မတရားအာဏာသိမ်းထားသော အကြမ်းဖက် စစ်တပ်၏ မြောက်ဥက္ကလာ စစ်တရားရုံးက အစိုးရကို မေတ္တာပျက်အောင် လှုံ့ဆော်မှုဥပဒေကို အသုံးပြုကာ တတိယနှစ်ကျောင်းသူတစ်ဦးကဖြစ်သည့် မသဉ္ဇာဇော်ကို ထောင်ဒဏ် ၁၀ နှစ်ချခဲ့ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သည့်မသဉ္ဇာဇော်ကိုမြောက်ဥက္ကလာပမြို့နယ် အကြမ်းဖက်စစ်တပ်တရားရုံးက နိုဝင်ဘာလ ၈ ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ၁၂၄-ခ(က)ဖြင့် ထောင်ဒဏ်၁၀နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
မသဉ္ဇာဇော်ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည့် ပုဒ်မ၁၂၄(က) သည် မေတ္တာပျက်အောင် လှုံဆော်လျင်၊ လှုံ့ဆော်ရန် အားထုတ်လျင်၊ အစိုးရကို မုန်းထားအောင်၊ မလေးစားအောင် ပြုလျင်၊ ပြုရန်အားထုတ်လျင်၊ ငွေဒဏ်နှင့်တကွ တစ်သက်တကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် တစ်သက်ကျွန်းအောက် လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ထိုသူကို ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်သည်။
“ သူ့ (မသဉ္ဇာဇော်)ကိုဒီနေ့ပဲ ၁၀နှစ်ချလိုက်တာပါ။ ဒါဆိုရင်ဖမ်းခံရတဲ့ ၆ယောက်ထဲက ထောင်ဒဏ်၁၀နှစ် ချမှတ်ခံရတာ နှစ်ယောက်ရှိပါပြီ။ ကိုစည်သူအောင်တင်ကိုတော့ နှစ်မှုပေါင်း ၁၀နှစ်ပေါ့။ သူ့ကိုတော့ တစ်မှုတည်းနဲ့ ၁၀နှစ်ပေါ့” ဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မသဉ္ဇာဇော်သည် ပြီးခဲ့သည့် စက်တင်ဘာလရက်နေ့ ၁၄ရက်နေ့က ၎င်း၏ သူငယ်ချင်းများနှင့်အတူ ကျောက်တံတားမြို့နယ်ရှိ နေအိမ်တစ်ခုတွင် ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။
မသဉ္ဇာဇော်သည် ဒဂုံတက္ကသိုလ် ဓါတုဗေဒအထူးပြု တတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး လေးဘက်နာ ဝေဒနာသည် တစ်ဦးဖြစ်သဖြင့် ဆေးဝါးမှီဝဲနေရပြီး ဆေးထိုးခြင်းလည်း မကြာခဏပြုလုပ်နေရသူ တစ်ဦးဖြစ် ကြောင်း ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“သူက လေးဘက်နာရှိတယ်။ အဲ့အတွက်ဆေးထိုးဆေးသောက်ကအမြဲလုပ်နေရတာပေါ့။ ပြီးတော့ ညီမတို့ သိရသလောက် အခုအထဲမှာ ခါးလည်းနာနေတာ ကြားရတယ်။ မိသားစုကတော့ ဆေးတွေပို့ပေးနေရတာပေါ့” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ၅ရက်နေ့ကလည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အတွင်းရေးမှူးဟောင်း တစ်ဦးဖြစ်သူ ကိုစည်သူအောင်တင်ကိုလည်း မြောက်ဥက္ကလာ စစ်တရားရုံးက ပုဒ်မ၁၂၄-(က) နှင့် ၅၀၅(က)တို့ဖြင့် ထောင်ဒဏ်၁၀နှစ် ချမှတ်ခဲ့သေးသည်။
အလားတူ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုမင်းသုခကိုလည်း မြောက် ဥက္ကလာပ စစ်တရားရုံးကပင် ထောင်ဒဏ်၁၀နှစ်စီချမှတ်ခဲ့သည်။
အကြမ်းဖက်စစ်တပ်သည် နိုင်ငံတော်အာဏာ သိမ်းယူပြီးသည့် အချိန်မှစ၍ ကျောင်းသားများ၊ လူငယ်များကို မတရားဖမ်းဆီးနှိပ်စက်ပြီး ပုဒ်မအမျိုးမျိုးဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေသည်။
A Female Third-Year Student Sentenced to 10 Years in Prison by Terrorist Military
By MPA
The North Okkala Military Court of the terrorist military which unjustly took power has sentenced a third year student, Ma Thinzar Zaw, to 10 years in prison using a law about incitement to lose love against the government.
A member of Dagon University Students Union, Ma Thinzar Zaw, has been sentenced to ten years in prison by the terrorist military court of North Okkalapa township on the Penal Code section 124-b(a) on November 8.
In the section 124(a) which Ma Thinzar Zaw was sentenced on, it’s prescribed that if anyone seeks to incite to lose love against or disrespect the government or if any effort to that effect is made, he or she must be given either both fine and life sentence, either fine and penalty less than life sentence, either fine or up to three years in prison, or fine alone.
“She (Ma Thinzar Zaw) was sentenced today. With this, two among six who were arrested have been sentenced to 10 years in prison. For Ko Si Thu Aung Tin, it was ten years for two cases. But she was given a 10-year sentence just for one case”, said an official from Dagon University Students Union.
Ma Thinzar Zaw was arrested on September 14 at a home in Kyauktada township along with her friends.
She is a third-year Chemistry major student at Dagon University. She has arthritis and is relying on medicines and often receives injection as well, said one close to her.
“She’s got arthritis. She always takes medicines and receives injections for it. Plus, as far as we know, she has back pain these days as well. For the family, they have to send her medicines”, she said.
Last October 5 also, a former secretary of Dagon University Students Union, Ko Si Thu Aung Tin, was sentenced to ten years in prison on sections 124(a) and 505(a) by the North Okkala military court.
Similarly, the same North Okkalapa military court sentenced Ko Min Thukha, former chairman of Dagon University Students Union, to ten years in prison.
Since taking the state power, the terrorist military has been unjustly arresting and torturing students and youths giving them long prison sentences on all sorts of sections and they are continuing torturing and killings.