ရန်ကုန်ရှိ လူငယ်တက်ကြွလှုပ်ရှားသူ ၆ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဇန်နရီ ၂၇ရက်နေ့ တွင် အလုပ်ကြမ်းဖြင့် ထောင် ၁၀ နှစ်ချမှတ်လိုက်ကြောင်းကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေနေတစ်ဦးကပြောသည်။
လူငယ်တက်ကြွလှုပ်ရှားသူ ၆ ဦးမှာ ကိုဇင်လင်း၊ ဝင်းထက်မာ၊ သူရအောင်၊ ဝင်းထိုက်ကိုကို၊ မင်းဟိန်းသူ၊ ဖြိုးဟိန်းကျော် တို့ကို အရှေ့ပိုင်းခရိုင်တရားရုံးမှ အလုပ်ကြမ်းဖြဖင့် ထောင်ဒဏ် ၁၀ နှစ် ချလိုက်ကြောင်း ယင်းတို့၏ ရှေ့နေမှ MPA ကိုပြောသည်။
“ ဓါးပြမှု ပုဒ်မ ၃၉၅ ဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်တယ်။ အနောက်ပိုင်းခရိုင်တရားရုံးမှာလဲ တစ်မှုရှိသေးတယ်။ “ ဟု လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေကပြောသည်။
လူငယ်တက်ကြွလှုပ်ရှားသူ ၆ ဦးငှားရမ်းခဲ့သည့် Geab အငှားယာဉ်မောင်းဆရာ ကိုလင်းလင်းထိုက်ကို ဓါးပြမှု ပုဒ်မ ၃၉၅ အပြင် အားပေးကူညီမှု ပုဒ်မ ၁၁၄ ဖြင့်ပါ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံလိုက်ရသည်။
အဆိုပါ လူငယ်တက်ကြွလှုပ်ရှားသူ ၆ ဦးမှာ ကိုဇင်လင်း၊ ဝင်းထက်မာ၊ သူရအောင်၊ ဝင်းထိုက်ကိုကို၊ မင်းဟိန်းသူ၊ ဖြိုးဟိန်းကျော် တို့ကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ ၁၉ ရက်နေ့ တွင် ဖမ်းဆီးခဲ့သည်။
“ ဖက်ဆစ်တရားခွင်မှာ ဘာမှတော့ မမျှော်လင့်ထားဘူး။ ကျမတို့ ရဲဘော်တွေကို ဒီလိုဖက်ဆစ်ကောင်တွေ အမိန့်ချတာကိုတော့ မခံနိုင်ဆုံးပဲ။ ကျမတို့ရဲဘော်တွေအတွက် ဆက်လက်တိုက်ပွဲဝင်နေမှာပဲ ဖြစ်တယ်“ ဟု ဖမ်းဆီးခံရသည့် လူငယ်တက်ကြွလှုပ်ရှားသူများ၏ နီးစပ်သူတစ်ဦးက ဆိုသည်။
စက်တင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ရန်ကြီးအောင်လမ်းတွင်နေထိုင်သည့် ကိုဇင်လင်း (ခ) ကျော်ဇင်လင်း (ခ) Angry Folks ကို အကြမ်းဖက်စစ်ကောင်စီများက ရိုက်နှက်ဖမ်းဆီးခဲ့ရသည်။
မဝင်းထက်မာ (ခ) အမာသည် ပန်းဘဲတန်းမြို့နယ်၊ လူ့ဘောင်သစ်လူငယ် ဥက္ကဋ္ဌဟောင်းပြီး UITကွန်ပျူတာကျောင်းသူတစ်ဦးလည်း ဖြစ်သည်။ ကိုဇင်လင်းသည် တက်ကြွလှုပ်ရှားသူလည်းဖြစ် လူငယ်တေးရေးတေးဆိုလည်းဖြစ်သလို ဗကသကျောင်းသားတစ်ဦးလည်းဖြစ်သည်။
( Photo – ဖမ်းဆီးခံရသည့် လူငယ် ၆ ဦးမှ ၄ ဦး၏ ပုံများသာ စုဆောင်းရရှိရသည့်အတွက် ၄ ဦးပုံသာတင်ပြခြင်းဖြစ်သည် )