မပြောနဲ့’ဖြစ်ပြီး ၎င်းတို့ လုပ်သမျှ လက်သီးလက်မောင်းတန်း ထောက်ခံခြင်းကိုသာ အလိုရှိခဲ့သည်။NLDပါတီ မဲလိမ်ပါသည်ဟုလက်ခံ၊အခြေခံဥပဒေနှင့်အညီ အရေးပေါ် အခြေအနေကြေညာခြင်းဆိုသည်ကို လက်ခံ၊အာဏာသိမ်းရန်စတင်ကြိုးစားချိန်မှစ၍ သတ်ဖြတ်မှုမှန်သမျှ ကို ဥပဒေနှင့်ညီပါသည်ဟု လက်ခံ၊ရွေးကောက်ပွဲကျင်းပမည့်အပေါ်လည်း လက်ခံရန် စစ်ကေင်စီက အ ကွေ့အဝိုက် မရှိ ပြောင်ပြောင်တင်းတင်း တောင်းဆိုခဲ့သည်။
စစ်ကောင်စီက အာဆီယံကိုရော နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ ၎င်းတို့လုပ်သမျှ ထောက်ခံ ရန် သာ ခြွင်းချက်မရှိ တောင်းဆိုခဲ့ရုံတင်မက ၎င်းတို့လိုဘနှင့်ဆန့်ကျင်နေသော အာဆီယံမူ၅ရပ်ကို လက်မခံ၊ကုလသ မဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကိုလည်း ချက်ချင်းဆိုသလို ပယ်ချခဲ့သည်။
ယခုအခါ စစ်ကောင်စီက ၎င်းတို့၏ ရွေးကောက်ပွဲလမ်းကြောင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)အပါအဝင် ပါတီ၄၀ကို ဖျက်သိမ်းခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့်၊တည်ထောင်ခွင့်လျှောက်ထားသည့် စစ် ကောင်စီအလိုကျ ပါတီ ၆၀ကျော်ဖြင့် ရှေ့ခရီးဆက်နိုင်ရန် ခတ်ကွင်းပြင်နေပြီဖြစ်သည်။
ယင်းမှာ ၎င်းတို့ဖောက်နေသော အမှောင်လမ်းမှ နောက်ကြောင်းပြန်တော့မည်မဟုတ် ကြောင်း နိုင်ငံ တကာသိအောင်စစ်ကောင်စီက ထပ်မံကြေညာလိုက်ခြင်းဖြစ်သလို ပြည်သူမပေးသောအာဏာကို အပိုင် သိမ်းနိုင်ရေးအတွက် လက်မရွံ့တပ်သားများစုဆောင်းလိုက်ခြင်းလည်းဖြစ်သည်။
စစ်ကောင်စီသည် အကြောက်တရားမရှိသလိုလို၊ မလုပ်ရဲတာ ဘာမှမရှိသလိုဖြင့် ၎င်းတို အာဏာ မရ မှာ သေမလောက်ကြောက်ကာ လက်ရဲဇက်ရဲ သွေးသံရဲ ရဲ ပုံစံမျိုးဖြင့် မကြောက်ချင်ယောင်ဆောင်လျက်ရှိ သည်။ စစ်ကောင်စီသည် ၎င်းတို့ ရှုံးသွားမည့်အရေး မတွေးရဲလောက်အောင် ကြောက်လျက်ရှိသည်။ပြည်သူ့ခုံ ရုံးရှေ့ ဒူးထောက် ရမည်ကို စစ်ကောင်စီ အကြောက်ကြီးကြောက်လျက်ရှိသည်။
ပိုမိုရမ်းကားလာသော စစ်တပ်က အကြောက်ကြီးကြောက်နေသောစစ်ကောင်စီ၏ အတွင်းစိတ်ကို ဖော်ပြနေပေသည်။