ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာတွင် အောက်တိုဘာ ၁၁ရက်နေ့ နံနက် ၈နာရီခန့်တွင် NLA နှင့် နယ်မြေကျူးကျော်လာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၅၆ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း KloFM သတင်းများအရသိရသည်။
“သူတို့ မနက် ၅ နာရီလောက်ထဲက ရွာနားကိုရောက်လာတာ။ ဒီဘက်က လုံခြုံရေးတပ်ဖွဲ့က တွေ့ပြီး မနက် ၈ နာရီလောက်မှာ နာရီဝက်လောက် တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က နှစ်ယောက်က စနိုက်ပါထိပြီး ကျသွားတယ်” လို့ နယ်မြေလုံခြုံရေးတပ်ဖွဲ့ထံမှသိရသည်။
အကြမ်းဖက်စစ်အုပ်စုသည် ကေအဲန်ယူ ထိမ်းချုပ်နယ်မြေ ကော့နွဲကျေးရွာမှ မြို့ဟောင်းကျေးရွာသို့ သွားရန် ပြင်ဆင်နေချိန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီက ကော့နွဲကျေးရွာအနီးတစ်ဝှိက်တွင် ၎င်း၏ တပ်ဖွဲ့ဝင်များကိုဖြန့်ချထားသည်။