စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ တမဆေးကန်ကျေးရွာတွင် မြောင်ဒေသခံ မဟာမိတ်တပ်ပေါင်းစုများနှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက် ၂၀ ကျော်သေဆုံးကာ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲတွင် မြောင်ဒေသခံ မဟာမိတ်တပ်ပေါင်းစုများနှင့် MS PDF ၊မြေလတ် -PDF (MGN District) ၊TTA ပြောက်ကျားတပ်ဖွဲ့၊ Seven People Defence Force ၊ 27 Revolution Force တပ်ဖွဲ့တို့က အကြမ်းဖက် စစ်ကောင်စီများကို ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Seven People Defence Force ၏ ထုတ်ပြန်အချက်အရ တိုက်ပွဲသည် သုံးနာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက် တပ်ဖွဲ့ဝင် ခန့်မှန်းခြေ ၂၀ ကျော်သေဆုံးခဲ့သလို ဒေသခံမဟာမိတ်တပ်ပေါင်းစုမှ PDF ရဲဘော်တစ်ဦးကျဆုံးကာ ၇ ဦး(မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ဒေသခံ မဟာမိတ် တပ်ဖွဲ့များ အချိန်မီပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။ သုံးနာရီကျော်ကြာတိုက်ပွဲကြောင့် စစ်အသုံးစရိတ်များအနေဖြင့် ခန့်မှန်းခြေ တစ်ဖွဲ့လျှင် သိန်း ၁၅၀ ကျော် ကုန်ကျခဲ့ကြောင်းလည် Seven People Defence Force တပါတည်း ထုတ်ပြန်အသိပေးထားသည်။