ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နှင့်အာ ဏာသိမ်းစစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်သည့် အနေအထားကို ရောက်ရှိနေသောကြောင့် စစ်ရေးသတိကြီးစွာဖြင့် အထူးသတိထားစောင့်ကြည့်လျက်ရှိသည်ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)/ရက္ခိုင့်တပ်တော် (AA)ကဒီဇင်ဘာ ၁၀ ရက်၊မနေ့က ထုတ်ပြန်လိုက်သည်။
ရခိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့ဝင်များ အကြောင်းပြချက်အမျိုးမျိုးဖြင့် ရခိုင်ကျေးရွာများအတွင်း နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားသွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်အပြောင်းအရွှေ့ ဆက်တိုက်လုပ် ဆောင်နေသည်ဟု ဖော်ပြထားသည်။
” ကုန်ခဲ့တဲ့လကတည်းက ကျွန်တော်တို့ကျွန်းပေါ်မှာ တစ်ရွာဝင်တစ်ရွာထွက်သွားလာနေကြတာပါ။ဘုန်းကြီးကျော င်းတွေ၊စေတီပုထိုးတွေ၊စာသင်ကျော င်းတွေမှာ ညအိပ်တက်ကြပါတယ်။” ဟုပေါက်တောဒေသခံတစ်ဦးက MPA သို့
ပြောသည်။
အဆိုပါထုတ်ပြန်ချက်ထဲမှာ ” ဆန်၊ ဆီ၊ ဆား၊ဆေးဝါးစသည့် အခြေခံစားသော က်ကုန်ပစ္စည်းများ ဒေသတွင်းသယ်ယူပို့ဆောင်နေမှုများကို ဆက်လက်ဟန့် တား ပိတ်ပင်တားမြစ်နေခြင်း၊ရန်စသော အပြုအမူများကို လုပ် ဆောင်နေခြင်းများကြောင့် ပြည်သူတို့စားဝတ်နေရေး ခက်ခဲလာသလို နှစ်ဖက်တပ်ကြား တင်းမာမှုများ မြင့်တက်စေသည်ဟုလည်း ဖော်ပြထားသည်။
” ပြည်မကနေ ရခိုင်သို့ ကုန်ပစ္စည်းတွေသယ်လာရင် လမ်းတစ်လျှောက်အစစ်အဆေးတွေအရမ်းများပါတယ်။အချိန်ကြာတော့ ပစ္စည်းတချို့ပျက်စီးသွားတာတွေရှိပါတယ်။ဒါက ပြည်သူတွေကို တမင်တကာနှိပ်စက်နေသလိုပါ။” ဟုရခိုင်ကုန်သည်တစ်ဦးက MPA သို့ ပြော သည်။
ထိုထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်” ပေါက်တောမြို့နယ်၊ဆံတော်ရှင်ဘုရား ပွဲတော်ကျင်းပရေးအတွက် လမ်းပြု ပြ င်ရန်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး ဘုရားပွဲကျင်းပမည့်ကိစ္စကို ဝင်ရောက်စွက်ဖက်မှုများ ဆက်လက်ပြုလုပ်နေပါက ဘုရားပွဲသို့ သွားရောက်မည့်ကိစ္စကို ပြည်သူများ “ဆင်ခြင်သုံးသပ်ကြရန်”လည်း တိုက် တွန်းထားသည်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်ထန်စွာဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ နိုဝင် ဘာလက နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်ခဲ့သော်လည်း ယခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က မောင်တောမြို့နယ်၊ဝေလာတောင်အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
( ရခိုင်မှာ တွေရသည့် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး )