By Haythar / MPA
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့က ရွာသားသုံးဦးကို ပစ်သတ်ခဲ့ပြီးနောက် သေဆုံးသူသုံးဦးသည် တိုက်ပွဲအတွင်း သေဆုံးသော PNLO တပ်ဖွဲ့ဝင်များ သာဖြစ်ကြောင်း စစ်ကောင်စီတပ်လော်ဘီတယ်လီဂရမ်များတွင် ဇူလိုင် ၉ရက် ည၈နာရီခန့်က လိမ်လည်သတင်းအမှား ဖြန့်ဝေထားသည်။
RFA သတင်းမီဒီယာက ရေးထားသော သတင်းကို Screenshot ရိုက်ကာ “Disinformation” စာသားဖြင့် Photoshop လုပ်၍ “ Fact Check” ” ရွှေနေကြာ” ” 52 News” အမည်ရှိ တယ်လီဂရမ်ချန်နယ်များက သတင်းအမှားဖြန့်ဝေနေခြင်းဖြစ်သည်။
“ PNLO အမာခံ နားခိုက်ရွာအား PNO တပ်ဖွဲများက ဝင်ရောက်စီးနင်းစဉ် PNLO အဖွဲများနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး PNLO ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်စဉ်အား RFA သတင်းမီဒီယာက PNLO အဖွဲဝင်တွေ သေတာကို အမှန်မရေးဘဲ PNO တပ်ဖွဲဝင်များကို အများပြည်သူများ မုန်းတီးစေရန် ရွာသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုပြီး အပုတ်ချကာဗြောင်လိမ်ရေးသားထားခြင်းဖြစ်ပါတယ်” ဟုရေးသား ဖော်ပြထားသည်။
သတင်းအမှားလင်ခ့်များ >>>
https://archive.ph/wip/Y8RQe
https://archive.ph/wip/XNtLb
https://archive.ph/wip/58LQJ
သတင်းအမှားဖြစ်ကြောင်းစိစစ်သက်သေပြချက်
တယ်လီဂရမ်ချန်နယ်များတွင်ပျံ့နှံ့နေသည့် သတင်းအကြောင်းအရာနှင့်ပတ်သက်ပြီး Google တွင် “ ဆီဆိုင်မြို့နယ်” ဆိုသည့် “ keyword” ဖြင့်ရှာဖွေကြည့်ရာ “ Tarchileik News Agency ” “မဲခေါင်သတင်း” နှင့် Shan News မီဒီယာတို့တွင် သတင်းရေးသားဖော်ပြထားသည်။
Tarchileik News Agency တွင် ” စစ်ကောင်စီတပ်က တော်လှန်ရေးကို အားပေးသူများဟုစွပ်စွဲကာ ဒေသခံ (၅)ဦးကိုဖမ်းဆီးပြီးနောက်နားခိုက်ဒေသခံ ခွန်တမျို့၊ ခွန်ခင်နှင့် နောက်ထပ်အမည် အတည်မပြုနိုင် သေးသည့် ဒေသခံတစ်ဦး စုစုပေါင်း (၃)ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်ပြီဖြစ်ကြောင်း သိရ သည်။” ဟု ရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံလင့်ခ် >>> https://shorturl.at/rsZfm
မဲခေါင်သတင်းတွင် “ အသတ်ခံရသူတွေက နားခိုက်ရွာသား ပအိုဝ်းလူမျိုးတွေသာဖြစ်ပါတယ်၊ အပြစ်မဲ့ ပြည်သူကို သတ်ပြီး PDF တွေကိုသတ်ဖြတ်နိုင်တယ်လို့၀ါဒဖြန့်လိမ်လည်နေတာပါ” လို့ PNLO စစ်ရေး ဆိုင်ရာ ပြောခွင့်ရှိသူ ခွန်ရိန်းယံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။” ဟု ရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံလင့်ခ် >>> https://shorturl.at/bTt1R
SHAN News မီဒီယာတွင် “ နားခိုက်ရွာသားသုံးဦးကို တော်လှန်ရေးအဖွဲ့နှင့်ပက်သက်သည်ဟု ပအိုဝ်းပြည်သူ့စစ်က စွပ်စွဲဖမ်းဆီးပြီးနောက် ပစ်သတ်သွားခဲ့ကြောင်း သတင်းရရှိသည်” ဟု ရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံလင့်ခ် >>> https://shorturl.at/7TuCX
သတင်းအချက်လက်များကို အဆင့်ဆင့်အတည်ပြုစိစစ်ရေးသားနေသည့် သတင်းဌာနများတွင် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ် PNOက ပစ်သတ်ခဲ့သူ သုံးဦးသည် ဒေသခံရွာသား များဖြစ်ကြောင်းဖော်ပြထားကြသည်။
တယ်လီဂရမ်ချန်နယ်များတွင်ပျံ့နှံ့နေသည့် PNLO တပ်ဖွဲ့ရွာဆိုသည်မှာ မှန်ကန်မှုမရှိဘဲ နားခိုက်ရွာသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်၏ ဇာတိကျေးရွာဖြစ်ကြောင်း သတင်းဌာနများက ရေးထားသည်။
နားခိုက်ကျေးရွာ၌ ဇူလိုင် ၆ရက် နံနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များက လက်နက်ကြီးလက်နက်ငယ်များပစ်ခတ်ဝင်ရောက်ပြီးနောက် ရွာသားငါး ဦးကိုဖမ်းဆီးကာ သုံးဦးကိုပစ်သတ်ခဲ့ခြင်းဖြစ်သည်။
သတင်းအမှားအကြောင်းအရာများရေးသားဖော်ပြနေသည့် တယ်လီဂရန်ချန်နယ်များကို စိစစ်ကြည့်ရာ စစ်ကောင်စီတပ်လော်ဘီချန်နယ်များဖြစ်ကြောင်းနှင့် လူအများနားလည်မှုလွဲစေနိုင်သည့်သတင်းအကြောင်းအရာများအား ဖော်ပြလေ့ရှိကြောင်းတွေ့ရှိရသည်။

