ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီဝန်ထမ်းများ လစာဖြတ်တောက်ခံထားရ
အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများအပါအဝင် စစ်ကောင်စီထိန်းချုပ်ထားသော နယ်မြေများရှိ အစိုးရဝန်ထမ်းများကို စစ်ကောင်စီက လစာဖြတ်တောက်လိုက်ကြောင်း သိရသည်။ “ကျွန်မတို့ အစိုးရဝန်ထမ်းတွေက လစာမရကြတော့ဘူး။ အစိုးရအလုပ်ကိုပဲ မှီခိုနေရတဲ့ မိသားစုတွေဝင်တွေကျတော့ အလုပ်လုံးဝပြတ်သွားပြီးတော့ ကြုံရာကျပန်းကို လုပ်ကိုင်နေကြရတာပေါ့။...