ပြီးခဲ့တဲ့ အောက်တိုဘာ ၉ရက်နေ့ ညက စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သော ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုက်ခက် စစ်ရှောင်စခန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်း – မြန်မာ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေး တက်ကြွလှုပ်ရှားသူလူငယ်တွေက ဒီကနေ့ အောက်တိုဘာလ ၁၂ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တစ်နေရာမှာ စုပေါင်းကာ သရုပ်ဖော်ပြသခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် မုန်လိုင်ခက် စစ်ရှောင်စခန်းမှာတဲ့ နှစ်လသားအရွယ် ကလေးငယ်အပါအဝင် စစ်ရှောင်ပြည်သူ အယောက် ၃၀ထက် မနည်း သေဆုံးခဲ့သလို အယောက် ၆၀နီးပါးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
ကုက္ကဲနယ်မြေရဲစခန်းကို တော်လှန်ရေးတပ် ဝင်တိုက်၊ ရဲ ၁ဦးသေပြီး သေနတ် ၁လက် သိမ်းဆည်းမိ ဟုဆို
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲနယ်မြေရဲစခန်းကို ဒေသခံ တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ရဲ တစ်ဦး သေဆုံးပြီး သေနတ် ၁လက် သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ ယနေ့ (ဧပြီ ၂၅ရက်) နံနက် ၃နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကုက္ကဲနယ်မြေရဲစခန်းကို ယာယီ...