ဒဂုံအရှေ့ပိုင်းမြို့နယ် ၆ရပ်ကွက်တွင်ဆောက်လက်စတိုက်တစ်လုံး ဒီနေ့နံနက်ပိုင်းတွင်ပြိုကျခဲ့ပြီး ကန်ထရိုက်တာအပါအဝင်ေဆာက်လုပ်ရေးလုပ်သား ၂ဦးသေဆုံးခဲ့ပြီး သုံးဦးကိုမြောက်ဥက္ကလာဆေးရုံကြီးသို့ပို့ဆောင်ထားသည်။
“ စုစုပေါင်း၆ဦးတွေ့ပါတယ်။အကုန်လုံးကိုမြောက်ဥက္ကလာဆေးရုံကိုပို့လိုက်ပါပြီ။ သုံးဦးကဆုံးသွားပါတယ်။” ဟုစေတနာရှင်ပရဟိတအသင်းမှတာဝန်ရှိသူကဆိုသည်။
အဆိုပါအဆောက်အဦသည် သုံးထပ်အဆောက်အဦဖြစ်ပြီး ဒီကနေနံနက်၉နာရီခန့်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။
“ အဆောက်အဦကိုကြည့်လိုက်လေ။ အရည်အသွေးမှမပြည့်တာ ကားကြီးတွေဖြတ်တာကြောင့် တုန်ခါမှူကလည်းရှိသေးတယ်။ ပေါ့လို့ဖြစ်တယ်လို့ပြောလို့ရပါတယ်” ဟုဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကဆိုသည်။
တိုက်ပြိုကျမှုအတွက်ရှာဖွေကယ်ဆယ်ရေးများပြုလုပ်ရာတွင်ဒေသခံအများအပြားက လာရောက်ကြည့်ရှုခဲ့ပြီး အကြမးဖက်စစ်တပ်က လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်နေသည်ကိုတွေ့ရသည်။
လက်ရှိအချိန်တွင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံးသွားပြီဖြစ်ပြီး အပျက်အဆီးများကိုဆက်လက်ဖယ်ရှားလျက်ရှိနေသည်။