[ English Below ]
စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက တိုက်ပွဲများဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ကနီမြို့နယ် ယင်းယိမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်မှ လက်နက်ကြီးများ အသုံးပြုပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ၈ဦးသေဆုံးပြီး ၃ယောက် ဒဏ်ရာရရှိသွားသည်ဟု ယူဆရကြောင်း ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့(၁)မှ သတင်းထုတ်ပြန်ထားသည်။
ယင်းနေ့တွင်ပင် ကနီမြို့နယ်၊ စဖိုကြီးကျေးရွာ၊ မဲဒင်ကျေးရွာနှင့် သစ်ခက်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံပြောက်ကျား တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က စစ်ကူရေယာဉ်တစ်စီး မီးလောင်သွားခဲ့ကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်(DRPA)က သတင်းထုတ်ပြန်ထားသည်။
“ မနေ့က တိုက်ပွဲဖြစ်ပွားပြီး သူတို့ဘက်က ထိခိုက်မှုရှိသွားပါတယ်။ အခုအခြေအနေကတော့ စစ်ရေးအခြေအနေ တင်းမာနေတယ်ပဲပြောလို့ရပါမယ်။ ” ဟု (DRPA)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ၁၄ရက်နေ့ကလည်း ချင်းတွင်းမြစ်အတွင်းမောင်းနှင်လာသော အကြမ်းဖက်စစ်တပ်၏ ရိက္ခာပို့ရေယာဉ်တစ်စီးကို (DRPA) ကကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဆန်အိတ်၂၈အိတ်၊ နှင့်အခြားအသုံးဆောင် ပစ္စည်များကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ကနီမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စတင်ပြီး အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်။
အကြမ်းဖက်စစ်တပ်သည် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်တို့ကို ရဟတ်ယာဉ်များ လက်နက်ကြီးများ အသုံးပြုပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကို တိုက်ခိုက်နေပြီး ပြည်သူ့ကာကွယ်ရေး တပ်မှ စခန်းများ ဆုံးရှုံးခြင်း၊ ဖမ်းဆီးခံရခြင်း များရှိသကဲ့သို့ ၎င်းတို့လည်း အထိအခိုက် အဆုံးအရှုံးများနေသည်။
Terrorist Military and Local Groups Continue Fights in Kani
By MPA
In Kani township of Sagaing region, there were consecutive clashes between the terrorist military and local people’s defense forces on November 21 evening.
In Yin Yein clash of Kani township between the terrorist military and local defense groups, the military used large-scale weapons.
In this clash, 8 from the terrorist military were assumed to be killed and 3 wounded, according to the report of Kani people’s defense force (1).
The same day, there was a fight between the terrorist military and local guerilla forces near Sa Pho Gyi, Medin and Thit Khet villages, one military naval aid vehicle was reported to be set on fire, the Dictatorship Revolution People’s Army (DRPA) reported.
“There was a clash yesterday and they got hurt and damages. Right now, the situation is that we’re under military tension”, a DRPA official said.
On November 14 also, a military food vehicle driving from Chindwin river was attacked on the way by the DRPA and seized 28 sacks of rice and other items.
Since September, the terrorist military has cut off internet in Kani township.
The terrorist military is launching attacks on the upper parts of Myanmar – Sagaing, Magway, Chin State – using helicopters and shells and they have been clashing with the people’s defense forces. The people’s defense forces have lost their base camps with some arrested; the military has also suffered damages and losses.
#SagaingRegion #Kani #ClashesAreContinuing #MPA