“ ဒါကြီးနဲ့အတူတူအစွန်းရောက်တွေအကုန်ပပျောက်သွားစေချင်တယ်။ ကျနော်တို့ဖိနှိပ်ခံဘ၀တွေလဲပပျောက်သွားစေချင်တယ်။ အာဏာရှင်လဲပျောက်သွားမယ် အထက်ဖားပြီးအောက်ကိုဖိတဲ့ အရာတွေလဲ ပပျောက်သွားစေချင်တယ်။ ဒီမှာရှိတဲ့လူတွေကဘာသာဆိုတာကိုခဏမေ့ထားပြီး ညီအစ််ကိုမောင်နှစ်မလိုအရာကိုထည့်ထားတယ်။ “
ရဲဘော်ပေါက်စ
လွတ်မြောက်နယ်မြေတစ်နေရာတွင် စစ်အာဏာရှင်ကိုတော်လှန်နေသည့် နေပြည်တော် PDF တပ်ဖွဲ့၀င် အစ္စလာမ်တစ်ဦးဖြစ်သည့် ရဲဘော်ပေါက်စ ဘယ်လိုရှင်သန်နေလဲ။ ဘာတွေလုပ်နေလဲ။ ဘာလိုခက်ခဲမှုတွေကို ရင်ဆိုင်ကျော်ဖြတ်နေရသလဲ။ သူဖြစ်ချင်တဲ့ အနာဂတ်ကဘယ်လိုဖြစ်မလဲဆိုတာကို မသဲဖြူက ရိုက်ကူးတင်ဆက်ထားပါသည်။