မြန်မာစစ်အာဏာရှင်များက အရပ်သားပြည်သူများကို ရန်သူအဖြစ် သဘောထားကာ ကိုယ့်ပြည်သူ ကိုယ် ရန်ပြုနေကြောင်း ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက Volker Turk ကမကြာသေးမီက ပြောကြားလိုက်သည်။
စစ်ကောင်စီက ပြည်သူကို ရန်သူလို သဘောထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ရဲရဲတောက် လမ်းပေါ်တက်လာသော ပြည်သူများကို ပထမ၊ သွေးပူတုန်းခဏဟု စစ်ကောင်စီက ထင်ထားခဲ့သည်။သွေးပူတုန်းခဏ မဟုတ်တာ သေချာသွားသည့် အချိန်ရောက်တော့ မှတ်လောက်သားလောက်ရှိအောင် ပစ်ပြလိုက်လျှင် အကြောက်ကြီးကြောက်သွားလိမ့်မည်ဟု နောက်တစ်ထစ်လျှော့တွက် ကြည့် ပြန်သည်။
သေနတ်ဖြင့် ဦးခေါင်းတည့်တည့် ပစ်ပြခဲ့ရုံတင်မက စစ်ကြောရေးစခန်းများတွင် ၂၄နာရီမပြည့်မီ အပြီး ညှင်းပန်းသတ်ဖြတ်ခြင်းနည်းကိုပါ ရဲရဲတင်းတင်း အသုံးပြုလာခဲ့သည်။ အခြားတစ်ဖက်တွင်မူ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မြေအောက်ရထား၊ လျှပ်စစ်ကားများဖြင့် မစားရ ဝခမန်း စိတ်ကူးယဉ် ပြခဲ့သော်လည်း မြန်မာပြည်သူများက နောက်ပြန်တစ်ချက်ပင် လှည့်မကြည့်ဘဲ စစ်အာဏာရှင်ကင်းစင်သည့် အနာဂတ်မြန်မာနိုင်ငံဆီသို့ ယုံယုံ ကြည်ကြည် လျှောက်လှမ်းခဲ့သည်။
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ၁၀ရက်နေ့၊ ကမ္ဘာကြီးကတောင် မှင်တက်စေခဲ့သော အသံတိတ်သပိတ်၏ လောင်မြိုက်ခြင်းဒဏ်ကို အာဏာရှင်စစ်ဗိုလ်ချုပ်များ နင့်နေအောင်ခံစားခဲ့ရပြီးနောက်တွင် နွေဦးတော်လှန်ရေး အမှတ်တံဆိပ်ခပ်နှိပ်ထားသော ပြည်သူများအား အငြိုးတကြီး တိုက်ခိုက်ကာ ပြည်သူကို ရန်သူအဖြစ် စစ်ကြေ ညာတော့သည်။
NUGအစိုးရ၊ PDFတပ်ဖွဲ့တို့နှင့် ဆက်စပ်မှုရှိသည်ဟု သံသယရှိရုံမျှဖြင့် အိမ်သိမ်း၊ လူဖမ်း၊ သတ်ဖြတ် ညှင်းပန်းခြင်းနှင့် ရွာမီးရှို့ခြင်းအမှုတို့ကို စစ်ကောင်စီတပ်များက ပြောင်ပြောင်တင်းတင်း ကျူးလွန်လာခဲ့သည်။ ပြည်သူ့နေအိမ်များမီးရှို့ဖျက်ဆီးခြင်းမှာ ၂၀၂၁ခုနှစ်ဒီဇင်ဘာမှစ၍ ဆတိုးကိန်းဖြင့် တဝေါဝေါဒီတက် ခဲ့ သည်။
စစ်ကောင်စီတပ်များသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDFများကို မြန်မာနိုင်ငံတစ်ဝန်း အပြင်းထန်ဆုံးတိုက်ခိုက်နေသော်လည်း PDF တို့၏အင်အား တိုးပွားလာနေခြင်းအပေါ် ကြီးစွာအမျက်ထွက်ရသည်။ PDFကိုမနိုင်သမျှ ပြည်သူအပေါ် ပုံချရန်လည်း ပိုင်းဖြတ်ခဲ့ပုံရသည်။
ထို့ကြောင့် ၂၀၂၂ခုနှစ်၊နှစ်လယ်ခန့်မှစ၍ ပြည်သူမှန်လျှင် ရန်သူလိုသဘောထားခြင်းကို မဟာဗျူဟာ မြောက်ကျင့်သုံးလာတော့သည်။လစစ်ကောင်စီ၄တပ် စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ရှိ ရွာများကို မည် သည့် အ ကြောင်းပြချက်မျှမရှိဘဲ မီးရှို့ဖျက်ဆီးတော့သည်။
ရွာထဲသို့ လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်ကာဝင်ရောက်သည်။ ရွာများထဲ မပြေးနိုင်၍ ကျန်နေသော သက်ကြီးရွယ်အိုများတင်မက သီလရှင်ကိုပင် မီးလောင်တိုက်သွင်းသည်။ပြည်သူတို့၏နေအိမ်များ သာ မ က စီး ပွားရေးလုပ်ငန်းများကိုပါ တစ်စစီ ချေမွ ဖျက်ဆီးသည်။
ပြည်သူတို့ခမျာ ငတ်၍သေမည်ကို မကြောက်တော့ဘဲ မိမိတို့၏ အိုးအိမ်ဥစ္စာမှန်သမျှကို မျက်နှာလွှဲခဲ့ ကာ စစ်တပ်သတ်၍မသေအောင် အသက်လုပြေးကြရသည်။စစ်ကြောင်းနှင့်လွတ်မည်ထင်သည့် နေရာများ တွင်ဟောင်းလောင်း ဖြစ်နေသောအစာအိမ်ကို ကြိတ်မှိတ်မေ့ချင်ယောင်ဆောင်ကာ နောက်တစ်ရက်သို့ အ သက်ဆက်နိုင်ရေးသာ အာရုံပြုထားရသည်။
စစ်ကောင်စီတပ်များသည် စစ်ကိုင်းနှင့်မကွေးတိုင်းအတွင်း ကျေးရွာမှန်သမျှကို မီးရှို့ဖျက်ဆီးနေခဲ့ရာမှ မတ်လ၃ ရက်နေ့တွင် ဘုတလင်မြို့ပေါ်ရှိ မြို့မဈေးတိုက်တန်းကို မီးရှို့ဖျက်ဆီးသည်အထိ နောက် ထပ်တစ် ဆင့် မိုက် တွင်းနက်ခဲ့ပြီဖြစ်သည်။
မြို့မဈေးတိုက်တန်းများကို နေ့ခင်းတွင်ဗြောင်မီးရှို့ခဲ့သည်။ စစ်ကောင်စီလက်အောက်ခံ မီးသတ်များ ရောက်ရှိလာသော်လည်း မီးငြှိမ်းသတ်ခြင်းမရှိ။ ဆိုင်ခန်း၂၀ခန့် ပျက်စီးခဲ့ကာ ကျပ်သိန်းထောင်ချီဆုံးရှုံးခဲ့သည်။ ဘာ့ကြောင့် နေ့ခင်းကြောင်တောင်ဘုတလင်မြို့လယ်ခေါင်ကို မီးရှို့ဖျက်ဆီးရသနည်း။မတ်လ၂ရက်နေ့က ဘု တလင်မြို့ပေါ်ရှိ စစ်ကေင်စီဂိတ် PDF တို့၏ တိုက်ခိုက်ခြင်းခံရပြီး စစ်သား၃ဦးသေကာလက်နက်ခဲယမ်းများပါ ဆုံးရှုံးခဲ့သောကြောင့်ဟု ဒေသခံများကဆိုသည်။
စစ်တပ်က သူတို့အထိနာ၍ပြည်သူကိုရန်ပြန်ရှာသည့်သဘော ဖြစ်သည်။ ပြောရမည်ဆိုလျှင်စစ်တပ်ရှို့နေသောရှို့မီးမှာ ကျေးလက်မှသည် မြို့ပေါ်ရပ်ကွက်အထိ ရောက် ရှိလာပြီဖြစ်ကြောင်းသက်သေဖြစ်သည်။စစ်ကောင်စီတပ် အထိနာလာသည်နှင့်အမျှ ပြည် သူကိုရန်ရှာခြင်း သည်လည်း ဆင့်ပွားတိုးလာမည့်သဘောဖြစ်သည်။
ရှေ့လျှောက်မြန်မာပြည်သူတို့ အသက်ရှင်သန်ရေးအတွက် ပိုမိုရုန်းကန်ရမှာသေ ချာသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက မြန်မာပြည်သူတို့မှာ အသက်ရှင်ရန်ပင် ခက်ခဲသည့်အခြေ အနေသို့ ရောက်ရှိနေပြီဟု ဆိုသည်။ မြန်မာ ပြည်သူ တို့၏အခြေအနေကို ရှင်းရှင်းကြီးမြင်နေရသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကမသိချင်ယောင် ဆောင် နေခြင်းအရ ပြည်သူ-ပြည်သူချင်း ကျောချင်းကပ် ကျစ် ကျစ်ပါဆုပ် ကာ ညီညွတ်မှုအားဖြင့် အားကုန် ရုန်း ကန် ဖြတ်သန်းခြင်းသည်သာ ကျွန်ုပ်တို့၏ တစ်ခုတည်း သော လမ်းဖြစ် ပါ ကြောင်း MPA က ယုံကြည်ပါ သည်။