Photo – Ant Hmue Mahar / MPA
တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော်များနှင့် စစ်ဘေးရှောင်ပြည်သူထုလူထုများ၏ ထိခိုက်မှုဒဏ်ရာရမှုများကြောင့် မလိုအပ်ပဲ အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ကျွန်တော်တို့ MSRU ၏ စစ်သင်တန်းသင်ခန်းစာများတွင် တိုက်ပွဲတွင်းကူညီကယ်ဆယ်ရေး သင်ခန်းစာများကို ထည့်သွင်း သင်ကြားခဲ့ပါသည်။
မိမိတို့၏ ရဲဘော်များ မဟာမိတ်ရဲဘော်များ နှင့် ပြည်သူလူထု များ မြေပြင်တွင် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ပါက အထိရောက်ဆုံး အသက်ကယ်ကူညီမှုများ အချိန်မှီဆောင်ရွက်နိုင်ရေး နှင့် စစ်ကောင်စီ၏ ထိုးစစ်ကြောင့် နေအိမ်နှင့် ရွာများ စွန့်ခွာ ကာ မိသားစုနှင့်ကွဲကွာ၍ စစ်ဘေးအန္တရာယ် ရှောင်တိမ်းနေသူများအား ကူညီကယ်ဆယ်နိုင်ရေးအတွက် ရည်ရွယ်ကာ လေ့ကျင့်လျှက်ရှိပါသည်။